Monday, April 28, 2025

ဗန့်ကူးဗားတွင်လမ်းပေါ်ပွဲဈေး၌လူအုပ်ကိုကားဝင်တိုက်၊အများအပြားသေ

       ကနေဒါနိုင်ငံအနောက်ပိုင်း ဗန့်ကူးဗားမြို့တွင် ဖိလစ်ပိုင်လူမျိုးတို့၏ လမ်းပေါ်ပွဲဈေးတစ်ခု၌ လူအုပ်အတွင်းကို ယာဉ်မောင်းတစ်ဦးက ကားနှင့်ဝင်တိုက်၍ လူအများအပြားသေဆုံးကာ အမြောက်အများဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားခဲ့သည်။          ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု...

တိုင်းအစိုးရ ညွှန်ကြားမှုဖြင့် စစ်ကိုင်းတောင်ရိုးတွင် စုပေါင်းအမှိုက်ကောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် စစ်ကိုင်းခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပလတ်စတစ်ကင်းစင်ရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း အစီအစဉ်ကို စစ်ကိုင်းတောင်ရိုးတွင်း ဧပြီလ (၂၇)...

မေးခိုင်ကာကွယ်ဆေးနှင့် ကာလဝမ်းရောဂါကာ ကွယ်ဆေးများကို တရုတ်နိုင်ငံကပေးပို့လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများတွင်နေထိုင်သူများအတွက် မေးခိုင်ကာကွယ်ဆေးနှင့် ကာလ ဝမ်းရောဂါကာကွယ်ဆေးများကို တရုတ်နိုင်ငံမှ ဧပြီ ၂၆ ရက်ကပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးများသည် တရုတ်နိုင်ငံမှ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ်ပေးပို့မှုများအနက် (၉)ကြိမ်မြောက်ဖြစ်ပြီး...

ငလျင်ဒဏ်သင့် Golden City Hotel...

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့ရှိ Go lden City Hotel အဆောက်အအုံအား ရှင်းလင်းရေးလုပ် ငန်းများ လုပ်ဆောင်ရာမှ အမျိုးသမီးရုပ်အလောင်း(၁)လော င်းကို...
HomeInternationalတရုတ်၌အင်အား၈အဆင့်ရှိငလျင်လှုပ်ခတ်နိုင်ခြေရှိဟုပညာရှင်များဆို

တရုတ်၌အင်အား၈အဆင့်ရှိငလျင်လှုပ်ခတ်နိုင်ခြေရှိဟုပညာရှင်များဆို

ပေကျင်း၊ဧပြီ ၆

မြန်မာနိုင်ငံ၌ အင်အား ၇ ဒသမ ၇ အဆင့်ရှိ ဖျက်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ကမ္ဘာတစ်၀န်း နောက်ဆက်တွဲဘေးအန္တရာယ်များ ထပ်မံဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း ငလျင်ပညာရှင်များကသတိပေးထားသည်ဟုသိရသည်။

မြန်မာနိုင်ငံ၌ ငလျင်မလှုပ်မီ ရက်ပိုင်းအလိုကပင်တရုတ်ငလျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က ဒေသတွင်း၌ ပြင်းအားမြင့် ငလျင်ဘေးအန္တရာယ်များ ဖြစ်နိုင်ခြေမြင့်မားနေကြောင်း လေ့လာမှုတစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်ဟုဆိုသည်။

အဆိုပါအဖွဲ့က ခန့်မှန်းထားသည်မှာ တရုတ်အပါအဝင် ကျန်ဒေသတွင်းနေရာများ၌ ပြင်းအားမြင့် ငလျင်ဖြစ်လာနိုင်‌ခြေရှိပြီး မတ်လ ၂၈ ရက်နေ့ ကလှုပ်ခတ်ခဲ့သည့်မြန်မာငလျင်သည် နောက်ဆုံးမဟုတ်သေးဘဲ တရုတ်နိုင်ငံနှင့်အိမ်နီးချင်းဒေသများတွင်ပါ အင်အား ၈ အဆင့်ရှိ ကပ်ဘေးငလျင်များ လှုပ်ခတ်နိုင်ခြေမြင့်မားလျက်ရှိနေသေးသည်ဟုဆိုသည်။

၎င်းတို့သည် ၁၈၇၉ ခုနှစ်မှစ၍ ယနေ့အထိ နှစ်ပေါင်း ၁၅၀ ခန့် ၏ ငလျင်ဆိုင်ရာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး တရုတ်နိုင်ငံနှင့်ကပ်လျက်ဒေသများတွင် အဓိကအားဖြင့်ငလျင်လှုပ်ခတ်နိုင်သည့် အချိန်ကာလခြောက်ခုကိုလည်းဖော်ထုတ်နိုင်ခဲ့သည်ဟုသိရသည်။

ပညာရှင်များ၏အဆိုအရ ငလျင်လှုပ်နိုင်ခြေကာလတစ်ခုစီသည် ကမ္ဘာ့လှည့်ပတ်မှုအမြန်နှုန်းအပြောင်းအလဲများတစ်ရက်တာကြာချိန် (LOD) အပြောင်းအလဲများအပြင် သက်ဆိုင်သည့် tectonic stress realignment များနှင့်လည်းဆက်စပ်နေသည်ဟုသိရသည်။

Source : ဆော့သ်ချိုင်းနားမောနင်းပို့စ်ထ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗန့်ကူးဗားတွင်လမ်းပေါ်ပွဲဈေး၌လူအုပ်ကိုကားဝင်တိုက်၊အများအပြားသေ

       ကနေဒါနိုင်ငံအနောက်ပိုင်း ဗန့်ကူးဗားမြို့တွင် ဖိလစ်ပိုင်လူမျိုးတို့၏ လမ်းပေါ်ပွဲဈေးတစ်ခု၌ လူအုပ်အတွင်းကို ယာဉ်မောင်းတစ်ဦးက ကားနှင့်ဝင်တိုက်၍ လူအများအပြားသေဆုံးကာ အမြောက်အများဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားခဲ့သည်။          ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုရှယ်မီဒီယာ X ပေါ်တွင် ရဲတပ်ဖွဲ့က ပို့စ်တင်ပြောဆိုခဲ့ပြီး အသေးစိတ်အချက်အလက်များကိုမူ မဖော်ပြခဲ့ပေ။ ညသန်းခေါင်ခန့်တွင် ရဲတပ်ဖွဲ့က နောက်ဆုံးရ သတင်းအချက်အလက်များကို ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။         Lapu Lapu Day Block Party ကျင်းပနေသည့် ၄၁ လမ်းနှင့် ဖရေဇာလမ်း ထောင့် အနီးတွင် ည ၈ နာရီမတိုင်ခင်လေး၌...

တိုင်းအစိုးရ ညွှန်ကြားမှုဖြင့် စစ်ကိုင်းတောင်ရိုးတွင် စုပေါင်းအမှိုက်ကောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် စစ်ကိုင်းခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပလတ်စတစ်ကင်းစင်ရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း အစီအစဉ်ကို စစ်ကိုင်းတောင်ရိုးတွင်း ဧပြီလ (၂၇) ရက်၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စုပေါင်းအမှိုက်ကောက်ခြင်းကို စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် ဘုရားအတက်လမ်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြေရေးဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ ဝေဠုကျော်ဖောင်ဒေရှင်း၊ မြတ်သုခလူမှုကူညီရေးအသင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ စုပေါင်းအမှိုက်ကောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှိုက်ကောက်ခြင်း အစီအစဉ်ကို ဆွမ်းဦးပုညရှင် အတက်လမ်း ဖားနှစ်ကောင်မုဒ်ဦးမှ ဘုရားရင်ပြင်တော်အထိ စုပေါင်းအမှိုက်ကောက်ခဲ့ကြခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က လှုပ်ခဲ့သော...

မေးခိုင်ကာကွယ်ဆေးနှင့် ကာလဝမ်းရောဂါကာ ကွယ်ဆေးများကို တရုတ်နိုင်ငံကပေးပို့လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများတွင်နေထိုင်သူများအတွက် မေးခိုင်ကာကွယ်ဆေးနှင့် ကာလ ဝမ်းရောဂါကာကွယ်ဆေးများကို တရုတ်နိုင်ငံမှ ဧပြီ ၂၆ ရက်ကပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးများသည် တရုတ်နိုင်ငံမှ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ်ပေးပို့မှုများအနက် (၉)ကြိမ်မြောက်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုအအေးခန်းဂိုထောင်သို့ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ သံမှူး Mr.Ouyang Daobing ကလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ (၉)ကြိမ်မြောက်အဖြစ်ပေးပို့လှူဒါန်းသည့် ပစ္စည်းများမှာ မေးခိုင်ကာကွယ်ဆေး (၆၈၀၀၀)လုံး၊ အရွယ်ရောက်သူများအတွက် ကာ လဝမ်းရောဂါကာကွယ်ဆေး(၅၇၀၀၀၀)လုံး၊ က လေးများအတွက် ကာလဝမ်းရောဂါကာကွယ်ဆေး (၇၇၉၁၀)လုံးတို့ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071