Saturday, April 19, 2025

မိုင်းဖုန်းဆရာတော်ကြီး၏ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီထောက်ပံ့ရေးခရီးစဥ်စတင်

မန္တလေးငလျင်ကြီးဒဏ်သင့် နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့၌ ကူညီထောက်ပံ့လှူဒါန်းမှုများပြုလုပ်ရန် မိုင်းဖုန်းဆရာတော်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များ ယနေ့ ဧပြီ ၁၉ ရက်နံနက် ၇ နာရီခွဲမှစတင်ကာ မိုင်းဖုန်းမှထွက်ခွာလာပြီဖြစ်ကြောင်း...

ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့်...

ယခု ၂၀၂၅ -၂၀၂၆ ရာသီ MNL League Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် ဧရာဝတီယူနိုက်ဘောလုံးအသင်းသည် နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့်...

ငလျင်ကူညီကယ်ဆယ်ရေး နစကဥက္ကဌနှင့် ဆွေးနွေးခဲ့–အန်ဝါ

တိုင်းပြည်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အရေးကြီး‌ကြောင်း၊ မကြာသေးခင်က ငလျင်လှုပ်ခဲ့ခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် မြန်မာအစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး...

လားရှိုးမြို့အဝင်အထွက် ပုံမှန်အတိုင်းသွားလာနိုင်ဟုဆို

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်အထွက်အား ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးအား ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။ "ဌာနဆိုင်ရာတွေလည်း မဝင်သေးပါဘူး။ (၂၁)ရက်မှလို့တော့ကြားတယ်။ ဒီမှာလည်း ကိုးကန့်တပ်က သွားသွားလာလာပဲ တွေ့နေရတယ်။...
HomeNewsLocal Newsမြို့တော်ဝန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို...

မြို့တော်ဝန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို ဖျက်သိမ်း

ယနေ့တွင် ရန်ကုန်မြို့တော်ဝန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို ဖျက်သိမ်းလိုက်‌ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် မြို့တော်ဝန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်တွင် မဏ္ဍပ်ဆောက်လုပ်၍ ယခုနှစ်တွင် သင်္ကြန်ပွဲတော်ကို ကျင်းပမည်မဟုတ်ကြောင်း သိရသည်။

” မနေ့ညကမှ လှမ်းအကြောင်းကြားတာဖျက်ဖို့။ ဒီနေ့တော့ မြို့တော်ဝန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ကိုတော့ အကုန်ဖျက်လိုက်ပြီ။ ပြည်သူ့ရင်ပြင်ထဲမှာတော့ မဟုတ်ဘူး။ အပြင်မှာက မဏ္ဍပ်အသေးလေးတွေလုပ်ထားတာရှိတယ်။ အဲဒါကလည်း နဂိုကတည်းက လျာထားတဲ့ဟာ။ အခုထိတော့ ဘာမှမပြောသေးဘူး။ ဖျက်မဖျက်ကိုလေ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် လူပေါင်းထောင်ချီသေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် ရန်ကုန်တွင် သင်္ကြန်ပွဲတော်ကို တိတ်တဆိတ်သာကျင်းပသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ အနေဖြင့် ပြင်းထန် ငလျင်ဘေး အန္တရာယ်ကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်တို့တွင် ပြည်သူအချို့ သေဆုံးထိခိုက် ဒဏ်ရာရ ထိခိုက်နစ်နာဆုံးရှုံးမှုတွေကို ကြုံတွေ့နေရသည့်အတွက် ယခုနှစ်မြန်မာ့ရိုးရာသင်္ကြန်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုင်းဖုန်းဆရာတော်ကြီး၏ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီထောက်ပံ့ရေးခရီးစဥ်စတင်

မန္တလေးငလျင်ကြီးဒဏ်သင့် နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့၌ ကူညီထောက်ပံ့လှူဒါန်းမှုများပြုလုပ်ရန် မိုင်းဖုန်းဆရာတော်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များ ယနေ့ ဧပြီ ၁၉ ရက်နံနက် ၇ နာရီခွဲမှစတင်ကာ မိုင်းဖုန်းမှထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။ မိုင်းဖုန်းဆရာတော်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များသည် ကားအစီး(၄၀)ခန့်ဖြင့် တာချီလိတ်-မိုင်းဆတ်သွားကားလမ်းအတိုင်းကြွရောက်၍ မိုင်းပန်မြို့၊ တောင်ကြီးမြို့၊ မန္တလေးမြို့တို့တွင် ညအိပ်တော်မူကြမည်ဖြစ်ကာ မန္တလေးမြို့၌ ငလျင်ကူညီထောက်ပံ့ရေးပစ္စည်းများကိုလှူဒါန်းပြီးနောက် ပြင်ဦးလွင်မြို့တွင် ညအိပ်တော်မူမည်ဖြစ်သည်။ ထို့ပြင် ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ပြန်လည်ကြွရောက်ပြီး နေပြည်တော်သို့ဆက်လက်ကြွရောက်ကာ ငလျင်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းပြီးနောက် နေပြည်တော်တွင် ညအိပ်တော်မူပြီး ရန်ကုန်မြို့သို့ထပ်မံကြွရောက်ကာ ရန်ကုန်မြို့တွင် ၃ ရက်ခန့် အပူဇော်ခံပြီးညအိပ်တော်မူမည်ဖြစ်ကာ ထိုမှတစ်ဆင့် တောင်ကြီးမြို့သို့ပြန်လည်ကြွရောက်တော်မူမည်ဖြစ်သည်။ " ခရီးစဥ်ကတော့ ရက်အလိုက်ဆွဲထားတယ်။...

ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်

ယခု ၂၀၂၅ -၂၀၂၆ ရာသီ MNL League Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် ဧရာဝတီယူနိုက်ဘောလုံးအသင်းသည် နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း အသင်းက အသိပေးထားသည်။ နည်းပြချုပ် ဦးချစ်ခိုင်သည် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း အစရှိသည့် အသင်းများအား ၁၉၉၉ - ၂၀၀၀ ပြည့်နှစ်များမှ စတင်ကာ နည်းပြချုပ်တာဝန်ယူခဲ့သူဖြစ်ပြီး အားကာသိပ္ပံ (မန္တလေး)မှတဆင့် နိုင်ငံ့လက်ရွေးစင်ကစားသမားများအား မွေးထုတ်ပေးခဲ့သူတစ်ဦးဖြစ်သည်။ ထို့ပြင် မြန်မာ့လက်ရွေးစင် ယူ ၁၉၊ ယူ ၂၁ အသင်းများ၏...

ငလျင်ကူညီကယ်ဆယ်ရေး နစကဥက္ကဌနှင့် ဆွေးနွေးခဲ့–အန်ဝါ

တိုင်းပြည်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အရေးကြီး‌ကြောင်း၊ မကြာသေးခင်က ငလျင်လှုပ်ခဲ့ခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် မြန်မာအစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။         အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီး သုံးပတ်အကြာတွင် တွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်တစ်ဦးက ရှားရှားပါးပါး ဆွေးနွေးပြောဆိုမှုဖြစ်သည်။        “ယာယီဆေးရုံ ဖြန့်ကျက်ချထားရေး အပါအဝင် ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု အန်ဝါ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071