Sunday, April 20, 2025

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌အသုံးပြုရန် စစ်ကိုင်းတိုင်းအတွက် ဘီလီယံ(၅၀)နှင့် မန္တလေး...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရာ၌အသုံးပြုရန် ငွေကျပ်ဘီလီယံ(၁၁၀)အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းမှ ငလျင်ဒဏ်ထိခိုက်မှုများကြောင့်...

ဘုရားစေတီပုထိုးတော်များအားပြန်လည်ပြုပြင်ရန် သီတဂူဆရာတော်ကြီးထံ အလှူငွေကျပ်သိန်း (၂၀၀)နှင့်...

စစ်ကိုင်းတိုင်းရှိ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုရားစေတီပုထိုးတော်များအား ပြန်လည်ပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးထံသို့ အလှူငွေကျပ်သိန်း(၂၀၀)နှင့် ဘိလပ်မြေတန်ချိန်(၁၅၀၀)ကို နစက ဥက္ကဋ္ဌမှ လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုတို့ကို နစက...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့အား နစက...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ နှစ်(၇၀၀)ပြည့်အားကစားကွင်းရှိ ယာယီဆေးရုံံ၌ ငလျင်ဒဏ်သင့်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

အမြန်လမ်းတွင် အိမ်စီးကားရှေ့ဘီးပေါက်ပြီး Guard Rail...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၁ မိုင်အမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့ ဧပြီ ၁၉ ရက်ညနေ ၄ နာရီခန့်က အိမ်စီးကားရှေ့ဘီးပေါက်ပြီး Guard Rail တန်းကိုဝင်တို-က်ကာတိမ်းမှောက်သွားခဲ့ကြောင်း...
HomeNewsLocal Newsမန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို...

မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို နစက ဥက္ကဋ္ဌသွားရောက်တွေ့ဆုံ

ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသပေးနေသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital တွင် ဆေးကုသမှုခံယူနေသူများကိုနစက ဥက္ကဋ္ဌက ဧပြီ ၆ ရက် နေ့ကသွားရောက်နှုတ်ဆက်၍ အားပေးခြင်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီးနောက် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ ကိုလည်ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။

နစက ဥက္ကဋ္ဌသည် မင်္ဂလာမန္တလေးဟိုတယ်ရှေ့၌ ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးလုပ် ငန်းများပူးပေါင်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ China Search and Rescue အဖွဲ့အားသွားရောက်တွေ့ဆုံပြီး တရုတ်နိုင်ငံနှင့် မြန် မာနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ယခုဖြစ်စဉ်ဖြစ်ရပ်အပေါ် သင်ခန်းစာယူ၍ နောင်တွင်ဖြစ်ပေါ်လာနိုင်မည့်သဘာဝဘေးအန္တရာယ်များအ ပေါ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအား ဆက် လက်သုတေသနပြုဆောင်ရွက်သွားမည်ဖြစ်ပြီး ကူညီကယ်ဆယ်ပေးနေမှုများကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ တရုတ်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များပေးအပ်ရာ အဖွဲ့ခေါင်းဆောင်က ယခု ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ဆုံးရှုံးခဲ့ရမှုများကို အဆွေတော်ဝန်ကြီး ချုပ်၏ ဦးဆောင်မှုအောက်တွင် အကောင်းဆုံး ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ဆုံးရောက်ရှိမည်ဟုယုံကြည်ကာ ဆုမွန်ကောင်းတောင်းပါ သည်ဟုပြော ကြားခဲ့သည်။

နစက ဥက္ကဋ္ဌသည် မန္တလာသီရိအားကစားကွင်းတွင်ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများပူးပေါင်း ဆောင် ရွက်ပေးနေသည့် ရုရှားနိုင်ငံမှကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များနှင့် ဘယ်လာရုစ်နိုင်ငံမှကယ် ဆယ်ရေးအဖွဲ့ဝင်များအားတွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားများပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းတို့ကို ပေးအပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌အသုံးပြုရန် စစ်ကိုင်းတိုင်းအတွက် ဘီလီယံ(၅၀)နှင့် မန္တလေး တိုင်းအတွက် ဘီလီယံ(၆၀)ကို နစက ဥက္ကဋ္ဌပေးအပ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရာ၌အသုံးပြုရန် ငွေကျပ်ဘီလီယံ(၁၁၀)အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းမှ ငလျင်ဒဏ်ထိခိုက်မှုများကြောင့် ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ စစ်ကိုင်းမြို့ရှိ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် ရပ်မိရပ် ဖများ၊ မန္တလေးမြို့ရှိခရိုင်အဆင့်တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအားသီးခြားစီတွေ့ဆုံစဥ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌထောက်ပံ့သည့် စစ်ကိုင်းတိုင်းဒေသကြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ(၅၀)ကိုပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ(၆၀)ကို ရပ်မိရပ်ဖတစ်ဦးတို့ကလက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြသည်။ တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌမှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အင်ဂျင်နီယာရှုထောင့်မှကြည့်၍ အင်ဂျင်နီယာဆိုင်ရာသတ်မှတ်ချက်များနှင့်အညီတည်ဆောက်၍ ငလျင်ဒဏ်ခံနိုင်အောင်ဆောင်ရွက်ရန် ထည့်သွင်းပြောကြားသည်။ ထို့ပြင်...

ဘုရားစေတီပုထိုးတော်များအားပြန်လည်ပြုပြင်ရန် သီတဂူဆရာတော်ကြီးထံ အလှူငွေကျပ်သိန်း (၂၀၀)နှင့် ဘိလပ်မြေတန်ချိန်(၁၅၀၀)လှူဒါန်း

စစ်ကိုင်းတိုင်းရှိ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုရားစေတီပုထိုးတော်များအား ပြန်လည်ပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးထံသို့ အလှူငွေကျပ်သိန်း(၂၀၀)နှင့် ဘိလပ်မြေတန်ချိန်(၁၅၀၀)ကို နစက ဥက္ကဋ္ဌမှ လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုတို့ကို နစက ဥက္ကဋ္ဌမှ စစ်ကိုင်းမြို့သို့ရောက်ရှိစဉ် ကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီးလှူဒါန်းမှုအစုစုအတွက် ငလျင်ဒဏ်ကြောင့် ပျံလွန်တော်မူခဲ့ရသည့် ရဟန်း၊သံဃာများ၊သီလရှင်များနှင့် ပြည်သူအပေါင်းတို့အား အမျှပေးဝေခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌသည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆွမ်းဦးပုညရှင် စေတီတော်တွင် အဆောက်အဦပျက်စီးနေမှုများအား ရှင်းလင်းဖယ်ရှားနေမှု၊ ရိုင်တန်းရပ်ကွက်ရှိ မဟာစေတီတော်အား လုံးတော်ပြည့်ငုံ၍ပြုပြင်မွမ်းမံတည်ဆောက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ရှင်းလင်းဖယ်ရှားနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် လိုအပ်သည့်မှာကြားမှုများပြုလုပ်ကာ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်သားများ၊...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့အား နစက ဥက္ကဋ္ဌတွေ့ဆုံ၍ကျေးဇူးတင်စကားပြောကြား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ နှစ်(၇၀၀)ပြည့်အားကစားကွင်းရှိ ယာယီဆေးရုံံ၌ ငလျင်ဒဏ်သင့်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၉ ရက်နံနက်ပိုင်းက တွေ့ ဆုံခဲ့သည်။ နစက ဥက္ကဋ္ဌမှ မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ဝင်များအား တစ်ဦးချင်းနှုတ်ဆက်၍ကျေးဇူးတင်စကားပြောကြားပြီး လက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့ပြင် နစက ဥက္ကဋ္ဌသည် စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး၏ ယာယီဆေးရုံအတွင်း၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် ဒေသခံများကို အားပေး စကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီးနောက် ပြည်သူ့ဆေးရုံကြီးအတွင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071