Saturday, April 12, 2025

မင်္ဂလာတောင်ညွှန့်နှင့် ရန်ကင်းမြို့နယ်တို့တွင် သစ်ပင်များလဲကျ

ရန်ကုန်တိုင်းအတွင်း၌ ယနေ့ ဧပြီ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ၁၀၅...

နေပြည်တော်လမ်းလျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ် ကျင်းပမည်

မနက်ဖြန် ဧပြီ (၁၃) ရက်တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ကျင်းပမည့် လမ်း လျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ်သာကျင်းပသွားမည်ဖြစ်ပြီး ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှုတို့ကို ပြန်ကြားရေးဝန် ကြီးဌာန၊...

မယ်ဆိုင်ချောင်းရေ ညစ်ညမ်းစံချိန်ထက် မြင့်တက်နေ၍ ရေကစားခြင်း...

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမှာ ညစ်ညမ်းစံချိန်သတ်မှတ်နှုန်းထက် မြင့်တက်နေ၍ အဆိုပါ ချောင်းရေအသုံးပြု၍ ရေကစားခြင်း မပြုလုပ်ကြရန် မယ်ဆိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးက ဧပြီ(၉)ရက်ရက်စွဲဖြင့် မေတ္တာရပ်ခံထားသည်။ မယ်ဆိုင်ချောင်းအတွင်းရှိ ရေနမူနာကို...

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ...
HomeNewsLocal Newsဧပြီ (၂)ရက်မှ ဧပြီ...

ဧပြီ (၂)ရက်မှ ဧပြီ (၁၁) ရက်အတွင်း တိုင်းနှင့် ပြည်နယ်အနှံ့ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး မိုးလေဝသဖြစ်စဉ်များကို ကြိုတင်သတိပြုနေထိုင်ရန် မိုး/ဇလ သတိပေး

ဧပြီ (၂)ရက်မှ ဧပြီ (၁၁) ရက်အတွင်း တိုင်းနှင့် ပြည်နယ်အနှံ့ အချိန်အခါမဟုတ် မိုးရွာနိုင်မည်ဖြစ်ပြီး မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် အမှတ်စဉ် (၈/၂၀၂၅) အစီရင်ခံတင်ပြအကြံပြုလိုက်ကြောင်း သိရသည်။

ဧပြီ (၂) ရက်၊ ည (၆)နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှု၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာနိုင်မည်ဟု မိုး/ဇလက ထုတ်ပြန်သည်။

မိုးရွာသွန်းနိုင်မည့် အခြေအနေတို့မှာ ဧပြီ (၂) ရက်၊ ညနေမှ ဧပြီ (၅)ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် ဧပြီ (၆)ရက်မှ ဧပြီ (၁၁)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။

အဆိုပါ အခြေအနေတို့အား အကြံပြုပေးချက်အရ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်္ဂလာတောင်ညွှန့်နှင့် ရန်ကင်းမြို့နယ်တို့တွင် သစ်ပင်များလဲကျ

ရန်ကုန်တိုင်းအတွင်း၌ ယနေ့ ဧပြီ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ၁၀၅ လမ်း၊ မီးရထားဝင်းအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညနေ ၅ နာရီ ၁၇ မိနစ်ခန့်က သစ်ပင်လဲကျခဲ့သဖြင့် မင်္ဂလာတောင်ညွှန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ညနေ ၅ နာရီ ၇ မိနစ်ခန့်ကလည်း ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်လမ်းသစ်လမ်း၊ စံပြရန်ကင်းဈေးအနောက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပျော့ကာအမြစ်လှန်ပြီး သစ်ပင်လဲကျခဲ့သဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်...

နေပြည်တော်လမ်းလျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ် ကျင်းပမည်

မနက်ဖြန် ဧပြီ (၁၃) ရက်တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ကျင်းပမည့် လမ်း လျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ်သာကျင်းပသွားမည်ဖြစ်ပြီး ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှုတို့ကို ပြန်ကြားရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ ဧပြီ ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နေပြည်တော်လမ်းလျှောက်သင်္ကြန်၏ ရေအေးသင်္ကြန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင် ရွက်နေမှုကိုဂုဏ်ပြုသည့်အနေဖြင့် သနပ်ခါးလိမ်းသည့်သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း...

မယ်ဆိုင်ချောင်းရေ ညစ်ညမ်းစံချိန်ထက် မြင့်တက်နေ၍ ရေကစားခြင်း ရှောင်ကြရန် မေတ္တာရပ်ခံထား

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမှာ ညစ်ညမ်းစံချိန်သတ်မှတ်နှုန်းထက် မြင့်တက်နေ၍ အဆိုပါ ချောင်းရေအသုံးပြု၍ ရေကစားခြင်း မပြုလုပ်ကြရန် မယ်ဆိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးက ဧပြီ(၉)ရက်ရက်စွဲဖြင့် မေတ္တာရပ်ခံထားသည်။ မယ်ဆိုင်ချောင်းအတွင်းရှိ ရေနမူနာကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်ခရိုင်၊ ပြည်သူ့ကျန်းမာရေးရုံးက စစ်ဆေးရာတွင် ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ချင်းမိုင်ခရိုင် ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးရုံးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးရုံးသို့ ထပ်မံစစ်ဆေးရန် ပေးပို့ထားသည့်အတွက် စစ်ဆေးနေစဉ်အတွင်း ချောင်းရေ အသုံးပြု၍ ရေကစားခြင်းအားရှောင်ကြပါရန် မေတ္တာရပ်ခံထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နှစ်နိုင်ငံ ပြည်သူများအနေဖြင့် မယ်ဆိုင်ချောင်းရေအား စားသောက်ကုန်များ ဆေးကြောခြင်း၊ သောက်ရေ/သုံးရေအဖြစ် အသုံးခြင်းများ မပြုလုပ်ကြရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071