Monday, April 21, 2025

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက်...

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊...

ပြင်ဦးလွင်တပ်မတော်ဆေးရုံ၌ ငလျင်ဒဏ်ကြောင့်ဆေးကုသမှုခံယူနေရသူများကို နစက ဥက္ကဋ္ဌမှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ဆေးကုသမှုခံယူနေရသူများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ နစက...

အခွန်အ‌ရေးမလေးကုန်သွယ်ရေးဝန်ကြီးယူအက်စ်သွားရောက်ညှိနှိုင်းမည်

အခွန်စည်းကြပ်မှုများကို သုံးလကြာ ရပ်ဆိုင်းထားမည်ဟု အမေရိက,က ကြေညာထားသော်ငြားလည်း မလေးရှားနိုင်ငံသည် နိုင်ငံ့စီးပွားရေးကဏ္ဍအတွက်သာမက အာဆီယံဥက္ကဌနိုင်ငံဖြစ်သည့် အားလျော်စွာ အရှေ့တောင်အာရှဒေသအပေါ် အမေရိက၏ ထပ်တိုးအခွန်ကောက်မှုများ၏ သက်ရောက်မှုကို...
HomeNewsLocal Newsငလျင်ကယ်ဆယ်ရေး၌စင်ကာပူ၏ ဆိုက်ဘော့ခ်ပိုးဟပ်များပါဝင်ကူညီနေ

ငလျင်ကယ်ဆယ်ရေး၌စင်ကာပူ၏ ဆိုက်ဘော့ခ်ပိုးဟပ်များပါဝင်ကူညီနေ

သေဆုံးသူ ၃,၀၀၀ ကျော်လာသည့် မတ်လ ၂၈ ရက် နေ့က ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်အပြီးတွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါဝင်ကူညီရန်အတွက် စင်ကာပူနိုင်ငံမှ စက်တစ်ပိုင်း သက်ရှိတစ်ပိုင်း ဆိုက်ဘော့ခ် ပိုးဟပ် ၁၀ ကောင်ကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်ဟု သိရသည်။

အဆိုပါ အင်းဆက်များကို မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီးနောက် မတ်လ ၃၀ ရက် နေ့တွင် စင်ကာပူအရပ်ဖက် ကာကွယ်ရေးတပ်ဖွဲ့(SCDF) ၏ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သည်။

ကမ္ဘာပေါ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်များ၌ ယင်းကဲ့သို့ ဆိုက် ‌ေဘာ့ခ်များကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အင်းဆက်ပေါင်းစပ် စက်ရုပ်များကို လုပ်ငန်းခွင်တွင် ပထမဆုံးအကြိမ် ဖြန့်ကျက်အသုံးပြုခြင်းလည်းဖြစ်သည်။

ဆိုက်ဘော့ခ်ပိုးဟပ်များကို Home Team Science and Technology Agency(HTX) က နန့်ယန်းနည်းပညာတက္ကသိုလ်၊ Klass Engineering and Solutions တို့နှင့် ပူးပေါင်း တီထွင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို မတ်လ ၃၁ ရက်‌ေန့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ဖြန့်ကျက်ချထားခဲ့ပြီး ဧပြီလ ၃ ရက် နေ့တွင် နေပြည်တော်၌ နှစ်ကြိမ် ဖြန့်ကျက်ချထားအသုံးပြုခဲ့သည်။

ဆိုက် ဘော့ခ်များအနေဖြင့် အသက်ရှင် ကျန်ရစ်သူများကို ရှာတွေ့မှုမျိုး မရှိသေးသော်လည်း ငလျင်ဒဏ်အဆိုးဝါးဆုံးခံခဲ့ရသော ဧရိယာအချို့တွင် ကယ်ဆယ်ရေးအဖွဲ့များကို မြေပြင်တွင် အကူအညီများ ပေးခဲ့သည်။

SCDF သည် အဖွဲ့ဝင် ၈၀ ဦးနှင့် ရှာဖွေရေး ခွေးလေးကောင်ကို မတ်လ ၂၉ ရက် နေ့တွင် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။

အနီအောက်ရောင်ခြည်နှင့် ကင်မရာများနှင့် အာရုံခံကိရိယာများ တပ်ဆင်ထားသည့် မာဒါဂါစကား ပိုးဟပ်သည် အရှည် ၆ စင်တီမီတာခန့်ရှိသည်။ ၎င်းတို့၏ သေးငယ်သော အရွယ်အစားကြောင့် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ထားစဉ် အပျက်အစီးများအောက်ရှိ သေးငယ်သောနေရာများကို သွားလာနိုင်သည်။

ပိုးဟပ်များကို လှုံဆော်ပေးရန်နှင့် လှုပ်ရှားမှုကို ထိန်းချုပ်ရန်အတွက် အီလက်ထရုတ်များကို အသုံးပြုသည်။

၎င်းတို့၏ ကင်မရာများနှင့် အာရုံခံကိရိယာများမှတဆင့် စုဆောင်းရရှိသော အချက်အလက်များကို သက်ရှိ၏ လက္ခဏာရပ်များ ရှိ/မရှိကို ဆုံးဖြတ်နိုင်သည့် machine-learning algorithm ဖြင့် လုပ်ဆောင်ကြောင်း သိရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက် တိုင်းသယံဇာတဝန်ကြီးဦးဆောင်သော တိုင်းဒေသကြီးအဆင့် စစ်ဆေးရေးအဖွဲ့များက ဧပြီ ၃ ရက်နှင့်၊ အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့က ဧပြီ ၇ ရက်တို့တွင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ဖျက်သိမ်းသွားမည်ဖြစ်ရာ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ပစ္စည်းများကိုသိမ်းယူနိုင်ရန် ဧပြီ ၉ ရက်အထိခွင့်ပြုပေးခဲ့ပြီး စစ်ဆေးချက်များတွင် အဆင့်မြင့်ဈေးချိုတော် ပင်မအဆောက်အဦမှာ Main...

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ်များပြားလာသဖြင့် ဒေသတွင်းနေထိုင်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများလိုအပ်မည်ဖြစ်ရာ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရေးအတွက် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဦးလွင်ဒေသ၏ လက်ရှိလူဦးရေနှင့် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုပါကြိုတင်မျှော်မှန်း၍ စီမံဆောင်ရွက်ထားရမည်ဟု မှာကြားသည်။ ထို့ပြင် လက်ရှိရေရရှိနေသည့် ရေလှောင်တမံများ ၏ နှစ်စဉ်ရေရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုပမာဏတို့ကို ဆန်းစစ်သုတေသနပြုလုပ်ရမည်ဖြစ်ကာ ရေအရင်းအမြစ်များဆုံးရှုံးမှုမရှိစေရေးအတွက် ရေလှောင်တမံများအနီးရှိ ရေဝေရေလဲတောများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ဆည်တာတမံများအတွင်း...

ပြင်ဦးလွင်တပ်မတော်ဆေးရုံ၌ ငလျင်ဒဏ်ကြောင့်ဆေးကုသမှုခံယူနေရသူများကို နစက ဥက္ကဋ္ဌမှ ထောက်ပံ့ငွေများပေးအပ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ဆေးကုသမှုခံယူနေရသူများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ငလျင်ဒဏ်ကြောင့် ဆေးကုသမှုခံယူနေရသည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ ဆေးရုံအထူးကြပ်မတ်ကုသဆောင်အတွင်း ဆေးကုသမှုခံယူလျက်ရှိသည့် ဆရာတော်တစ်ပါးနှင့် အရပ်သားနှစ်ဦးတို့အားတွေ့ ဆုံ၍ အားပေးစကားပြောကြားကာ နဝကမ္မအလှူငွေများ၊ ဂုဏ်ပြုချီးမြှင့်ငွေများ၊ ထောက်ပံ့ငွေများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071