Monday, April 28, 2025

ပဲခူးမြို့ရှိ ဟံသာဝတီရှေးဟောင်းယဥ်ကျေးမှုအမွေ အနှစ်များအား ပြန်လည်ဖော်ထုတ်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဟံသာဝတီရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်လျက်ရှိရာ ဟံသာဝတီမြို့ရိုး တောင်ဘက်ရှိ မိုးကောင်းတံခါးပေါက်အနီးမှ ကုန်းဘောင်တံခါးပေါက်အနီးထိ တစ်ဆက်တည်းမြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ အရှေ့ဘက်ရှိ တောင်ငူတံ ခါးနှင့်...

ပြိုကျခဲ့သည့် မရှိခဏစေတီတော် နေရာကို ရှင်းလင်းရာမှ...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ မရှိခဏ စေတီတော်ကြီး ပြိုကျသည့် နေရာကို ရှင်းလင်းရာ ဘုရားဆင်းတုတော်ငယ်များ၊ စိန်ဖူးတော်၊ လက်ဝတ်ရတနာများ၊ ကျောက်အမျိုးမျိုးနှင့် ငွေထည်ပစ္စည်းများ...

လျှပ်စစ်ဓာတ်အားမလိုသော ရေခဲသေတ္တာ အိန္ဒိယမှ လူငယ်သုံးဦး...

အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက်လူငယ်သုံးဦးသည် ဆားကိုအသုံးပြု၍ လျှပ်စစ်မလိုဘဲ အအေးခံနိုင်သည့် မီနီရေခဲသေတ္တာတစ်လုံးကို ဒီဇိုင်းဆွဲတီထွင်ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ထိုရေခဲသေတ္တာကို လျှပ်စစ်မရရှိသော ကျေးလက်ဒေသများသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင်...

ရှမ်းတောင် အောင်ပန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၂)လုံး...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုံသုံကျေးရွာအုပ်စု၊ ပေါတုတ်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၂)လုံး အမိုးလန်ပျ-က်စီးမှုများ ဖြစ်ပွားခဲ့ရကြောင်း အောင်ပန်းနယ်မြေ မီးသ-တ်စခန်းမှ...
HomeNewsLocal Newsထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းက မြေတူးကားလှူဒါန်း

ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းက မြေတူးကားလှူဒါန်း

ငလျင်ဒဏ်သင့် မန္တလေးမြို့၌ပျက်စီးနေသည့် အဆောက်အဦးများအား ရှင်းလင်းရာတွင်အသုံးပြုရန် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းမှ ဘတ်(၁၀) သိန်းတန်ဖိုးရှိ မြေတူးကားတစ်စီးအား ဧပြီ ၆ ရက်မွန်းလွဲပိုင်းကလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးထံမှ သိရသည်။

အဆိုပါ မြေတူးကားအား ထိုင်းသံအမတ်ကြီး H.E. Mr. Mongkol Visitstump က မန္တလေးတိုင်းအစိုး ရအဖွဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဦးအောင်ကျော်မိုးထံ လွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် CP Motor Myanmar ကုမ္ပဏီမှ Tent (၂) ဒါဇင်နှင့် MK Distribution ကုမ္ပဏီမှ အသင့်စားမာမားခေါက်ဆွဲထုပ် (၄၅၀၀၀)တို့ကို မန္တလေးမြို့ရှိငလျင်ဒဏ်သင့်သူများအတွက် မန္တလေးတိုင်းအစိုးရ အဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ကြ‌ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့ရှိ ဟံသာဝတီရှေးဟောင်းယဥ်ကျေးမှုအမွေ အနှစ်များအား ပြန်လည်ဖော်ထုတ်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဟံသာဝတီရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်လျက်ရှိရာ ဟံသာဝတီမြို့ရိုး တောင်ဘက်ရှိ မိုးကောင်းတံခါးပေါက်အနီးမှ ကုန်းဘောင်တံခါးပေါက်အနီးထိ တစ်ဆက်တည်းမြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ အရှေ့ဘက်ရှိ တောင်ငူတံ ခါးနှင့် အင်းဝတံခါးကြား မြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ကျုံးပြန်လည်တူးဖော်ထိန်းသိမ်းခြင်း၊ ကမ္ဘောဇသာဒီနန်းတော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နေမှုများအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဧပြီ ၂၆ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ရိုးဖော်ထုတ်ထိန်းသိမ်းရာတွင် တူးဖော်တွေ့ရှိသည့် အထောက်အထားများအား သက်ဆိုင်ရာပညာရှင်များ၏ အကြံဉာဏ်ရယူ၍ မည်သည့်အဆောက်အဦဖြစ်နိုင်သည်ကို အတည်ပြုရန်၊ မြို့ရိုးများဖော်ထုတ်ရာတွင် ရှေးမူလက်ရာများ ပျက်စီးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ မြို့ရိုးဖော်ထုတ်ရာတွင် ကျုံးပတ်လမ်းဖော်...

ပြိုကျခဲ့သည့် မရှိခဏစေတီတော် နေရာကို ရှင်းလင်းရာမှ ဘုရားဆင်းတုတော်ငယ်များ၊ စိန်ဖူးတော်၊ လက်ဝတ်ရတနာများ၊ ကျောက်အမျိုးမျိုးနှင့် ငွေထည်ပစ္စည်းများ ထပ်မံရှာဖွေတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ မရှိခဏ စေတီတော်ကြီး ပြိုကျသည့် နေရာကို ရှင်းလင်းရာ ဘုရားဆင်းတုတော်ငယ်များ၊ စိန်ဖူးတော်၊ လက်ဝတ်ရတနာများ၊ ကျောက်အမျိုးမျိုးနှင့် ငွေထည်ပစ္စည်းများ ထပ်မံရှာ ဖွေတွေ့ရှိခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မရှိခဏ စေတီတော်ကြီး ပြိုကျခဲ့ရပြီး စစ်ကိုင်းမြို့နယ်မီးသ-တ်စခန်းနှင့် မြင်းမူမြို့နယ်မီးစခန်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေး လုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ ဧပြီ (၂၇)ရက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရှာဖွေတွေ့ရှိခဲ့သည့် ဘုရားဆင်းတုတော်ငယ်များ၊ စိန်ဖူးတော်၊ လက်ဝတ်ရတနာများ၊ ကျောက်အမျိုးမျိုးနှင့် ငွေထည်ပစ္စည်းများ ဘုရားဂေါပက အတွင်းရေးမှူးထံသို့...

လျှပ်စစ်ဓာတ်အားမလိုသော ရေခဲသေတ္တာ အိန္ဒိယမှ လူငယ်သုံးဦး တီထွင်အောင်မြင်

အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက်လူငယ်သုံးဦးသည် ဆားကိုအသုံးပြု၍ လျှပ်စစ်မလိုဘဲ အအေးခံနိုင်သည့် မီနီရေခဲသေတ္တာတစ်လုံးကို ဒီဇိုင်းဆွဲတီထွင်ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ထိုရေခဲသေတ္တာကို လျှပ်စစ်မရရှိသော ကျေးလက်ဒေသများသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် ဆေးရုံများသို့ ပေးပို့သွားကြမည်ဖြစ်သည်။ ဒါရုဗ်ချောင်ဒရီ၊ မီသရန်း လဒ်ဟာနီယာ နှင့် မရီဒူးလ်ဂျာအင်တို့သည် အိန္ဒိယနိုင်ငံ အင်ဒိုးမြို့တွင် နေထိုင်ကြပြီး ၎င်းတို့၏ မိဘများသည် ဆေးဘက်ဆိုင်ရာ နယ်ပယ်တွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ လျှပ်စစ်မရရှိသော ကျေးလက်ဒေသများသို့ COVID-19 ကာကွယ်ဆေးများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိကြောင်း ကြားသိရသည့်အခါ ထိုလူငယ်သုံးဦးသည် ဆားကိုအသုံးပြုသည့် အအေးခံနည်းပညာတစ်ခုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071