Thursday, April 24, 2025

ထူးခြားမြစ်ရေ မြင့်တက်ခဲ့သည့် ဧရာဝတီမြစ်

ဧရာဝတီမြစ်ရေသည် ယနေ့ ဧပြီ ၂၄ ရက်နေ့ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် (၄၈၈) စင်တီမီတာသို့ရောက်ရှိခဲ့ကာ (၁)ရက်အတွင်း (၇)ပေခွဲခန့်မြင့်တက်ခဲ့သည့်အတွက် ထူးခြားမြစ်ရေမြင့်တက်ခဲ့ကြောင်း...

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးကာလ Mobile Toilet...

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးကာလ ငလျင်ဒဏ်သင့် မြို့ပေါ် ရပ်ကွက်နေပြည်သူများအတွက် Mobile Toilet များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် Mobile Toilet (၄၂)...

မန္တလေးမြို့ ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများကိုတရုတ်လူငယ်လုပ်ငန်းရှင်များငွေကြေး...

မန္တလေးမြို့ စည်ပင်သာယာရေးကာ်မတီမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများ (၁၁၆) ဦးနှင့် အသက်(၇၀) အထက် သက်ကြီးဘိုးဘွား(၁၆)ဦးတို့ကို ယမန်နေ့ ဧပြီ ၂၃ ရက်က...

သီတဂူ ကရုဏာအလှူတော်တရားပွဲအား ရန်ကုန်မြို့၌ကျင်းပမည်

ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများပြုလုပ်လျက်ရှိသည့် ပြည်တွင်း/ပြည်ပမှအလှူရှင်များအား တရားတော်ဖြင့်ကျေးဇူးဆပ်သည့်အနေဖြင့် သီတဂူ ကရုဏာအလှူတော်တရားပွဲအား ရန်ကုန်မြို့၌ ၃ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင် ဧပြီ...
HomeInternationalဆိုလာဘက္ထရီများဝယ်နိုင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံထောက်ပံ့မည်--သြစတြေးလျဝန်ကြီးချုပ်  

ဆိုလာဘက္ထရီများဝယ်နိုင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံထောက်ပံ့မည်–သြစတြေးလျဝန်ကြီးချုပ်  

နေရောင်ခြည်စွမ်းအင်ကို သိုလှောင်ရန် ဘက္ထရီများ ဝယ်ယူ‌ရေးနှင့် ၎င်းတို့၏ စွမ်းအင်ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် အိမ်ပိုင်ရှင် နိုင်ငံသားများကို သြစတြေးလျဒေါ်လာ ၂ ဒဿမ ၃ ဘီလျံ ကူညီပေးသွားမည်ဟု သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က တနင်္ဂနွေနေ့တွင် ကတိပြုလိုက်သည်။
          
သဘောထားစစ်တမ်းများအရ အယ်လ်ဘာနီးစ်၏ ဗဟိုလက်ဝဲယိမ်း လေဘာပါတီသည် ပီတာ ဒပ်တွန်ဦးဆောင်သည့် အတိုက်အခံ လစ်ဘရယ်နေရှင်နယ် နှင့် သူတင်ကိုယ်တင်အနေအထား ဖြစ်နေသည်။ ဒပ်တွန်သည် ဓါတ်ငွေ့တင်ပို့မှု အချို့ကို ပြည်တွင်းစားသုံးသူများအတွက် လမ်းကြောင်းပြောင်းထောက်ပံ့ရန် သဘာဝဓါတ်ငွေ့ရည် ထုတ်လုပ်သူများကို တွန်းအားပေးသည့် ဓါတ်အားခလျှော့ချရေးအစီအစဉ်ဖြင့် မဲဆွယ်သည်။
         
သူ၏ အဆိုပြုချက်သည် အိမ်ထောင်စုများအတွက် ပုံမှန်စွမ်းအင်သိုလှောင်ဘက္ထရီတစ်ခု တပ်ဆင်စရိတ်ကို သြစတြေးလျဒေါ်လာ ၄၀၀ သို့မဟုတ် ၃၀ ရာခိုင်နှုန်းခန့် သက်သာစေလိမ့်မည်ဟု တနင်္ဂနွေနေ့ကသတင်း ထုတ်ပြန်ချက်တွင် အယ်ဘာနီးစ်က ပြောကြားခဲ့သည်။
         
“အိမ်ထောင်စုတွေအတွက် လိုအပ်တဲ့အချိန်မှာ သုံးနိုင်ဖို့ ဘက္ထရီကို အိမ်မှာတပ်ဆင်ပြီး ဆိုလာပြားတွေကနေ ဓါတ်အားသိုလှောင်သွားမှာပါ” ဟု ဝန်ကြီးချုပ်က ပြောသည်။
         
အစိုးရ၏ အဆိုအရ လက်ရှိတွင်သြစတြေးလျနိုင်ငံ၌ အိမ်ထောင်စု သုံးခုလျှင်တစ်ခုသည် ဆိုလာပြားများရှိထားသော်လည်း အိမ်ထောင်စု (၄၀) တွင် တစ်စုနှုန်းသာ ဘက္ထရီရှိသည်ဟု သိရသည်။
             
အဆိုပါ အစီအမံသည် ရွေးချယ်ထားသူ တစ်စုအတွက်သာ အထောက်အကူ ဖြစ်နိုင်ပြီး အိမ်ငှားရမ်းနေထိုင်သူများနှင့် ပင်စင်စားများအတွက် အနည်းငယ်သာ အကူအညီဖြစ်နိုင်သည်ဟု နိုင်ငံခေါင်းဆောင် ဒေးဗစ်လစ်တဲလ်ပရောက်ဒ် က အေဘီစီရုပ်သံကို ပြောကြားခဲ့သည်။
          
အတိုက်အခံတို့၏ အစီအစဉ်တွင်မူ သြစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဓါတ်ငွေ့တင်ပို့သူများသည် ပြည်တွင်းဈေးကွက်သို့ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာနှုန်း ထောက်ပံ့ပေးရန် တွန်းအားပေးမည်ဖြစ်သည်။ ရေရှည်အစီအစဉ်အရလည်း ကွန်ဆာဗေးတစ် ညွန့်ပေါင်းအဖွဲ့သည် သြစတြေးလျနိုင်ငံကို နျူကလီးယားစွမ်းအင်သုံးစွဲသွားရန် လိုလားကြသည်။

Ref: Market Screener

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထူးခြားမြစ်ရေ မြင့်တက်ခဲ့သည့် ဧရာဝတီမြစ်

ဧရာဝတီမြစ်ရေသည် ယနေ့ ဧပြီ ၂၄ ရက်နေ့ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် (၄၈၈) စင်တီမီတာသို့ရောက်ရှိခဲ့ကာ (၁)ရက်အတွင်း (၇)ပေခွဲခန့်မြင့်တက်ခဲ့သည့်အတွက် ထူးခြားမြစ်ရေမြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးချက်အရ သိရသည်။ ဧရာဝတီမြစ် အထက်ပိုင်းတွင်မြင့်တက်ခဲ့သည့် အဆိုပါမြစ်ရေသည် နောက်(၁) ရက်မှ (၅)ရက်အတွင်း ဗန်းမော်၊ ရွှေကူ၊ ကသာနှင့်သပိတ်ကျင်းမြို့တို့တွင် (၅)ပေခွဲမှ (၉)ပေခွဲခန့် မြင့်တက်လာနိုင်ကြောင်း ဆိုသည်။ ထို့နည်းတူ နောက်(၅)ရက်မှ (၈)ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပုခုက္ကူ၊ ‌ညောင်ဦးမြို့တို့တွင် (၄)ပေခွဲမှ (၅)ပေခွဲခန့်၊ နောက်(၈)ရက်မှ (၁၃)ရက်အတွင်း...

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးကာလ Mobile Toilet များ ထောက်ပံ့မည်

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးကာလ ငလျင်ဒဏ်သင့် မြို့ပေါ် ရပ်ကွက်နေပြည်သူများအတွက် Mobile Toilet များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် Mobile Toilet (၄၂) လုံးအားလိုအပ်သည့် နေရာများတွင် ချထားပေးသွားမည်ဖြစ်ပြီး၊ ရေချိူးရန် နေရာများလည်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့ပေးရန်အတွက် လူမှုရေးရာပေါင်းစည်းမှုစင်တာမှ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက်ဆက်သွယ်ကာ ငလျင်သင့် ရပ်ကွက်များအတွင်း ထောက်ပံ့မှုများ လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိသည်။ ပြီးခဲ့သည့် မတ် (၂၈) ရက်က အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ရှားခဲ့ရာ မန္တလေး၊...

မန္တလေးမြို့ ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများကိုတရုတ်လူငယ်လုပ်ငန်းရှင်များငွေကြေး ထောက်ပံ့

မန္တလေးမြို့ စည်ပင်သာယာရေးကာ်မတီမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများ (၁၁၆) ဦးနှင့် အသက်(၇၀) အထက် သက်ကြီးဘိုးဘွား(၁၆)ဦးတို့ကို ယမန်နေ့ ဧပြီ ၂၃ ရက်က မြန်မာပြည်ဖွား တရုတ်လူငယ်လုပ်ငန်းရှင်များငွေကြေး ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့ကူညီရာ၌ တစ်ဦးလျှင် ငွေကျပ် (၁၅၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၇,၃၀‌၀,၀၀၀)ကို လာရောက်ပေး အပ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းအိမ်ရာအချို့ ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071