Monday, April 21, 2025

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊...

ပြင်ဦးလွင်တပ်မတော်ဆေးရုံ၌ ငလျင်ဒဏ်ကြောင့်ဆေးကုသမှုခံယူနေရသူများကို နစက ဥက္ကဋ္ဌမှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ဆေးကုသမှုခံယူနေရသူများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ နစက...

အခွန်အ‌ရေးမလေးကုန်သွယ်ရေးဝန်ကြီးယူအက်စ်သွားရောက်ညှိနှိုင်းမည်

အခွန်စည်းကြပ်မှုများကို သုံးလကြာ ရပ်ဆိုင်းထားမည်ဟု အမေရိက,က ကြေညာထားသော်ငြားလည်း မလေးရှားနိုင်ငံသည် နိုင်ငံ့စီးပွားရေးကဏ္ဍအတွက်သာမက အာဆီယံဥက္ကဌနိုင်ငံဖြစ်သည့် အားလျော်စွာ အရှေ့တောင်အာရှဒေသအပေါ် အမေရိက၏ ထပ်တိုးအခွန်ကောက်မှုများ၏ သက်ရောက်မှုကို...

ငလျင်ဒဏ်သင့်ပြည်သူများအတွက် (၅) နှစ်အထိ ကယ်ဆယ်ကူညီထောက်ပံ့နိုင်မည့်...

ငလျင်ဒဏ်သင့်ပြည်သူများအတွက် အနည်းဆုံး(၁)နှစ်မှ (၅) နှစ်အထိ ကယ်ဆယ်ကူညီထောက်ပံ့နိုင်မည့် ကမ္ဘောဇကယ် ဆယ်ကူညီထောက်ပံ့‌ရေးစင်တာ (KBZ Center Mandalay) ကို အခိုင်အမာတည်ဆောက်နေကြောင်း အဆိုပါ...
HomeNewsLocal Newsစစ်ကိုင်းတွင် လုပ်အားပေးနေသည့် စေတနာ့ဝန်ထမ်းများ၊...

စစ်ကိုင်းတွင် လုပ်အားပေးနေသည့် စေတနာ့ဝန်ထမ်းများ၊ မလေးရှား ကယ်ဆယ်ရေးအဖွဲ့တို့ကိုနစက ဥက္ကဋ္ဌကသွား ရောက်အားပေး

ဧပြီ ၆ ရက်နံနက်ပိုင်း စစ်ကိုင်းမြို့သို့ ရောက်ရှိနေသာ နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် “မြတ်”ကိုယ်ပိုင်အထက်တန်းကျောင်း၌ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှု၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းမှ စာသင်ဆောင်များပျက်စီးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိခိုက်ပျက်စီးခဲ့မှုများအား စနစ်တကျစိစစ်၍ ပြန်လည်ပြုပြင်နိုင်သည်များကို အဆင့်လိုက်ပြုပြင်ရန်၊ ပြုပြင်၍မရသည့် အန္တရာယ်ရှိကျောင်း ဆောင်များကို စနစ်တကျဖြိုချရန် နှင့် ဆယ်တင်၍ရနိုင်သည့်ပစ္စည်းများကို စနစ်တကျပြန်လည်ဆယ်တင်အသုံးပြုရန်၊ ပြန်လည်ပြုပြင်၍ရနိုင်သေးသည့် ကျောင်းဆောင်များအား ကျောင်းဖွင့်ချိန်မတိုင်မီ စနစ်တကျပြန်လည်ပြုပြင်ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် ခိုင်ခံ့မှုရှိစေရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများအား ဆေးဝါးကုသပေးနေမှု၊ အဆောက်အဦးအတွင်း (၆)ရက်ကြာပိတ်မိခဲ့ပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သော ကျောင်းဆရာတစ်ဦးအပါအဝင် အခြားထိခိုက်ဒဏ်ရာရရှိခဲ့သူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

နစက ဥက္ကဋ္ဌသည် မင်းလမ်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်ရှိ မိုးဇာရေပေးဝေရေးစက်ရုံထိခိုက်ပျက်စီးခဲ့မှု၊ ပင်မလမ်းအူကြောင်းရွှေ့လျား ပြောင်းလဲခဲ့သည်အထိ ထိခိုက်ပျက်စီးခဲ့ရမှုများ၊ စကုမှော်ကယ်ဆယ်ရေးစခန်း၌ ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးထားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းဖွင့်လှစ်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုပေးထားမှုများကို ကြည့်ရှုစစ်ဆေးပြီး စစ်ကိုင်းမြို့မှ လုပ်အားပေးလာရောက်သည့် စေတနာ့ဝန်ထမ်းများကို နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် စကုမှော်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ စစ်ကိုင်းတံတား(အင်းဝ)ရထားလမ်းကူးတံ တားပြိုကျပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀) ပြည့်အားကစားကွင်း၌အခြေ ပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် မလေးရှားနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအားတွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြားကာ တစ်ဦးချင်းနှုတ်ဆက်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းကို ပေးအပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ်များပြားလာသဖြင့် ဒေသတွင်းနေထိုင်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများလိုအပ်မည်ဖြစ်ရာ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရေးအတွက် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဦးလွင်ဒေသ၏ လက်ရှိလူဦးရေနှင့် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုပါကြိုတင်မျှော်မှန်း၍ စီမံဆောင်ရွက်ထားရမည်ဟု မှာကြားသည်။ ထို့ပြင် လက်ရှိရေရရှိနေသည့် ရေလှောင်တမံများ ၏ နှစ်စဉ်ရေရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုပမာဏတို့ကို ဆန်းစစ်သုတေသနပြုလုပ်ရမည်ဖြစ်ကာ ရေအရင်းအမြစ်များဆုံးရှုံးမှုမရှိစေရေးအတွက် ရေလှောင်တမံများအနီးရှိ ရေဝေရေလဲတောများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ဆည်တာတမံများအတွင်း...

ပြင်ဦးလွင်တပ်မတော်ဆေးရုံ၌ ငလျင်ဒဏ်ကြောင့်ဆေးကုသမှုခံယူနေရသူများကို နစက ဥက္ကဋ္ဌမှ ထောက်ပံ့ငွေများပေးအပ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ဆေးကုသမှုခံယူနေရသူများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ငလျင်ဒဏ်ကြောင့် ဆေးကုသမှုခံယူနေရသည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ ဆေးရုံအထူးကြပ်မတ်ကုသဆောင်အတွင်း ဆေးကုသမှုခံယူလျက်ရှိသည့် ဆရာတော်တစ်ပါးနှင့် အရပ်သားနှစ်ဦးတို့အားတွေ့ ဆုံ၍ အားပေးစကားပြောကြားကာ နဝကမ္မအလှူငွေများ၊ ဂုဏ်ပြုချီးမြှင့်ငွေများ၊ ထောက်ပံ့ငွေများ၊...

အခွန်အ‌ရေးမလေးကုန်သွယ်ရေးဝန်ကြီးယူအက်စ်သွားရောက်ညှိနှိုင်းမည်

အခွန်စည်းကြပ်မှုများကို သုံးလကြာ ရပ်ဆိုင်းထားမည်ဟု အမေရိက,က ကြေညာထားသော်ငြားလည်း မလေးရှားနိုင်ငံသည် နိုင်ငံ့စီးပွားရေးကဏ္ဍအတွက်သာမက အာဆီယံဥက္ကဌနိုင်ငံဖြစ်သည့် အားလျော်စွာ အရှေ့တောင်အာရှဒေသအပေါ် အမေရိက၏ ထပ်တိုးအခွန်ကောက်မှုများ၏ သက်ရောက်မှုကို လျှော့ချနိုင်ရေးကို အလျင်အမြန် လုပ်ဆောင်နေသည်။ မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး တန်ကူးဇာဖရူးအဇစ် သည် ဧပြီလ ၂၂ ရက်‌ေန့တွင် စတင်မည့် သုံးရက်ကြာ ဝါရှင်တန်ခရီးစဉ်၌ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျမီဆန်ဂရီယာနှင့် ဆွေးနွေးမည်ဖြစ်သော်လည်း ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ် လတ်နစ်ခ်နှင့် တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ကိုမူ အတည်မပြုနိုင်သေးပေ။ ဝါရှင်တန်နှင့် စေ့စပ်ညှိနှိုင်းမှုသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071