Saturday, April 26, 2025

မြန်မာ့ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် လူငယ်...

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ့ဘောလုံးအကယ်ဒမီ ကျောင်းသားသစ်များကို ယနေ့ ဧပြီ (၂၆)ရက်တွင် ပဏာမအဆင့် စတင်ရွေးချယ်ရာ လူငယ် (၃၀၀)ကျော်...

တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား ငှက်သိုက် တင်ပို့ခွင့်ပြု

ကမ္ဘောဒီးယား၏ ဇီဝဇိုးငှက်သိုက်များကို တရုတ်ဈေးကွက်များသို့ တင်ပို့ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဧပြီလ ၁၇ ရက်‌နေ့မှ ၁၈ ရက်‌နေ့အထိ တရုတ်သမ္မတ...

ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟို ဥက္ကဋ္ဌ၊ မုံရွာမြို့ ရန်ကင်းဆရာတော်ကြီး၏...

ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟိုဥက္ကဋ္ဌ၊ မုံရွာမြို့၊ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဧပြီလ(၂၆)ရက်ကကျင်းပရာ စျာပနလှည့်လည်ရာ လမ်းတလျောက် မုံရွာမြို့သူ မြို့သားများစွာ ဖူးမြှော်ခဲ့ကြသည်။ မုံရွာမြို့၊ ရန်ကင်းရပ်၊ ရန်ကင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊...

ချောက်မြို့၏ နေ့အပူချိန် ၄၅.၂ ဒီဂရီစင်တီဂရိတ်အထိ...

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ယမန်နေ့ ဧပြီ (၂၅) ရက်က ၄၅.၂ ဒီဂရီ စင်တီဂရိတ်အထိ နေ့အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပြီး ယခု ဧပြီလ၏...
HomeInternationalအခွန်ကိစ္စကို အရှေ့တောင်အာရှက ပူးပေါင်းတုန့်ပြန်ရန်...

အခွန်ကိစ္စကို အရှေ့တောင်အာရှက ပူးပေါင်းတုန့်ပြန်ရန် မလေးရှား တွန်းအားပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကို အရှေ့တောင်အာရှဒေသက တုန့်ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက်မှုများကို မလေးရှားနိုင်ငံက ဦးဆောင်သွားမည်ဟု ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြောကြားလိုက်သည်။

“အာဆီယံဥက္ကဌအနေနဲ့ မလေးရှားနိုင်ငံဟာ ဒေသရဲ့စည်းလုံးညီညွတ်မှုကိုပြဖို့၊ ပွင့်လင်းပြီး ပြန်လည်ရုန်းထနိုင်တဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ထိန်းသိမ်းဖို့နဲ့ နိုင်ငံတကာစင်မြင့်မှာ ခိုင်မာတဲ့ အာဆီယံရဲ့ စုပေါင်းအသံကို ရှင်းလင်းစွာ ကြားစေဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဦးဆောင်သွားပါမယ်” ဟု ဧပြီ ၆ ရက်က ဖေ့စ်ဘုတ်အပါအဝင် သူ၏ ဆိုရှယ်မီဒီယာချန်နယ်များတွင် တင်ခဲ့သော ဗီဒီယိုမိန့်ခွန်း၌ အန်ဝါက ပြောကြားထားသည်။

ဒေသဆိုင်ရာ စုပေါင်းတုန့်ပြန်မှုနှင့်ပတ်သက်၍ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နှင့် သူဖုန်းပြောဆိုခဲ့သည်ဟုလည်း သီးခြားပို့စ်တစ်ခုတွင် မစ္စတာ အန်ဝါက ပြောဆိုသည်။ အင်ဒိုနီးရှား သတင်းဌာနများက ဖော်ပြချက်အရ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် ဧပြီ ၆ ရက် ညနေပိုင်းတွင် မစ္စတာ အန်ဝါနှင့် တွေ့ဆုံရန် ရှိနေသည်ဟု ဆိုထားသည်။

ဒေသတွင်း ၁၀ နိုင်ငံစုပေါင်းထားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အမေရိက၏ အခွန်စည်းကြပ်မှုဒဏ်ကို အခံရဆုံးနိုင်ငံများတွင် ပါဝင်နေသည်။ ယင်းတွင် ဗီယက်နမ်နှင့် ကမ္ဘောဒီဒယား သွင်းကုန်များအပေါ် ၄၆ နှင့် ၄၉ ရာခိုင်နှုန်းစီ အသီးသီးသတ်မှတ်ထားပြီး မလေးရှားသည် ၂၄ ရာခိုင်နှုန်း သတ်မှတ်ခံရသည်။

ဒေသတွင်း လုပ်ဖော်ကိုင်ဖက်များကဲ့သို့ပင် မလေးရှားသည် အခွန်စည်းကြပ်မှုများကို လက်တုန့်ပြန်ခြင်း မပြုဘဲ စေ့စပ်ညှိနှိုင်းမှုလုပ်ရန် ကြိုးပမ်းနေခဲ့သည်။ သို့ရာတွင် အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှု ၄၇ ရာခိုင်နှုန်း သတ်မှတ်ထားသည်ဆိုသော ထရမ့်ပ်အစိုးရအဖွဲ့၏ ပြောဆိုချက်ကို မလေးရှားက ငြင်းဆိုထားသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် လူငယ် (၃၀၀) ကျော် လာရောက်ရွေးချယ်ခံ

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ့ဘောလုံးအကယ်ဒမီ ကျောင်းသားသစ်များကို ယနေ့ ဧပြီ (၂၆)ရက်တွင် ပဏာမအဆင့် စတင်ရွေးချယ်ရာ လူငယ် (၃၀၀)ကျော် လာရောက်ရွေးချယ်ခံခဲ့ကြောင်း သိရသည်။ ရန်ကုန်ဇုန် တစ်ခုတည်းအတွက် ရွေးချယ်ခေါ်ယူခြင်းဖြစ်ပြီး မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ဘောလုံးအကယ်ဒမီ ပဏာမ လူရွေးချယ်ရေးများဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ပဏာမ လူရွေးချယ်ခြင်းအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာမိတကဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် မြို့နယ်အလိုက် အား/ကာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသခံလက်ရွေးစင်ဟောင်းများနှင့် ဆက်သွယ်၍...

တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား ငှက်သိုက် တင်ပို့ခွင့်ပြု

ကမ္ဘောဒီးယား၏ ဇီဝဇိုးငှက်သိုက်များကို တရုတ်ဈေးကွက်များသို့ တင်ပို့ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဧပြီလ ၁၇ ရက်‌နေ့မှ ၁၈ ရက်‌နေ့အထိ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဧပြီလ ၁၇ ရက်‌နေ့က ကမ္ဘောဒီးယားနှင့် တရုတ်အစိုးရ ကိုယ်စားလှယ်များသည် နားလည်မှုစာချွန်လွှာ စုစုပေါင်း(၃၇) ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ကမ္ဘောဒီးယား ဇီဝဇိုးငှက်အသင်းချုပ် ဥက္ကဌ နန်ဆိုသီက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ ယင်းတို့ထဲမှ သုံးခုသည် ကမ္ဘောဒီးယား စိုက်ပျိုးရေးထုတ်ကုန်များနှင့် ဆက်စပ်ပြီး...

ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟို ဥက္ကဋ္ဌ၊ မုံရွာမြို့ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန ကျင်းပ

ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟိုဥက္ကဋ္ဌ၊ မုံရွာမြို့၊ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဧပြီလ(၂၆)ရက်ကကျင်းပရာ စျာပနလှည့်လည်ရာ လမ်းတလျောက် မုံရွာမြို့သူ မြို့သားများစွာ ဖူးမြှော်ခဲ့ကြသည်။ မုံရွာမြို့၊ ရန်ကင်းရပ်၊ ရန်ကင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟို ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဝံသပျံလွန်တော်မူသည့် ဧပြီလ (၁၈)ရက်မှ ဧပြီလ(၂၆)ရက်နံနက်(၇)နာရီအချိန်တိုင်း ဆွမ်းစဥ်ခြင်းကို ပြုလုပ်ခဲ့သည်။ ဆရာတော်ကြီးရုပ်ကလာပ်ကို ဧပြီလ(၂၅)ရက်က ယာယီစံကျောင်းတော်မှ ဗဟိုစံကျောင်းတော်သို့ စံကျောင်းချအခမ်းအနားကျင်းပခဲ့ပြီး နေ့လယ်ပိုင်းတွင် မန္တလေးချိုတူးအဖွဲ့က ဧယာဥ်ကျူးသည်။ ဧပြီလ (၂၆)ရက် ၊ နံနက် (၇)နာရီ ဆွမ်းစဥ်အပြီးတွင် သရဏဂုံတင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071