Monday, April 28, 2025

အိန္ဒိယ၌ကားတစ်စီး ရေတွင်းထဲကျပြီး လူ ၁၂...

နူးဒေလီ၊ဧပြီ ၂၈ အိန္ဒိယနိုင်ငံအလယ်ပိုင်း မတ္တရာပရာဒက်ရှ်ပြည်နယ်တွင် ယာဉ်တစ်စီး ရေတွင်းထဲသို့ကျမှုကြောင့် လူ ၁၂ ဦး ထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ မတ္တရာပရာဒက်ရှ်၏ Mandsaur...

တာလေမြို့နယ်၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပျ-က်စီး

ရှမ်းပြည်နယ်၊ တာလေမြို့နယ်တွင် ဧပြီ ၂၇ ရက်ညပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။ တာလေမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတို-က်ခ-တ်ခဲ့မှုကြောင့် မိုင်းလင်းအရှေ့ကျေးရွာအုပ် စု၊...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ‌ေ-သဆုံးခဲ့ရသူများအတွက် နစကမှ တစ်လပြည့်နေ့ဆွမ်းဆက်ကပ်

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် သေဆုံးပျံလွန်တော်မူခဲ့သည့် ရဟန်း၊ ရှင်၊ လူပြည်သူများအားရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့...

မေလမှ စတင်ကာ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်မည်

၂၀၂၅ ခုနှစ်၊ မိုးဦးကာလသည် မေလ (၁၆)ရက်မှ စတင်ကာ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ ၂၀၂၅ ခုနှစ်၊ မိုးဦးကာလသည်...
HomeNewsLocal Newsလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှ ဧပြီ...

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှ ဧပြီ ၁၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း(ကပ္ပလီကျွန်းအနီး)တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ ဧပြီ ၇ ရက်မှ ဧပြီ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

ယနေ့ ဧပြီ ၇ ရက်မှစ၍ ဧပြီ ၁၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၁၁ ရက်မှ ဧပြီ ၁၅ ရက်အတွင်း၌လည်း စစ်ကိုင်းတိုင်း(အောက်ပိုင်း)နှင့် မကွေးတိုင်းတို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ ကျန်တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ သွန်းနိုင်ကာ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထိုသို့ မိုးထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကာ မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်းများ၊ လေတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် အဆောက်အအုံများ၊ သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ် ဓာတ်အားလိုင်းများ ပြိုကျခြင်း၊ ယိုင်လဲခြင်း သဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယ၌ကားတစ်စီး ရေတွင်းထဲကျပြီး လူ ၁၂ ဦးထက်မနည်း‌ေ-သဆုံးခဲ့

နူးဒေလီ၊ဧပြီ ၂၈ အိန္ဒိယနိုင်ငံအလယ်ပိုင်း မတ္တရာပရာဒက်ရှ်ပြည်နယ်တွင် ယာဉ်တစ်စီး ရေတွင်းထဲသို့ကျမှုကြောင့် လူ ၁၂ ဦး ထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ မတ္တရာပရာဒက်ရှ်၏ Mandsaur ဧရိယာ၌ အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် အဆိုပါခရီးသည်များသည် ဘုရားကျောင်းတစ်ခုဆီသို့သွား နေချိန်ဖြစ်သည်ဟုလည်းသိရသည်။ မီဒီယာသတင်းများအရ အဆိုပါယာဉ်သည် စက်ဘီးနှင့် ပထမဦးစွာ တိုက်မိခဲ့ပြီးနောက် အနီးရှိရေတွင်းထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ‌ေ-သဆုံးသူတစ်ဦးစီ၏ မိသားစုဝင်များအတွက် အိန္ဒိယရူပီး (၂၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၂,၃၄၃ ဝန်းကျင်) ခန့်လျော်ကြေးငွေပြန်ပေးမည်ဟု ပြောကြားခဲ့သည်။ Source  : ရှင်းဟွာ

တာလေမြို့နယ်၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပျ-က်စီး

ရှမ်းပြည်နယ်၊ တာလေမြို့နယ်တွင် ဧပြီ ၂၇ ရက်ညပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။ တာလေမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတို-က်ခ-တ်ခဲ့မှုကြောင့် မိုင်းလင်းအရှေ့ကျေးရွာအုပ် စု၊ ဝမ်ဟာကျေးရွာရှိ ဝမ်ဟဘုန်းတော်ကြီးကျောင်း ၏ ကျောင်းအဆောက်အအုံများပျ-က်စီးဆုံးရှုံးခဲ့ရသဖြင့် ဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ Photo-စိုင်းသန့်ဇင်လတ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ‌ေ-သဆုံးခဲ့ရသူများအတွက် နစကမှ တစ်လပြည့်နေ့ဆွမ်းဆက်ကပ်

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် သေဆုံးပျံလွန်တော်မူခဲ့သည့် ရဟန်း၊ ရှင်၊ လူပြည်သူများအားရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ ဧပြီ ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပခဲ့သည်။ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်၏ ပဓာနနာယကဆရာတော်၊ တပ်ကုန်းမြို့၊ နိုင်ငံ‌တော်သြဝါဒါစရိ ယ၊ မဟာသီဟနာဓကျောင်းတိုက်ဆရာတော်ကြီးတို့အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက မဟာသီဟနာဓကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာ တော်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071