Saturday, April 26, 2025

(၂၄) နာရီအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်...

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းဖြစ်သည့် တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်းစသည့် မြို့များနှင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နှင့် မိုင်းဆတ်မြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင် (၂၄)...

မြန်မာ့ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် လူငယ်...

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ့ဘောလုံးအကယ်ဒမီ ကျောင်းသားသစ်များကို ယနေ့ ဧပြီ (၂၆)ရက်တွင် ပဏာမအဆင့် စတင်ရွေးချယ်ရာ လူငယ် (၃၀၀)ကျော်...

တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား ငှက်သိုက် တင်ပို့ခွင့်ပြု

ကမ္ဘောဒီးယား၏ ဇီဝဇိုးငှက်သိုက်များကို တရုတ်ဈေးကွက်များသို့ တင်ပို့ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဧပြီလ ၁၇ ရက်‌နေ့မှ ၁၈ ရက်‌နေ့အထိ တရုတ်သမ္မတ...

ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟို ဥက္ကဋ္ဌ၊ မုံရွာမြို့ ရန်ကင်းဆရာတော်ကြီး၏...

ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟိုဥက္ကဋ္ဌ၊ မုံရွာမြို့၊ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဧပြီလ(၂၆)ရက်ကကျင်းပရာ စျာပနလှည့်လည်ရာ လမ်းတလျောက် မုံရွာမြို့သူ မြို့သားများစွာ ဖူးမြှော်ခဲ့ကြသည်။ မုံရွာမြို့၊ ရန်ကင်းရပ်၊ ရန်ကင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊...
HomeNewsLocal Newsတစ်ပူပေါ် နှစ်ပူဆင့်ခဲ့သည့် စစ်ကိုင်းမြို့နေ...

တစ်ပူပေါ် နှစ်ပူဆင့်ခဲ့သည့် စစ်ကိုင်းမြို့နေ အိမ်ထောင်စု (၁၁၉)စုအတွက် အရေးပေါ် တာပေါ်လင်များ MRCS ပေးဝေ

စစ်ကိုင်းမြို့ တကောင်းတိုက်နယ်အတွင်း မိုးရွာသွန်းမှုကြောင့် အရေးတကြီးလိုအပ်နေသည့် တာပေါ် လင်စများကို ယမန်နေ့ ဧပြီ(၆)ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်းက သွားရောက် ပေးဝေခဲ့ကြောင်း သိရသည်။

ထိုသို့ပေးဝေရာ၌ အိမ်ထောင်စု တစ်စုလျှင် တာပေါ်လင်(၂) ချပ်နှုန်းဖြင့် အိမ်ထောင်စု (၁၁၉)စုကို အိမ်တိုင်ရာရောက်သွားရောက် ပေးဝေခဲ့ကြောင်း သိရသည်။

” နေပူရာကနေ မိုးရွာတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ဒုက္ခရောက်တာပေါ့ဗျာ။ အခုအချို့လူတွေ ဖျားနေကြတယ် ။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုတာမျိုးပေါ့”ဟု စစ်ကိုင်းမြို့နေ ငလျင်‌ဒဏ်‌ရှောင် ဒေသခံတစ်ဦးက ပြောသည်။

ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းမြို့နှင့် မန္တ‌လေးမြို့တွင် မိုးရွာသွန်းခဲ့မှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ခတ္တရပ်နားခဲ့ရပြီး၊ ငလျင်သင့်ဒေသခံများကို နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် စိတ်ချရသည့် အဆောက်အဦးအချို့ကိုရွေးချယ် ယာယီပြောင်းရွှေ့ခိုလှုံခဲ့ကြရသေးကြောင်း ၎င်းက ဆိုသည်။

ယနေ့ ဧပြီ(၇)ရက်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းက စစ်ကိုင်းမြို့ ငလျင်ဘေးသင့်သူများအတွက် သောက်ရေ၊ သုံးရေများကို စတင်ပေးဝေသွားမည်ဖြစ်ပြီး ရွေ့လျားဆေး ကုသခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၂၄) နာရီအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် မိုးများနိုင်

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းဖြစ်သည့် တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်းစသည့် မြို့များနှင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နှင့် မိုင်းဆတ်မြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင် (၂၄) နာရီအတွင်း 60mm (၂) လက်မခွဲခန့် အထိ မိုးရွာသွန်းနိုင်ပြီး မိုးအလွန်များနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေး ရေးသားထားသည်။ ဧပြီ (၂၆) ရက် နံနက်အစောပိုင်း ရရှိသည့် Meteoblue ၏ Multi-model ခန့်မှန်းချက်များအရ ဧပြီ (၂၈)ရက်၊ (၂၉) ရက်၊ (၃၀) ရက်နှင့် မေလ...

မြန်မာ့ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် လူငယ် (၃၀၀) ကျော် လာရောက်ရွေးချယ်ခံ

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ့ဘောလုံးအကယ်ဒမီ ကျောင်းသားသစ်များကို ယနေ့ ဧပြီ (၂၆)ရက်တွင် ပဏာမအဆင့် စတင်ရွေးချယ်ရာ လူငယ် (၃၀၀)ကျော် လာရောက်ရွေးချယ်ခံခဲ့ကြောင်း သိရသည်။ ရန်ကုန်ဇုန် တစ်ခုတည်းအတွက် ရွေးချယ်ခေါ်ယူခြင်းဖြစ်ပြီး မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ဘောလုံးအကယ်ဒမီ ပဏာမ လူရွေးချယ်ရေးများဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ပဏာမ လူရွေးချယ်ခြင်းအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာမိတကဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် မြို့နယ်အလိုက် အား/ကာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသခံလက်ရွေးစင်ဟောင်းများနှင့် ဆက်သွယ်၍...

တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား ငှက်သိုက် တင်ပို့ခွင့်ပြု

ကမ္ဘောဒီးယား၏ ဇီဝဇိုးငှက်သိုက်များကို တရုတ်ဈေးကွက်များသို့ တင်ပို့ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဧပြီလ ၁၇ ရက်‌နေ့မှ ၁၈ ရက်‌နေ့အထိ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဧပြီလ ၁၇ ရက်‌နေ့က ကမ္ဘောဒီးယားနှင့် တရုတ်အစိုးရ ကိုယ်စားလှယ်များသည် နားလည်မှုစာချွန်လွှာ စုစုပေါင်း(၃၇) ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ကမ္ဘောဒီးယား ဇီဝဇိုးငှက်အသင်းချုပ် ဥက္ကဌ နန်ဆိုသီက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ ယင်းတို့ထဲမှ သုံးခုသည် ကမ္ဘောဒီးယား စိုက်ပျိုးရေးထုတ်ကုန်များနှင့် ဆက်စပ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071