Saturday, April 12, 2025

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ...

မြန်မာ့ငလျင်အတွက် ကုလကဒေါ်လာ(၂၇၅) သန်း အကူအညီတောင်းခံပြီ

ကုလသမဂ္ဂ၊ဧပြီ ၁၁ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၇၅) သန်းအကူအညီတောင်းခံမှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရန်ပုံငွေသည် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည့် လူပေါင်း ၁...

မဟာမုနိဘုရားကြီး၏ မကိုဋ်တော်အားပြန်လည်တည့်မတ်ပြီးစီး

မန္တလေးငလျင်ကြီးလှုပ်ခတ်ချိန်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမုနိဘုရားကြီး၏ မ ကိုဋ်တော်မှာတိမ်းစောင်းသွားခဲ့သဖြင့် ပြန်လည်တည့်မတ်နိုင်ရန် ပညာရှင်များကဆောင်ရွက်ခဲ့ကြ၍ ယနေ့ ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)တွင် မကိုဋ်တော်အားပြည်လည်တည့်မတ်ပြီးခဲ့သည်ကို...

ပါကစ္စတန်တွင် ပြင်းအား (၅) အဆင့်ရှိ...

ပါကစ္စတန်နိုင်ငံတွင် စနေနေ့က ပြင်းအား ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ဥရောပ မြေထဲပင်လယ် ငလျင်စင်တာ(EMSC) က ပြောကြားခဲ့သည်။ ငလျင်သည် အနက်...
HomeNewsLocal Newsသီရိလင်္ကာအစိုးရနှင့် ပြည်သူများမှ ကန်ဒေါ်လာ...

သီရိလင်္ကာအစိုးရနှင့် ပြည်သူများမှ ကန်ဒေါ်လာ (၁)သန်း လှူဒါန်းပြီး ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကို ဆေးဝါးပစ္စည်းများနှင့် အတူစေလွှတ်မည်

ငလျင်ဒဏ် ခံစားခဲ့ရသည့် မြန်မာပြည်သူများအား သီရိလင်္ကာအစိုးရနှင့် ပြည်သူများမှ အမေရိကန်ဒေါ်လာ (၁)သန်း လှူဒါန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကို ဆေးဝါးပစ္စည်းများ နှင့်အတူ စေလွှတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

(၆)ကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ် သမ္မတနိုင်ငံ နိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာအာရွန်ဟီမချန်ဒရာတို့ ဧပြီ (၂) ရက်က တွေ့ဆုံစဉ်ဆွေးနွေးပြောကြားခဲ့ကြခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မတ်လ (၂၈)ရက်က ပျက်စီးဆုံးရှုံးမှု ကြီးမားသည့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် မြန်မာအစိုးရ၏ ကယ်တင်ရေးနှင့် ကယ်ဆယ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံနှင့် အခြားနိုင်ငံများမှ လူသားချင်းစာနာ ထောက်ထားရေးအကူအညီ၊ ဆေးအဖွဲ့နှင့် ကယ်တင်ရေးအဖွဲ့များ မြန်မာနိုင်ငံသို့ ပေးပို့စေလွှတ်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။

မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာရေးနှင့် စပ်လျဉ်း၍ နှစ်ဖက်လုံးက ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ မြှင့်တင်ရန် ရည်ရွယ်ကာ မလေးရှားနိုင်ငံတွင် သောကြာနေ့တွင် တက်ရောက်ခဲ့ကြသည်။ "အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်း" ခေါင်းစဉ်ဖြင့် တက်ရောက်လာသူများက တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု ရရှိခဲ့သော လုပ်ဆောင်မှုအကြောင်းအရာများကို ပြောကြားရေးကို ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းခဲ့ကြသည်။ မလေးရှား နိုင်ငံဒုတိယဝန်ကြီးချုပ် ဖာဒီလာ ယူဆုဖ်က ၎င်း၏အဖွင့်မိန့်ခွန်းတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွားရေး ရုန်းပြန်ထနိုင်စွမ်းကို အထောက်အကူ...

မြန်မာ့ငလျင်အတွက် ကုလကဒေါ်လာ(၂၇၅) သန်း အကူအညီတောင်းခံပြီ

ကုလသမဂ္ဂ၊ဧပြီ ၁၁ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၇၅) သန်းအကူအညီတောင်းခံမှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရန်ပုံငွေသည် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည့် လူပေါင်း ၁ ဒသမ ၁ သန်းထံရောက်ရှိစေမည့် ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်အတွက် အစီအစဉ်တစ်ခုဖြစ်ကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်ကပြောကြားခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် ဆေးဝါးကုသရေး၊ အမိုးအကာ၊ ရေနှင့်စားနပ်ရိက္ခာများပါဝင်သည့် အကူအညီများ အလျင်အမြန်ရရှိရန်လည်း အင်တိုက်အားတိုက်လှုံ့ဆော်ပေးနေကြောင်းလည်း ၄င်းက‌ပြောကြားခဲ့သည်။ မြေပြင်ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းလာစေရန်အတွက်လည်း ကုလ၏ဗဟိုအရေးအပေါ်အခြေအနေတုန့်ပြန်ရေးရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၅) သန်းကိုလည်း ကနဦးထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ မတ်လ...

မဟာမုနိဘုရားကြီး၏ မကိုဋ်တော်အားပြန်လည်တည့်မတ်ပြီးစီး

မန္တလေးငလျင်ကြီးလှုပ်ခတ်ချိန်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမုနိဘုရားကြီး၏ မ ကိုဋ်တော်မှာတိမ်းစောင်းသွားခဲ့သဖြင့် ပြန်လည်တည့်မတ်နိုင်ရန် ပညာရှင်များကဆောင်ရွက်ခဲ့ကြ၍ ယနေ့ ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)တွင် မကိုဋ်တော်အားပြည်လည်တည့်မတ်ပြီးခဲ့သည်ကို ဖူးမြှော်ကြည်ညိုနိုင်ကြစေရန်ရည်သန်၍ ဖော်ပြလိုက်ရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071