Monday, April 21, 2025

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း...

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက်...

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊...

ပြင်ဦးလွင်တပ်မတော်ဆေးရုံ၌ ငလျင်ဒဏ်ကြောင့်ဆေးကုသမှုခံယူနေရသူများကို နစက ဥက္ကဋ္ဌမှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ဆေးကုသမှုခံယူနေရသူများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ နစက...
HomeInternationalအမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့်...

အမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ ၁၇ ဦး ရှိလာ

အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းတွင် ပြင်းထန်သော မုန်တိုင်းများဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ရုတ်တရက် ရေလွှမ်းမိုးမှု ဆိုးရွားစွာဖြစ်နိုင်သည်ဟု နိုင်ငံတော်မိုးလေဝသဌာနက သတိပေးခဲ့သည်။

ကန်တပ်ကီ၊ တင်နက်စီနှင့် အလာဘားမားပြည်နယ်တို့တွင် ရေလွှမ်းမှု သတိပေးချက်သည် အသက်ဝင်နေဆဲဖြစ်သည်ဟု မိုးလေဝသခန့်မှန်းသူများက ပြောဆိုသည်။

တင်နက်စီပြည်နယ်သည် သဘာဝဘေးဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရပြီး ပြည်နယ်အနောက်ပိုင်းတွင် သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့သည်။ ကန်တပ်ကီ၊ မစ်ဆူရီပြည်နယ်များတွင် နှစ်ဦးစီသေဆုံးခဲ့ပြီး အာကန်‌ဆော၊ အင်ဒီယားနားနှင့် မစ္စစ္စပီပြည်နယ်များတွင် တစ်ဦးစီ သေဆုံးခဲ့ကာ သေဆုံးဦးရေ ထပ်မြင့်တက်နိုင်သေးသည်ဟု ဆိုသည်။

ကန်တပ်ကီပြည်နယ် ဂျက်ဖာဆင်တောင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံများ ပျက်စီးခဲ့သည်ဟု အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောဆိုသည်။

လူမှုကွန်ရက်နှင့် ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သော ဓါတ်ပုံများတွင် မုန်တိုင်းကြောင့် ပြည်နယ်အများအပြားတွင် ပျက်စီးမှုအနှံ့အပြားဖြစ်နေခဲ့သည်ကို တွေ့ရပြီး၊ နေအိမ်များပြိုကျခြင်း၊ သစ်ပင်များ ပြိုလဲခြင်း၊ ဓါတ်အားလိုင်းများ လဲကျခြင်းနှင့် ကားများတိမ်းမှောက်ခြင်းတို့ ပါဝင်သည်။

နိုင်ငံအရှေ့တောင်ပိုင်းနှင့် ပင်လယ်ကွေ့ကမ်းရိုးတန်း အစိတ်အပိုင်းများတွင် ညနေပိုင်းနှင့် ညသန်းခေါင်ကျော်ချိန်အထိ မိုးကြီးမှုနှင့် ရုတ်တရက် ရေကြီးမှုများဖြစ်နိုင်ခြေရှိနေဆဲဟု နိုင်ငံတော်မိုးလေဝသဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw State Academy ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိပြီး ဇွန်လကျောင်းဖွင့်ချိန်အမှီ ပြုပြင်မည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ထိခိုက်ပျက်စီးမှုအနည်းငယ်အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နစက ဒု-ဥက္ကဋ္ဌမှ ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်၊ ဆေးပညာသင်ကြားရေးဆောင်၊ စီးပွားရေးပညာသင်ကြားရေးဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာ သင်ကြားရေးဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့်လူမှုရေးပညာသင်ကြားရေးဆောင်တို့၏ ထိခိုက်ပျက်စီးမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ပင်မ Column တိုင်နှင့် Beam...

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက် တိုင်းသယံဇာတဝန်ကြီးဦးဆောင်သော တိုင်းဒေသကြီးအဆင့် စစ်ဆေးရေးအဖွဲ့များက ဧပြီ ၃ ရက်နှင့်၊ အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့က ဧပြီ ၇ ရက်တို့တွင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ဖျက်သိမ်းသွားမည်ဖြစ်ရာ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ပစ္စည်းများကိုသိမ်းယူနိုင်ရန် ဧပြီ ၉ ရက်အထိခွင့်ပြုပေးခဲ့ပြီး စစ်ဆေးချက်များတွင် အဆင့်မြင့်ဈေးချိုတော် ပင်မအဆောက်အဦမှာ Main...

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ်များပြားလာသဖြင့် ဒေသတွင်းနေထိုင်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများလိုအပ်မည်ဖြစ်ရာ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရေးအတွက် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဦးလွင်ဒေသ၏ လက်ရှိလူဦးရေနှင့် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုပါကြိုတင်မျှော်မှန်း၍ စီမံဆောင်ရွက်ထားရမည်ဟု မှာကြားသည်။ ထို့ပြင် လက်ရှိရေရရှိနေသည့် ရေလှောင်တမံများ ၏ နှစ်စဉ်ရေရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုပမာဏတို့ကို ဆန်းစစ်သုတေသနပြုလုပ်ရမည်ဖြစ်ကာ ရေအရင်းအမြစ်များဆုံးရှုံးမှုမရှိစေရေးအတွက် ရေလှောင်တမံများအနီးရှိ ရေဝေရေလဲတောများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ဆည်တာတမံများအတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071