Thursday, April 24, 2025

Block stamp အထူးထုတ် (၂,၄၀၀ကျပ်တန်)...

(၁၂)လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် Block stamp အထူးထုတ် (၂,၄၀၀ကျပ်တန်) တံဆိပ်ခေါင်းသစ် တစ်မျိုးကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာသီပွဲတော်များနှင့်...

မန္တလေးမှတဆင့် မူဆယ်သို့ ကုန်စည်လမ်းကြောင်းပြန်ပွင့်ရန် နှစ်ဖက်ဆွေးနွေးမှုများရှိနေ

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် နှစ်ဘက်ဆွေးနွေးမှုများပြုလုပ်နေကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ လားရှိုးမြို့သို့ တပ်မတော် ပြန်လည်ဝင်ရောက်ပြီးနောက် မန္တလေး -...

ငလျင်ဘေးသင့် ပြည်သူများအတွက် သက်သာသော စျေးနှူန်းဖြင့်...

မန္တလေးမြို့ရှိ မွေးမြူရေး လုပ်ငန်းရှင်များစုပေါင်းကာ ငလျင်ဘေးသင့် ပြည်သူများအတွက် သက်သာသော စျေးနှုန်းများဖြင့် ကြက်ဥကြက်သားများကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်ကို ဧပြီလ (၂၃) ရက်မှ...

Max Cement က ငလျင်ဒဏ်သင့်...

ငလျင်ဒဏ်သင့်ဒေသများရှိ အများပြည်သူများနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြုပြင်ရန်နှင့် ပြည်သူလူထု၏ တိုက်တာ‌နေအိမ်များ တည်ဆောက်နိုင်ရန်အတွက် Max Cement မှ စက်ရုံတိုက်ရိုက်ဈေးများ...
HomeNewsLocal Newsအင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်...

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa အဆောက်အဦးမှ အလောင်း (၈) လောင်း ထပ်မံတွေ့ရှိ

ပြီးခဲ့သည့် မတ်လ (၂၈) ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ၇.၇ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa Condo ပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများကို ဆက်လက်ရှာဖွေလျက်ရှိရာ ယနေ့ ဧပြီလ (၇) ရက်တွင် ရုပ်အလောင်း (၈) လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦး အပျက်အစီးများကြား၌ ပိတ်မိနေသူများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံမှ Blue Sky Rescue အဖွဲ့ဝင်များနှင့် ပူးပေါင်းရှာဖွေနေခြင်းဖြစ်ပြီး အမျိုးသမီးရုပ်အလောင်း (၆) လောင်းကို ပထမဦးစွာ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့နောက်ဆက်လက်ရှာဖွေရာ နေ့လယ် (၁၂) နာရီ (၂၈) မိနစ်တွင် အမျိုးသမီး ကလေးရုပ်အလောင်း (၁) လောင်း၊ (၁၂) နာရီ (၃၆) မိနစ်တွင် နောက်ထပ်ရုပ်အလောင်း (၁) လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Sky Villa Condo သည် အောင်မြေသာစံမြို့နယ် ၊ ၆၂ လမ်းပေါ်ရှိ ရေစစ်ကန်အနီးတွင် တည်ရှိသည့် (၁၁) မြင့် လူနေအဆောက်အဦး ဖြစ်သည်။

ဆောက်လုပ်သူ ကန်ထရိုက်တာနှင့် တာဝန်ရှိသူများက အဆိုပါ အဆောက်အဦးအား ငလျင်ဒဏ်ခံအဆောက်အဦးဟုပြော ဆိုရောင်းချခဲ့ပြီး ယခုငလျင်လှုပ်ခတ်မှုတွင် အဆောက်အဦး အများစုပြိုကျပျက်စီးသွားပြီး အချို့မှာမြေအောက်သို့ ကျွံဝင်သွားသည့် အခြေအနေဖြစ်သည်။

ယင်းအဆောက်အဦး ပြိုကျပျက်စီးမှုသည် ယခုငလျင်တွင် လူအ‌ေ-သအပျေ-ာက် အများဆုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့် အဆောက်အဦးဖြစ်သည်။

ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Block stamp အထူးထုတ် (၂,၄၀၀ကျပ်တန်) တံဆိပ်ခေါင်းသစ် တစ်မျိုးရောင်းချပေးမည်

(၁၂)လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် Block stamp အထူးထုတ် (၂,၄၀၀ကျပ်တန်) တံဆိပ်ခေါင်းသစ် တစ်မျိုးကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်Block stamp အထူးထုတ် (၂,၄၀၀ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ဧပြီလ (၂၈) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (တနင်္လာနေ့)နံနက် ၉ နာရီခွဲမှစတင်၍ ရောင်းချပေးသွားမည်ဖြစ်သည်။ အဆိုပါ တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်နက်တည်း...

မန္တလေးမှတဆင့် မူဆယ်သို့ ကုန်စည်လမ်းကြောင်းပြန်ပွင့်ရန် နှစ်ဖက်ဆွေးနွေးမှုများရှိနေ

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် နှစ်ဘက်ဆွေးနွေးမှုများပြုလုပ်နေကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ လားရှိုးမြို့သို့ တပ်မတော် ပြန်လည်ဝင်ရောက်ပြီးနောက် မန္တလေး - လားရှိုး - မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ " အဓိကတော့ မန္တလေးပြည်မကြီးကနေ မူဆယ်ကို ကုန်စည်လမ်းကြောင်းပြန်ဖွင့်ဖို့ပေါ့။ ပြန်ဖွင့်နိုင်ဖို့လည်း မျှော်လင့်တယ်။ ဖွင့်ဖို့လည်းရာခိုင်နှုန်းများပါတယ်" ဟု မူဆယ်နယ်စပ်ကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့ရပြီး လက်ရှိတွင် တရုတ်သို့ ပို့ကုန်များကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှတဆင့်...

ငလျင်ဘေးသင့် ပြည်သူများအတွက် သက်သာသော စျေးနှူန်းဖြင့် ကြက်ဥနှင့် ကြက်သားများ ရောင်းချပေးမည်

မန္တလေးမြို့ရှိ မွေးမြူရေး လုပ်ငန်းရှင်များစုပေါင်းကာ ငလျင်ဘေးသင့် ပြည်သူများအတွက် သက်သာသော စျေးနှုန်းများဖြင့် ကြက်ဥကြက်သားများကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်ကို ဧပြီလ (၂၃) ရက်မှ စတင်ကာ အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် နံနက် (၇) နာရီမှ (၁၀) နာရီထိ မန္တလေးမြို့ (၆၂)လမ်း (၄၁)လမ်းထောင့်ရှိ မနော်ရမ္မံကွင်းအတွင်း ရောင်းချပေးသွားမည် ဖြစ်သည်ဟု သိရသည်။ မန္တလေး မွေးမြူရေးလုပ်ငန်းရှင်များ ရောင်းချပေးမည့် ကြက်ဥများသည် ကြက်ဥ (၁၁) လုံးပါ တထုပ်လျှင် ငွေကျပ် (၄,၀၀၀) နှုန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071