မော်စကို၊ဧပြီ ၁၁
ရုရှားသည် ၎င်း၏ရေတပ်ကို အဆင့်မြှင့်တင်ရန်အတွက် လာမည့်ဆယ်စုနှစ်အတွင်း ရူဘယ် ၈ ဒသမ ၄ ထရီလျံ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၅ ဘီလျံခန့်)ဘတ်ဂျက် ခွဲဝေအသုံးပြုမည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က သောကြာနေ့တွင်ပြောကြားခဲ့သည်ဟုသိရသည်။
ပြောင်းလဲနေသည့်ကမ္ဘာ့အခြေအနေ၊ အသစ်ထွက်ပေါ်လာသောစိန်ခေါ်မှုများ၊ ရေကြောင်း အန္တရာယ်များနှင့် လျင်မြန်သောနည်းပညာတိုးတက်မှုများက ရေတပ်ကို ပုံသဏ္ဍာန်သစ်ဖန်တီးရန် လိုအပ်ေစကြောင်း ရုရှားရေတပ်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင်ပူတင်ကပြောကြားခဲ့သည်။
ရုရှားရေတပ်၏ မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့တွင် ခေတ်မီလက်နက်များနှင့် ပစ္စည်း ကိရိယာများသည်ရာနှုန်းပြည့်ရှိကြောင်း ပူတင်ကပြောကြားခဲ့ပြီး အဆိုပါကိန်းဂဏန်းကို အနာဂါတ်တွင်လည်းဆက်လက်ထိန်းသိမ်းထားရမည်ဟုဆိုခဲ့သည်။
ရေတပ်သည် နိုင်ငံ၏ကာကွယ်ရေးနှင့်လုံခြုံရေး၌ အဓိကကျသော အခန်းကဏ္ဍ တွင်ပါဝင်ပြီး ကမ္ဘာ့သမုဒ္ဒရာများအတွင်း ရုရှား၏အကျိုးစီးပွားကိုကာကွယ်ရာ၌လည်း အဓိကကျေသာ ကဏ္ဍမှပါဝင်သည်ဟု သမ္မတကထပ်လောင်း ပြောကြားခဲ့သည်။
Source : ရှင်းဟွာ