Sunday, December 14, 2025

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊"...

အိန္ဒိယက တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် ဗီဇာကို ဖြေလျှော့ပေး

         အိန္ဒိယသည် တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းဗီဇာကိုမြန်ဆန် စွာရရှိစေရန် ကြိုးနီစနစ်များကို ဖြေလျှော့ပေးခဲ့ကြောင်း အရာရှိနှစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ ဆောင်ရွက်ချက်သည် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်ရန်နှင့်...

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်ကိုဖိတ်ခေါ်

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ကောင်းမွန်သောအနာဂတ်ကို ဦးတည်သွားနေသည့်ကာလဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုပြုရန် အကောင်းဆုံးအချိန်ဖြစ်ဟုဆို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်အများအပြားရှိသည့်အတွက် လာရောက်ရင်းနှီးမှုပြုလုပ်ရန် တရုတ်နိုင်ငံကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက...

မိမိနှစ်သက်ရာ အဖွဲ့အစည်းအား ဆန္ဒပြုမဲပေးခြင်းဖြင့် နိုင်ငံသားတာဝန်ထမ်းဆောင်ပေးကြရန်...

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး ပြည်သူလူထုလှုံ့ဆော်ရေး Campaignကို ဒီဇင်ဘာ ၁၃...
HomeInternationalယွန်းအမှုစီရင်ချက်ချအပြီးအကြမ်းဖက်မှုကိုထိန်းချုပ်ရန်ဆိုးလ်အသင့်ပြင်

ယွန်းအမှုစီရင်ချက်ချအပြီးအကြမ်းဖက်မှုကိုထိန်းချုပ်ရန်ဆိုးလ်အသင့်ပြင်

စွပ်စွဲပြစ်တင်ခံ သမ္မတယွန်းဆွတ်ယိုးလ်၏ အမှုကို ဧပြီလ ၄ ရက်‌‌နေ့၌ တရားရုံးက စီရင်ချက်ချမှတ်ချိန်တွင် အကြမ်းဖက်မှုများ ဖြစ်မလာစေရေးအတွက် တောင်ကိုရီးယားရဲတပ်ဖွဲ့က ရနိုင်သမျှ အရင်းအမြစ်အားလုံးကို စုစည်းသွားမည်ဖြစ်ကာ ထိပ်တန်းခရီးသွားနေရာများကို ပိတ်ထားလိုက်ပြီး သံရုံးများကလည်း ယင်းကိစ္စနှင့် ကင်းကင်းရှင်းရှင်းနေရန် ၎င်းတို့၏ နိုင်ငံသားများကို သတိပေးထားသည်။

လွတ်တော်အမတ်များက ရာထူးဆိုင်းငံ့ထားရန် ဆုံးဖြတ်ထားပြီး ဆူပူအုံကြွမှုစွဲချက်များဖြင့် ဖမ်းဆီးခံထားရသော ယွန်းသည် ၎င်း၏ မအောင်မြင်သော စစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကသူ့ကို ရာထူးမှ ဖယ်ရှားမည်၊ မဖယ်ရှားဘူးဆိုသည်ကို စီရင်ချက်ချတော့မည်ဖြစ်သည်။

ပဋိပက္ခများ ဖြစ်လာနိုင်ခြေကို တားဆီးရန်အတွက် ရဲတပ်ဖွဲ့က ဧပြီလ ၁ ရက်‌နေ့တွင် လမ်းများကို ပိတ်ထားလိုက်သည့်တိုင် ဆိုးလ်မြို့လယ်ရှိ တရားရုံးအနီး ဧရိယာတွင်ဆန္ဒပြပွဲများသည် အဆက်မပြတ်ဖြစ်ပေါ်နေကာ တရားရုံးသည် အဓိက ပစ်မှတ်ဖြစ်လာခဲ့သည်။

“အခြေအနေက အရင်ကထက် ပိုဆိုးလာတယ်” ဟု ကိုရီးယား နိုင်ငံတော်ရဲဌာနအကြီးအကဲ လီဟိုယန်းက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။

မစ္စတာ ယွန်းကို ဆန့်ကျင်သူ ထောင်ပေါင်းများစွာသည် သီတင်းပတ်ကုန်တိုင်းတွင် ဆိုးလ်မြို့ လမ်းများပေါ်ထွက်လာကာ လမ်းတစ်ဖက်တစ်ချက်စီတွင် ယာယီတဲစခန်းများဖွင့်ကာ ညလုံးပေါက် ဆန္ဒပြမှုများ ပြုလုပ်ကြသည်။

မည်သို့ စီရင်ချက်ချသည်ဖြစ်စေ လူအချို့သည် ဆူပူအကြမ်းဖက် ဆန္ဒပြမှုများတွင် ပါဝင်လာနိုင်သည်ဟု မစ္စတာလီက ထိပ်တန်းရဲအရာရှိများ၏ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဇန်နဝါရီလအတွင်းက ရာထူးဆိုင်းငံ့ထားသော သမ္မတ၏ ထိန်းသိမ်းကာလကို သက်တမ်းတိုးရန် တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီးနောက် မစ္စတာယွန်းကို ထောက်ခံသူများသည် တရားရုံးအဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ကြသည်။ နောက်ပိုင်းတွင် လုပ်ထုံးလုပ်နည်းအရ မစ္စတာယွန်းကို အချုပ်အနှောင်မှ လွှတ်ပေးခဲ့သည်။

“ရဲတပ်ဖွဲ့ဟာ ပြည်သူတွေ ဘေးကင်းစေဖို့နဲ့ ပြင်းထန်တဲ့ လူမှုရေးပဋိပက္ခတွေ ပေါ်ပေါက်မလာအောင် အခြေအနေကို တားဆီးဖို့အတွက် ရနိုင်တဲ့အရင်းအမြစ်အားလုံးကို စုစည်းသွားပါမယ်” ဟု မစ္စတာလီက ပြောဆိုသည်။

ဆိုးလ်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော်ကိုတာဝန် ချထားမည်ဖြစ်ကြောင်း သိရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့ စုဝေးရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊" "ထရမ့်ကို စွပ်စွဲပြစ်တင်ပါ၊" "ထရမ့်ကို ရပ်တန့်ပါ" စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြသည်။ မိန့်ခွန်းပြောကြားသူများက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ခြင်းကို ဝေဖန်ခဲ့ကြသည်။ ဆန္ဒပြသူများသည် လက်ရှိ ဝါရှင်တန်အစိုးရအား "ဖက်ဆစ်" ဟု ခေါ်ဝေါ်ကာ "ထရမ့် ထွက်သွားရမည်" ဟူ၍ ကြွေးကြော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို စစ်ဆန့်ကျင်ရေး၊ လက်ဝဲယိမ်းနှင့် ရွှေ့ပြောင်းနေထိုင်သူများကို...

အိန္ဒိယက တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် ဗီဇာကို ဖြေလျှော့ပေး

         အိန္ဒိယသည် တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းဗီဇာကိုမြန်ဆန် စွာရရှိစေရန် ကြိုးနီစနစ်များကို ဖြေလျှော့ပေးခဲ့ကြောင်း အရာရှိနှစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ ဆောင်ရွက်ချက်သည် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ကျွမ်းကျင်ပညာရှင်ရှားပါးမှုကြောင့် ဒေါ်လာကို ဘီလျံ နှင့်ချီ ၍ကုန်ကျစေသည့် ကာလရှည်ကြာစွာ ကတည်းက ဖြစ်နေခဲ့သော နှောင့်နှေးကြန့်ကြာမှုကို အဆုံးသတ်ရန် အဓိကခြေလှမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။        ဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် အမေရိက၏ အခွန်စည်းကြပ်ခြင်းပြစ်ဒဏ်နှင့် ရင်ဆိုင်နေရပြီး ပေကျင်းနှင့် ဆက်ဆံရေးကို ချိန်ချိန်ဆဆဖြင့်စတင်နေချိန်တွင် နူးဒေလီက ဗျူရိုကရေစီ ယန္တရားကို ဖြေလျှော့ကာ ဗီဇာခွင့်ပြုချက်ပေးချိန်ကို တစ်လအောက်အထိ လျှော့ချပေးခဲ့ကြောင်း...

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်ကိုဖိတ်ခေါ်

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ကောင်းမွန်သောအနာဂတ်ကို ဦးတည်သွားနေသည့်ကာလဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုပြုရန် အကောင်းဆုံးအချိန်ဖြစ်ဟုဆို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်အများအပြားရှိသည့်အတွက် လာရောက်ရင်းနှီးမှုပြုလုပ်ရန် တရုတ်နိုင်ငံကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ဖိတ်ခေါ်ခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက်က ပေကျင်းမြို့တွင် ကျင်းပသည့် မြန်မာ-တရုတ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ မိန့်ခွန်းပြောကြားစဉ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်အများအပြားရှိပြီး ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများ၊ လျှပ်စစ်လုပ်ငန်းများ၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများနှင့် အဆင့်မြင့်နည်းပညာသုံးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ ကျောက်မျက်လုပ်ငန်းများ စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။ တရုတ်နိုင်ငံသည်  မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလျက်ရှိသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071