Saturday, April 12, 2025

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ...

မြန်မာ့ငလျင်အတွက် ကုလကဒေါ်လာ(၂၇၅) သန်း အကူအညီတောင်းခံပြီ

ကုလသမဂ္ဂ၊ဧပြီ ၁၁ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၇၅) သန်းအကူအညီတောင်းခံမှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရန်ပုံငွေသည် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည့် လူပေါင်း ၁...

မဟာမုနိဘုရားကြီး၏ မကိုဋ်တော်အားပြန်လည်တည့်မတ်ပြီးစီး

မန္တလေးငလျင်ကြီးလှုပ်ခတ်ချိန်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမုနိဘုရားကြီး၏ မ ကိုဋ်တော်မှာတိမ်းစောင်းသွားခဲ့သဖြင့် ပြန်လည်တည့်မတ်နိုင်ရန် ပညာရှင်များကဆောင်ရွက်ခဲ့ကြ၍ ယနေ့ ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)တွင် မကိုဋ်တော်အားပြည်လည်တည့်မတ်ပြီးခဲ့သည်ကို...

ပါကစ္စတန်တွင် ပြင်းအား (၅) အဆင့်ရှိ...

ပါကစ္စတန်နိုင်ငံတွင် စနေနေ့က ပြင်းအား ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ဥရောပ မြေထဲပင်လယ် ငလျင်စင်တာ(EMSC) က ပြောကြားခဲ့သည်။ ငလျင်သည် အနက်...
HomeNewsLocal Newsငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှအတွေ့အကြုံများအား ပြန်လည်မျှဝေပေးစေလိုဟုနီပေါဝန်ကြီးချုပ်အားနစက...

ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှအတွေ့အကြုံများအား ပြန်လည်မျှဝေပေးစေလိုဟုနီပေါဝန်ကြီးချုပ်အားနစက ဥက္ကဋ္ဌပြော

ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်အတွေ့အကြုံရှိပြီးဖြစ်သည့် နီပေါနိုင်ငံအနေဖြင့် ယင်း အတွေ့အကြုံများကိုပြန်လည်မျှဝေပေးစေလိုသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli နှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

BIMSTEC အစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် ၎င်းတို့နှစ်ဦးသည် ယနေ့ ဧပြီ ၃ ရက်ညနေပိုင်းက ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌တွေ့ဆုံခဲ့ကြခြင်းဖြစ် သည်။

တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်ကြောင့် ထိ ခိုက်ပျက်စီးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နီပေါနိုင်ငံအနေဖြင့် အတွေ့အကြုံရှိပြီးဖြစ်ရာ မိမိတို့ကိုလည်း အဆိုပါအတွေ့အကြုံများကိုမျှဝေပေးသွားစေလိုပြီး ၂၀၁၅ ခုနှစ်က နီပေါနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့စဉ် မိမိတို့မြန်မာ့တပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ကူညီပေးခဲ့သကဲ့သို့ ယခုမိမိတို့နိုင်ငံ၌ ငလျင်ဘေးဒဏ်ကျရောက်ချိန်၌ လည်း နီပေါနိုင်ငံအနေဖြင့် အချိန်နှင့်တစ်ပြေးညီကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်သည်ဟု ပြောသည်။

ထို့ပြင် မိမိတို့နှစ်နိုင်ငံသည် ရှေးယခင်ကပင် ချစ် ကြည်ရင်းနှီးသည့်နိုင်ငံများဖြစ်ပြီး မိမိတို့နိုင်ငံတပ် မတော်၌ နီပေါနွယ်ဖွား ဂေါ်ရခါးလူမျိုးများတာဝန်ထမ်းဆောင်လျက်ရှိကာ မြန်မာနိုင်ငံတွင် နီပေါလူ မျိုးအများအပြားနေထိုင်လျက်ရှိပြီး ရှေးယခင်ကပင် မြန်မာလူမျိုးများနှင့် ချစ်ကြည်ရင်းနှီးစွာပူး ပေါင်းနေထိုင်ခဲ့ကြပြီး နှစ်နိုင်ငံအလှမ်းကွာဝေးသော်လည်း ချစ်ကြည်ရင်းနှီးမှုရှိသည့် နိုင်ငံများဖြစ်၍ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားလိုသည်ဟု ပြောကြားခဲ့သည်။

ထို့အတူ နီပေါနိုင်ငံဝန်ကြီးချုပ်မှလည်း မြန်မာနိုင်ငံတွင် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မိမိနှင့်အတူ နီပေါပြည်သူများက မြန်မာပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရပြီး နီပေါနိုင်ငံအနေဖြင့်လည်း ဆေးကုသရေးအဖွဲ့များအပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့များကိုစေလွှတ်ထားပြီးဖြစ်ကာ နီပေါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ချစ်ကြည်ရင်းနှီးသည့်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် မြန်မာ-နီပေါနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်ဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် အ ခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ယခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင် ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ နိုင်ငံနှင့် နီပေါနိုင်ငံတို့သည် နိုင်ငံတကာမျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကောင်းမွန်လျက်ရှိမှု၊ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်အ စည်းအဝေးမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအချင်း ချင်းပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ မြှင့်တင်ရန် ရည်ရွယ်ကာ မလေးရှားနိုင်ငံတွင် သောကြာနေ့တွင် တက်ရောက်ခဲ့ကြသည်။ "အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်း" ခေါင်းစဉ်ဖြင့် တက်ရောက်လာသူများက တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု ရရှိခဲ့သော လုပ်ဆောင်မှုအကြောင်းအရာများကို ပြောကြားရေးကို ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းခဲ့ကြသည်။ မလေးရှား နိုင်ငံဒုတိယဝန်ကြီးချုပ် ဖာဒီလာ ယူဆုဖ်က ၎င်း၏အဖွင့်မိန့်ခွန်းတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွားရေး ရုန်းပြန်ထနိုင်စွမ်းကို အထောက်အကူ...

မြန်မာ့ငလျင်အတွက် ကုလကဒေါ်လာ(၂၇၅) သန်း အကူအညီတောင်းခံပြီ

ကုလသမဂ္ဂ၊ဧပြီ ၁၁ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၇၅) သန်းအကူအညီတောင်းခံမှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရန်ပုံငွေသည် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည့် လူပေါင်း ၁ ဒသမ ၁ သန်းထံရောက်ရှိစေမည့် ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်အတွက် အစီအစဉ်တစ်ခုဖြစ်ကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်ကပြောကြားခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် ဆေးဝါးကုသရေး၊ အမိုးအကာ၊ ရေနှင့်စားနပ်ရိက္ခာများပါဝင်သည့် အကူအညီများ အလျင်အမြန်ရရှိရန်လည်း အင်တိုက်အားတိုက်လှုံ့ဆော်ပေးနေကြောင်းလည်း ၄င်းက‌ပြောကြားခဲ့သည်။ မြေပြင်ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းလာစေရန်အတွက်လည်း ကုလ၏ဗဟိုအရေးအပေါ်အခြေအနေတုန့်ပြန်ရေးရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၅) သန်းကိုလည်း ကနဦးထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ မတ်လ...

မဟာမုနိဘုရားကြီး၏ မကိုဋ်တော်အားပြန်လည်တည့်မတ်ပြီးစီး

မန္တလေးငလျင်ကြီးလှုပ်ခတ်ချိန်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမုနိဘုရားကြီး၏ မ ကိုဋ်တော်မှာတိမ်းစောင်းသွားခဲ့သဖြင့် ပြန်လည်တည့်မတ်နိုင်ရန် ပညာရှင်များကဆောင်ရွက်ခဲ့ကြ၍ ယနေ့ ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)တွင် မကိုဋ်တော်အားပြည်လည်တည့်မတ်ပြီးခဲ့သည်ကို ဖူးမြှော်ကြည်ညိုနိုင်ကြစေရန်ရည်သန်၍ ဖော်ပြလိုက်ရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071