Saturday, April 12, 2025

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ...

မြန်မာ့ငလျင်အတွက် ကုလကဒေါ်လာ(၂၇၅) သန်း အကူအညီတောင်းခံပြီ

ကုလသမဂ္ဂ၊ဧပြီ ၁၁ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၇၅) သန်းအကူအညီတောင်းခံမှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရန်ပုံငွေသည် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည့် လူပေါင်း ၁...

မဟာမုနိဘုရားကြီး၏ မကိုဋ်တော်အားပြန်လည်တည့်မတ်ပြီးစီး

မန္တလေးငလျင်ကြီးလှုပ်ခတ်ချိန်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမုနိဘုရားကြီး၏ မ ကိုဋ်တော်မှာတိမ်းစောင်းသွားခဲ့သဖြင့် ပြန်လည်တည့်မတ်နိုင်ရန် ပညာရှင်များကဆောင်ရွက်ခဲ့ကြ၍ ယနေ့ ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)တွင် မကိုဋ်တော်အားပြည်လည်တည့်မတ်ပြီးခဲ့သည်ကို...

ပါကစ္စတန်တွင် ပြင်းအား (၅) အဆင့်ရှိ...

ပါကစ္စတန်နိုင်ငံတွင် စနေနေ့က ပြင်းအား ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ဥရောပ မြေထဲပင်လယ် ငလျင်စင်တာ(EMSC) က ပြောကြားခဲ့သည်။ ငလျင်သည် အနက်...
HomeInternationalဘင်းမ်စတက် အစည်းအဝေးတက်ရောက်ရန် ဘင်္ဂလားဒေ့ရှ်...

ဘင်းမ်စတက် အစည်းအဝေးတက်ရောက်ရန် ဘင်္ဂလားဒေ့ရှ် CA ရောက်ရှိ

ဧပြီ  ၃

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ်(CA)ပါမောက္ခ မူဟာမက် ယူနွတ်စ်သည် ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ကြာသပတေးနေ့တွင် ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။

အကြံပေးအရာရှိချုပ်နှင့် ၎င်း၏အဖွဲ့ဝင်များကို တင်ဆောင်လာသည့် Biman Bangladesh လေကြောင်းလိုင်း၏ လေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခန့်တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း CA ၏ လက်ထောက်ပြန်ကြား‌ရေးအတွင်းဝန်အဘူလ်ခလမ်အဇက်ဒ်မာဂျူဒါ က ပြောကြားခဲ့သည်။

ရောက်ရှိချိန်တွင် ထိုင်းဝန်ကြီး ဂျီရာပွန်း ရှင်းဒူပါရိုင်း သည် ဘင်္ဂလားဒေ့ရှ် အကြံပေးအရာရှိချုပ်ကို လေဆိပ်၌ ကြိုဆိုလက်ခံခဲ့သည်။

၎င်း၏ ဘန်ကောက်ခရီးစဉ်အတွင်း ပါမောက္ခ ယူနွတ်စ်သည် ဘင်းမစတက် ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောမည် ဖြစ်သည်။

BIMSTEC အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များနှင့်လည်း နှစ်ဖက်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်သည်။
ပရော်ဖက်ဆာ ယူနွတ်စ်သည် သောကြာနေ့တွင် ထိပ်သီးစည်းဝေးပွဲ၏ ပြီးသည့်နောက်တွင် အိန္ဒိယ၀န်ကြီးချုပ် နန်ဒရာမိုဒီ နှင့်လည်း နှစ်နိုင်ငံ သီးခြားတွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

၎င်းသည် ထိပ်သီးအစည်းအဝေးအတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားနှစ်ခုကိုလည်း တက်ရောက်မည်ဖြစ်သည်။

BIMSTEC ဥက္ကဋ္ဌတာဝန်ကို ဘင်္ဂလားဒေ့ရှ် အကြံပေးအရာရှိချုပ်ထံ မနက်ဖြန်တွင် တရားဝင်လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ သောကြာညတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိနိုင်သည်။

BIMSTEC ထိပ်သီးအစည်းအဝေးကို ဧပြီလ (၂) ရက်မှ (၄) ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိကမဏ္ဍိုင် ခုနစ်ရပ်ဖြစ်သည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၊ လုံခြုံရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ လူမှလူများ ဆက်သွယ်ခြင်း၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု နှင့် ချိတ်ဆက်မှု နယ်ပယ်များကို ဦးစားပေးဆွေးနွေးမည်ဖြစ်သည်။

Ref: နယူးအေ့ဂျ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ မြှင့်တင်ရန် ရည်ရွယ်ကာ မလေးရှားနိုင်ငံတွင် သောကြာနေ့တွင် တက်ရောက်ခဲ့ကြသည်။ "အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်း" ခေါင်းစဉ်ဖြင့် တက်ရောက်လာသူများက တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု ရရှိခဲ့သော လုပ်ဆောင်မှုအကြောင်းအရာများကို ပြောကြားရေးကို ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းခဲ့ကြသည်။ မလေးရှား နိုင်ငံဒုတိယဝန်ကြီးချုပ် ဖာဒီလာ ယူဆုဖ်က ၎င်း၏အဖွင့်မိန့်ခွန်းတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွားရေး ရုန်းပြန်ထနိုင်စွမ်းကို အထောက်အကူ...

မြန်မာ့ငလျင်အတွက် ကုလကဒေါ်လာ(၂၇၅) သန်း အကူအညီတောင်းခံပြီ

ကုလသမဂ္ဂ၊ဧပြီ ၁၁ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၇၅) သန်းအကူအညီတောင်းခံမှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရန်ပုံငွေသည် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည့် လူပေါင်း ၁ ဒသမ ၁ သန်းထံရောက်ရှိစေမည့် ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်အတွက် အစီအစဉ်တစ်ခုဖြစ်ကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်ကပြောကြားခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် ဆေးဝါးကုသရေး၊ အမိုးအကာ၊ ရေနှင့်စားနပ်ရိက္ခာများပါဝင်သည့် အကူအညီများ အလျင်အမြန်ရရှိရန်လည်း အင်တိုက်အားတိုက်လှုံ့ဆော်ပေးနေကြောင်းလည်း ၄င်းက‌ပြောကြားခဲ့သည်။ မြေပြင်ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းလာစေရန်အတွက်လည်း ကုလ၏ဗဟိုအရေးအပေါ်အခြေအနေတုန့်ပြန်ရေးရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၅) သန်းကိုလည်း ကနဦးထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ မတ်လ...

မဟာမုနိဘုရားကြီး၏ မကိုဋ်တော်အားပြန်လည်တည့်မတ်ပြီးစီး

မန္တလေးငလျင်ကြီးလှုပ်ခတ်ချိန်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမုနိဘုရားကြီး၏ မ ကိုဋ်တော်မှာတိမ်းစောင်းသွားခဲ့သဖြင့် ပြန်လည်တည့်မတ်နိုင်ရန် ပညာရှင်များကဆောင်ရွက်ခဲ့ကြ၍ ယနေ့ ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)တွင် မကိုဋ်တော်အားပြည်လည်တည့်မတ်ပြီးခဲ့သည်ကို ဖူးမြှော်ကြည်ညိုနိုင်ကြစေရန်ရည်သန်၍ ဖော်ပြလိုက်ရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071