ဘယ်လို ဝေဖန်မှုမျိုးက သွန်းဆက် ကို စိတ်မကောင်း ဖြစ်မိစေမလဲ

0
455

thun-set-1သွန်းဆက်က သူ့ရဲ့ဗီဒီယို ဇာတ်ကားတွေ ကို ပရိသတ် အားပေးတဲ့ အကြောင်းရင်း က အလုပ်ကို သေချာလေး အာရုံစိုက်ပြီး ပရိသတ် သဘောကျရ လောက်တဲ့ ဇာတ်ကား ကောင်းလေးတွေကို ရိုက်ကူး တာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

“အခု လတ်တလော သွန်းဆက် ရဲ့ ဗီဒီယို ဇာတ်ကားလေး တွေကို ပရိသတ် အားပေးတာ တွေ့ရတော့ ဝမ်းသာပါတယ်။ အဓိက က အလုပ်တစ်ခု စလုပ် ကတည်းက သေချာလေး ဖြစ် အောင် အာရုံ စိုက်ပြီး လုပ်တယ်။ ပရိသတ် သဘော ကျမယ့် ဇာတ်ကား ကောင်းလေးတွေကို ရိုက်ကူးတယ်။ ကာရိုက်တာ နဲ့လိုက်အောင် အကောင်းဆုံး ကြိုးစားပါတယ်”လို့ သွန်းဆက် က ပြောပါတယ်။

အနုပညာ သက်တမ်း လေးနှစ်ကျော် ရှိပြီဖြစ်တဲ့ သွန်းဆက်က သူ့ အနေနဲ့ အတွေ့အကြုံတွေ လည်း အများကြီး ရတဲ့ အပြင် ပရိသတ် အားပေးမှု ရအောင်လည်း အကောင်းဆုံး ကြိုးစားမယ်လို့ ခံယူထားပါတယ်။

“အတွေ့အကြုံတွေက တစ်နှစ်ထက် တစ်နှစ် ပိုပြီးရင့် ကျက်လာတယ်။ ဇာတ်ကား ကောင်းအောင် ရိုက်ကူးပေးတဲ့ ဒါရိုက် တာကောင်းတွေ နဲ့လည်း ကြုံရတယ်။ ဝါရင သရုပ်ဆောင်တွေနဲ့လည်း တွဲရိုက်ကူးရတဲ့အတွက် အတွေ့အကြုံ ပိုရတယ်။ ပရိ သတ် အားပေးမှုရ အောင် အကောင်းဆုံး ကြိုးစားမယ်။ ပရိသတ် တွေ သွန်းဆက် အပေါ် ဝေဖန်ပေးပါ၊ အကြံဥာဏ်ပေးပါ။ ဒါပေမဲ့ အင်အား ယုတ်စေတဲ့ စကားပြောရင် တအား စိတ် မကောင်းဖြစ်မိတယ်” လို့ပြောပါတယ်။

သွန်းဆက်က အခုလတ်တလောမှာတော့ ဇေရဲထက်နဲ့ အတူ “ဖပ်.ဖပ် .ဖပ် အမုန်း”ဇာတ်ကား ရိုက်ကူးနေပြီး ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးဖို့ရှိ ကြောင်း သိရပါတယ်။

ချယ်ရီ၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here