Friday, April 18, 2025

ယူအက်စ်အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလအခမ်းအနားကျင်းပမည်–တရုတ်

ပေကျင်း၊ဧပြီ ၁၈ ဝါရှင်တန်၏ အနိုင်ကျင့်သည့်သဘောပါသော အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလသမဂ္ဂအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတရုတ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။ လာမည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပရန်စီစဉ်ထားသည့် အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးကိုဖိတ်ခေါ်ထားပြီး အခွန်ကိုအဆမတန်စည်းကြပ်မည့် ဝါရှင်တန်ကို ပေကျင်းက...

ငလျင်နှင့် ပက်သက်၍ ကောလဟာလသတင်းမှားများကို သတိပြုကြရန်လို

ငလျင်နှင့် ပက်သက်၍ ကောလဟာလသတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေခြင်း ၊ ထပ်ဆင့်ကူးယူဖော်ပြခြင်းများ လုပ်ဆောင်နေကြသည့်အတွက် သတိပြုကြရန်လိုအပ်လာကြောင်း မိုး/ဇလက အသိပေးထားသည်။ ငလျင်သည် မည်သည့်အချိန်၊...

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့သည် ယူကရိန်းငြိမ်းချမ်းရေးအတွက်...

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့သည် ယူကရိန်းပဋိပက္ခအတွက် အဖြေရှာရာတွင် ကူညီနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ပါရီမြို့တွင် ပြင်သစ်နှင့် ဗြိတိန်အရာရှိများနှင့် ဆွေးနွေးပြီးနောက်...

တရုတ်နှင့်ကမ္ဘောဒီးယားသည် သာတူညီမျှမှု၊အပြန်အလှန်ယုံကြည်မှုနှင့်နှစ်ဦးနှစ်ဘက်အကျိုးရှိစွာပူး‌ပေါင်းမှုတို့၏နမူနာကောင်းများဖြစ်ခဲ့–ရှီ

ဖ‌နောင်ပင်၊ဧပြီ ၁၇ တရုတ်နှင့်ကမ္ဘောဒီးယားတို့သည် အရွယ်အစားမတူသည့်နိုင်ငံများအကြား တန်းတူညီမျှမှု၊အပြန်အလှန်ယုံကြည်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် စံနမူနာကောင်းများဖြစ်ခဲ့သည်ဟုတရုတ်သမ္မတရှီကပြောကြားခဲ့သည်။ သမ္မတရှီသည် ကမ္ဘောဒီးယားသို့ နိုင်ငံတော်ခရီးစဉ်အဖြစ်သွားရောက်စဉ် ကမ္ဘောဒီးယားဘုရင်မင်းမြတ် နိုရိုဒွန်ဆီဟာမိုနီနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သမ္မတရှီက ကမ္ဘောဒီးယားဘုရင်မင်းမြတ်၏...
HomeInternationalထိုင်းက အမေရိကန်ကုန်ပစ္စည်းများကို ပိုမိုဝယ်ယူမည်

ထိုင်းက အမေရိကန်ကုန်ပစ္စည်းများကို ပိုမိုဝယ်ယူမည်

ထိုင်းပို့ကုန်များအပေါ် အမေရိက၏ ၃၆ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု၏ သက်ရောက်မှုကို လျော့ပါးသက်သာစေရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ စွမ်းအင်၊ လေယာဉ်နှင့် စိုက်ပျိုးရေးထွက်ကုန်များကိုတိုးမြှင့် တင်သွင်းသွားမည်ဟု အစိုးရက ကတိပြုခဲ့ကြောင်း ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက ပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီး ပီချေးချွန်ဟာဝဇီရာသည် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ယခုသီတင်းပတ်တွင် အမေရိကသို့ သွားရောက်ပြီး ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသည် အမေရိက၏ ပို့ကုန်နိုင်ငံတစ်ခုသာမဟုတ်ဘဲ ယုံကြည်စိတ်ချရသော မိတ်ဆွေနိုင်ငံဖြစ်ကြောင်းကိုလည်း အမေရိကကို ပြောပြမည်ဖြစ်ကြောင်းသတင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

သမ္မတထရမ့်ပ်၏ အခွန်စည်းကြပ်မှုအပေါ် တုန့်ပြန်ရာတွင် အထူးသဖြင့် အခြား အာဆီယံနိုင်ငံ ခေါင်းဆောင်များ၏ အလျင်အမြန်တုန့်ပြန်မှုနှင့် နှိုင်းယှဉ်ပါက နှေးကွေးနေခဲ့မှုအပေါ် ဝေဖန်မှုများထွက်လာပြီးနောက် တစ်ရက်အကြာတွင် သူ၏မှတ်ချက်များထွက်လာခြင်း ဖြစ်သည်။

အမေရိကသည် ထိုင်းပို့ကုန်များအပေါ် စည်းကြပ်ခွန် ၃၆ ရာခိုင်နှုန်း ချမှတ်ထားပြီး အခြားနိုင်ငံ အများအပြားသည်လည်း အလားတူအခြေအနေမျိုးတွင် ရှိနေကြောင်းနှင့် တုန့်ပြန်ရန် အစီအမံများပြင်ဆင်နေကြောင်း သူက ပြောဆိုခဲ့သည်။ “အခွန်စည်းကြပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကတဆင့် ပြင်းထန်တဲ့ လက်တုန့်ပြန်မှုကို ကမ္ဘာက မြင်ရမယ်လို့ ကျွန်မတို့ ယူဆပါတယ်၊ နိုင်ငံအတော်များများက အမေရိကန်အစိုးရနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ခိုင်လုံတဲ့ ရလဒ်တစ်ခုမှ မရခဲ့ပါဘူး” ဟု မစ္စပေတုံတန်က ပြောဆိုသည်။

အခွန်စည်းကြပ်မှုအသစ်သည် မိမိတို့ ပို့ကုန်များ အထူးအားဖြင့် အီလက်ထရွန်းနစ်၊ ပြုပြင်ထားသော အစားအစာများနှင့် စိုက်ပျိုးရေးထွက်ကုန်များအပေါ် သိသိသာသာ သက်ရောက်မှုရှိကြောင်း သူက ပြောသည်။

အစိုးရအနေဖြင့် ယင်းကိစ္စကို ဆွေးနွေးရန်၊ ပုဂ္ဂလိကကဏ္ဍမှ အဆိုပြုချက်များကို ထည့်သွင်းစဉ်းစားရန်နှင့် အမေရိကနှင့် တရားဝင်ရော အလွတ်သဘောအားဖြင့်ပါ ဆွေးနွေးရန် အလုပ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည်ဟု မစ္စပေတုံတန်က ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူအက်စ်အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလအခမ်းအနားကျင်းပမည်–တရုတ်

ပေကျင်း၊ဧပြီ ၁၈ ဝါရှင်တန်၏ အနိုင်ကျင့်သည့်သဘောပါသော အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလသမဂ္ဂအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတရုတ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။ လာမည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပရန်စီစဉ်ထားသည့် အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးကိုဖိတ်ခေါ်ထားပြီး အခွန်ကိုအဆမတန်စည်းကြပ်မည့် ဝါရှင်တန်ကို ပေကျင်းက ပြင်းပြင်းထန်ထန်ရှုံ့ချမည်ဖြစ်သည်ဟုလည်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံစုံမူဝါဒကိုကာကွယ်နိုင်ရန်အတွက် ကျန်နိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရန်ကြိုးပမ်းနေပြီး အမေရိက၏ ကိုယ်ကျိူးစီးပွားကာကွယ်ရေး မူဝါဒကို တန်ပြန်ရန်ကြိုးပမ်းလျက်ရှိသည်။ “အမေရိကဟာ နိုင်ငံတွေကို အပြင်းအထန်ဖိအားပေးနိုင်ဖို့ အခွန်ကိစ္စကို လက်နက်တစ်ခုလိုအသုံးချနေခြင်းဟာ နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနဲ့ဘက်စုံကုန်သွယ်မှုစနစ်ကိုထိခိုက်စေခဲ့ပါတယ်” ဟုလည်းတရုတ်ကဆိုခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်းကမူ ပေကျင်းသည် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာပလက်ဖောင်းအမျိုးမျိုးကိုအသုံးပြုကာ တစ်ဖက်သတ်ဝါဒနှင့်အနိုင်ကျင့်ခြင်း၏အန္တရာယ်များကိုဆွေးနွေးသွားမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။ Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်

ငလျင်နှင့် ပက်သက်၍ ကောလဟာလသတင်းမှားများကို သတိပြုကြရန်လို

ငလျင်နှင့် ပက်သက်၍ ကောလဟာလသတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေခြင်း ၊ ထပ်ဆင့်ကူးယူဖော်ပြခြင်းများ လုပ်ဆောင်နေကြသည့်အတွက် သတိပြုကြရန်လိုအပ်လာကြောင်း မိုး/ဇလက အသိပေးထားသည်။ ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုးဖြစ်သည့်အတွက် ကောလဟလများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများမဖြစ်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်အသိပေးထားခြင်းလည်းဖြစ်သည်။ လက်ရှိတွင် ငလျင်ဒဏ်သင့်ခဲ့ရသော ဒေသများမှ လူထုကြားတွင် မည်သည့်ရက်၌ အင်အားမည်မျှရှိသော ငလျင်တခုထပ်လာမည်ဟုဆိုကာ ပျံ့နှံ့မှုများ ရှိနေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ငလျင်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက သက်ဆိုင်ရာ...

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့သည် ယူကရိန်းငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်နိုင်

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့သည် ယူကရိန်းပဋိပက္ခအတွက် အဖြေရှာရာတွင် ကူညီနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ပါရီမြို့တွင် ပြင်သစ်နှင့် ဗြိတိန်အရာရှိများနှင့် ဆွေးနွေးပြီးနောက် ပြောကြားလိုက်သည်။ သူ၏အဆိုအရ ဆွေးနွေးပွဲများသည် ထိရောက်သောရလဒ်ရှိခဲ့‌ကြောင်း သိရသည်။ "ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် ကျွန်ုပ်တို့အား ပဋိပက္ခ အဖြေရှာရန် ပိုမိုနီးစပ်လာစေရာတွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်" ဟု ရူဘီယိုက ပါရီမြို့ လီဘူဂျေလေဆိပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့အပြင် အိမ်ဖြူတော်သည် ယူကရိန်းအရေးကိစ္စကို ဖြေရှင်းရာတွင် လန်ဒန်နှင့် ပါရီတို့နှင့် မပြတ်ဆက်သွယ်လျက်ရှိကြောင်းကိုလည်း သူက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071