Friday, April 25, 2025

ဖနောင်ပင်နှင့်ဘန်ကောက်တို့ ကုန်သွယ်ရေးဆက်ဆံမှုတိုးမြှင့်မည်

ဖနောင်ပင်၊ဧပြီ ၂၄ ကမ္ဘောဒီးယားနှင့်ထိုင်းတို့သည် ကမ္ဘာလုံးတစ်ဝန်း၌ဖြစ်ပွါးနေသော ကုန်သွယ်ရေးပွတ်တိုက်မှုများရှိ‌နေချိန်၌ ကုန်သွယ်‌ရေး ဆက်ဆံရေးကို တိုးမြှင့်ရန်သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ‌၌ ပြောကြားခဲ့သည်။ ယခုကတိကဝတ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်နှင့် အလည်အပတ်ရောက်ရှိနေသော...

ကက်ရှ်မီးယားတို-က်ခိုက်မှု‌ကြောင့်အိန္ဒိယကပါစ္စတန်နှင့်ဆက်ဆံရေး အဆင့်လျှော့ချ

ကက်ရှ်မီးယားဒေသ ကမ္ဘာလှည့်ခရီးသွားမြို့ ပါဟယ်လ်ဂမ်တွင် ‌ေ-သနတ်သမားများက လူ ၂၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ပေါ်ပေါက်ခဲ့သဖြင့် အိန္ဒိယအစိုးရက ပါကစ္စတန်နှင့် ၎င်း၏ ဆက်ဆံရေးကို အဆင့်နှိမ့်ချမည့်...

မကာအိုအရေးပေါ်ဆေးအဖွဲ့ ကူညီရန် မြန်မာသို့ရောက်ရှိလာ

မကာအို၊ဧပြီ ၂၄ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဖိတ်ကြားချက်အရ တရုတ်အပြည်ပြည်ဆိုင်ရာ ဆအရေးပေါ်‌ဆေးအဖွဲ့ (မကာအို) သည် ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ဆေးဝါးကုသမှု‌ပေးရန်နှင့်နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ထောက်ပံ့ရန် မြန်မာနိုင်ငံသို့ (၁၄) ရက်ကြာမစ်ရှင်အဖြစ်လာမည်ဟု...

အစ္စတန်ဘူလ်၌ ငလျင်ဘေးစိုးရိမ်ပြီးခုန်ချသဖြင့် လူ ၁၅၁...

အစ္စတန်ဘူလ်၊ဧပြီ ၂၃ ဧပြီလ ၂၃ ရက်နေ့က တုကီယေး၌ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ရာ ထိတ်လန့်တုန်လှုပ်ပြီး အ‌ဆောက်အအုံ...
HomeNewsLocal Newsမန္တလေးငလျင်ကြီးကြောင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်း ပျက်စီးခဲ့မှုများကို...

မန္တလေးငလျင်ကြီးကြောင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်း ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်းရှိ အားကစားရုံများကိုပါသက်ရောက် ထိခိုက်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၇ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

အားကစားပြိုင်ကွင်းကြီးအတွင်းရှိ ဘောလုံးကွင်းနှင့် ပြေးလမ်း ထိခိုက်ပျက်စီးခဲ့ရမှုများ၊ ပွဲကြည့်စင်နှင့် ဝင်ပေါက်များထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ပြုပြင်ရာတွင် သက်ဆိုင်ရာအဖွဲ့များမှ နည်းပညာရှင်များဖြင့် စနစ်တကျစစ်ဆေးပြုပြင်ရန်၊ အားကစားပွဲများကျင်းပချိန်တွင် အားကစားသမားများနှင့် ပရိသတ်များ အများအပြားလာရောက်မည်ဖြစ်၍ ကြံ့ခိုင်မှုကို အလေးပေးဆောင်ရွက်ရန်၊ မီတာ ၄၀၀ ပြေးလမ်းနှင့် ပွဲကြည့်စင်များရှိထိုင်ခုံများကို စနစ်တကျပြန်လည်ပြုပြင်ရန် မှာကြားခဲ့သည်။

ထို့ပြင်၂၀၁၃ ခုနှစ်၊ မေ ၃၁ ရက်ကတည်ဆောက်ပြီးစီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့်(B) အဆောက်အဦနှင့် ၂၀၁၃ ခုနှစ်၊ မေ ၃၀ ရက်ကတည်ဆောက်ပြီးစီးခဲ့သည့် ဝဏ္ဏသိဒ္ဓိရေ ကူးကန်တို့တွင်လည်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများစှိခဲ့သည်။

ယခုအားကစားရုံများအနေဖြင့် ထိခိုက်ပျက်စီးမှုအနည်းငယ်သာဖြစ်ပေါ်ခဲ့သော်လည်း Indoor Games များကျင်းပရာနေရာများဖြစ်၍ နည်းပညာရှင်များဖြင့် စနစ်တကျစစ် ဆေးကာ ကြံ့ခိုင်မှုအခြေအနေကိုသိရှိနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကာ လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရာ၌ အဆောက်အဦကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကိုဦးစားပေးပြီး စနစ်တကျပြန်လည်ပြုပြင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှ မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖနောင်ပင်နှင့်ဘန်ကောက်တို့ ကုန်သွယ်ရေးဆက်ဆံမှုတိုးမြှင့်မည်

ဖနောင်ပင်၊ဧပြီ ၂၄ ကမ္ဘောဒီးယားနှင့်ထိုင်းတို့သည် ကမ္ဘာလုံးတစ်ဝန်း၌ဖြစ်ပွါးနေသော ကုန်သွယ်ရေးပွတ်တိုက်မှုများရှိ‌နေချိန်၌ ကုန်သွယ်‌ရေး ဆက်ဆံရေးကို တိုးမြှင့်ရန်သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ‌၌ ပြောကြားခဲ့သည်။ ယခုကတိကဝတ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်နှင့် အလည်အပတ်ရောက်ရှိနေသော ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့က ထပ်လောင်းကတိပြုခဲ့ကြခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "ဝန်ကြီးချုပ်နှစ်ဦးသည် လွန်ခဲ့သည့်နှစ်က ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်ရရှိခဲ့သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၌ သိသိသာသာတိုးတက်မှုကို ကျေနပ်အားရမိကြောင်းကိုလည်း မှတ်ချက်ပြုပြောကြားခဲ့ကြသည်" ဟုသတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ ထို့ပြင် ကုန်သွယ်‌ရေးဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် ယခုနှစ်အတွင်း သတ္တမအကြိမ်မြောက် ကမ္ဘောဒီးယား-ထိုင်း ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးကို ကျင်းပရန် နှစ်နိုင်ငံသက်ဆိုင်ရာအဖွဲ့အစည်းများအား တိုက်တွန်းအားပေးခဲ့ကြသည်။ ပေတုန်တန်နှင့်တွေ့ဆုံရာ၌ ကမ္ဘောဒီးယားအထက်လွှတ်တော်...

ကက်ရှ်မီးယားတို-က်ခိုက်မှု‌ကြောင့်အိန္ဒိယကပါစ္စတန်နှင့်ဆက်ဆံရေး အဆင့်လျှော့ချ

ကက်ရှ်မီးယားဒေသ ကမ္ဘာလှည့်ခရီးသွားမြို့ ပါဟယ်လ်ဂမ်တွင် ‌ေ-သနတ်သမားများက လူ ၂၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ပေါ်ပေါက်ခဲ့သဖြင့် အိန္ဒိယအစိုးရက ပါကစ္စတန်နှင့် ၎င်း၏ ဆက်ဆံရေးကို အဆင့်နှိမ့်ချမည့် အစီအမံတစ်ရပ်အား ကြေညာလိုက်သည်။         အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုရှိကြောင်း လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့ အထူးအစည်းအဝေးတွင် ထုတ်ဖော်တင်ပြခဲ့ပြီးနောက် ပါကစ္စတန်ကို အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vikram Misri က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။             နှစ်နိုင်ငံအကြား အဓိက ကုန်းမြေနယ်စပ်ဂိတ်ကို ချက်ချင်းပိတ်မည်ဖြစ်ကာ နှစ်နိုင်ငံအကြာ အင်ဒုစ်မြစ်ကြောင်းစနစ်မှ...

မကာအိုအရေးပေါ်ဆေးအဖွဲ့ ကူညီရန် မြန်မာသို့ရောက်ရှိလာ

မကာအို၊ဧပြီ ၂၄ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဖိတ်ကြားချက်အရ တရုတ်အပြည်ပြည်ဆိုင်ရာ ဆအရေးပေါ်‌ဆေးအဖွဲ့ (မကာအို) သည် ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ဆေးဝါးကုသမှု‌ပေးရန်နှင့်နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ထောက်ပံ့ရန် မြန်မာနိုင်ငံသို့ (၁၄) ရက်ကြာမစ်ရှင်အဖြစ်လာမည်ဟု သိရသည်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ၌ အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများနှင့်လူ‌ေ-သဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ မကာအိုကျန်းမာရေးဗျူရိုက WHO ၏ဖိတ်ကြားချက်အရ ယခုဆေးအဖွဲ့ကို နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင်နှင့်မကာအိုရေးရာရုံးနှင့် တရုတ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ သဘောတူညီချက်ဖြင့်စေလွှတ်ခြင်းဖြစ်ကာ မကာအိုရှိတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန မင်းကြီးရုံးနှင့်မကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ၏ ကူညီထောက်ပံ့မှုများဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဖွဲ့၏အဓိကလုပ်ငန်းတာဝန်များမှာ ငလျင်ဘေးသင့်ဒေသများရှိ ဆေးဘက်ဆိုင်ရာအရင်းအမြစ်များလိုအပ်ချက်ပမာဏကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071