ရန်ကုန်ပွဲစား

0
343

14642377_1134891209924619_3417747822372256028_n

ရန်ကုန်ပွဲစားသည် မိမိကိုယ် မိမိမရှိမဖြစ် ပုဂ္ဂိုလ်ထူးတစ်ဦး အဖြစ်ခံယူထား၏။ ထို့ပြင် မိမိကိုယ် မိမိကမ္ဘာဦးအမွေ အနှစ်သက်ရှိရတနာ တစ်ပါးအဖြစ်လည်း ဂုဏ် မြှောက်ကာ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တတ်၏။ လူရည်လည်မှု၊ ပါးနပ်လိမ္မာမှု၊ ဖြတ်ထိုးဥာဏ်သုံးတတ်မှု၊ အနုပညာမြောက်စွာ လူညွန့်ခူးတတ်မှု အရာတို့တွင် ပြိုင်စံ ရှား၊ အနှိုင်းမဲ့၊ နိုးတူး (No Two) နှစ်ယောက်မရှိသူ အဖြစ်လည်း မိမိကိုယ်မိမိ သွေးနားထင်ရောက်နေရုံ သာမကသွေးက ငယ်ထိပ်တက်သည် အထိ မာန်ဟုန်ကြီး၏။ အဆိုးဆုံးမှာ ရန်ကုန်ပွဲစားသည် ” လောက၌ ဘာသာတရား အသီးသီးတို့၏ အထွတ်အမြတ် ဥသျှောင်တို့ပြီးလျှင် မိမိသာ အကြီးကျယ်ဆုံး” ဟု ခံယူထားခြင်း ဖြစ်ပေသည်။ လွန်ခဲ့သော နှစ် ၄ဝ လောက် က ကမ္ဘာကျော် ဟဲဗီးဝိတ်လက်ဝှေ့ သမား “ကတ်စီးယပ်ကလေး” (ခေါ်) မိုဟာမက်အလီသည် သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို The Greatest ဓအကြီးကျယ်ဆုံးဓ ဟု အမည်ပေးခဲ့သည်။ ထိုအခါ ရန်ကုန် ပွဲစားက ဓ ဒီကပ္ပလီ ဘဝင်မြင့်နေတာ။ တကယ့်အကြီးကျယ်ဆုံးက ငါဆိုတာ ဒီငနဲမသိရှာဘူး။ ဒီငနဲကို စိန်ခေါ်ပြီး ကြိုးဝိုင်းထဲမှာ ဒီငနဲရဲ့မေးရိုးကို ခပ် ပြင်းပြင်းလေး ထိုးပစ်ပြီးဆုံးမမှဖြစ်မယ်ဓ ဟု ကြုံးဝါးခဲ့ဖူးသည်။ အချုပ်အားဖြင့် ရန်ကုန်ပွဲစားက “ငါတို့လို ပွဲစားတွေရှိနေကြလို့ ကမ္ဘာကြီး တည်မြဲနေတာ။ တတိယကမ္ဘာစစ်ကြီး မဖြစ်ပွားနိုင်ဘဲ ကမ္ဘာသက်ရှည်နေတာ။ ကမ္ဘာ့ကျေးဇူးရှင်အစစ်ဟာ ငါပဲ” ဟု အသားလွတ် လေလုံးထွားနေသည်ဟုသာ ဆိုရပေတော့မည်။ “ဆရာကြီးကို တချို့က သမိုင်းဝင် ပုဂ္ဂိုလ်စာရင်းသွင်းဖို့ စီစဉ်နေကြတယ်ခင်ဗျ။ ဘာကြောင့်ပါလဲ” ဟု ရန်ကုန်ပွဲစား၏ နောက်မြီးဆွဲ ပွဲစား ကလေးတစ်ယောက်က မေးဖူးသည်။ ” နယ်ချဲ့ကုလားဖြူတွေနဲ့ ငါတို့ မြန်မာ့ရွှေနန်းရှင် ဘုရင်မင်းမြတ်ရဲ့ တိုက်တိုင်းအောင် တပ်မဟာတို့ စစ်ဖြစ်ကြတော့ ကုလားဖြူ၊ ကုလား နက်တွေက ဥာဏ်နီဥာဏ်နက် အသုံးပြုပြီး အနိုင်ရသွားတာကိုး။ အဲသည်မှာ ရန္တပိုစာ ချုပ်ဆိုတာ ချုပ်ဆိုကြရတယ်။ စစ်ပြေငြိမ်းရေး စာချုပ်ပေါ့။ အဲသည် အခမ်းအနားမှာ ငါက အရက်ဝယ်၊ ကြက်ဖမ်း၊ ပန်းကန်ဆေး၊ ခွေးရိုက် ပေါ့ (အဲ..ဟုတ် ပေါင် ယောင်လို့) ငါက အခမ်းအနားဖြစ်မြောက်အောင် ကြားဝင်ညှိနှိုင်း ဆောင်ရွက် ပေးရတဲ့ ကြားလူ “နီဂိုရှေးတား” Negotiator အဖြစ် တာဝန်ယူရတယ်။ တကယ်တော့ စေ့စပ်ညှိနှိုင်း သူဆိုတာ ပွဲစားတစ်မျိုးပါကွာ” ဟု ရန်ကုန်ပွဲစားက ခံ့ညားကြီးကျယ်စွာ ဖြီးလုံး ထုတ်လိုက်သည်။ တစ်ဖန် ဆက်လက်၍ ” ခုချိန်အထိ နိုင်ငံတကာ အရေးကိစ္စတွေမှာ နီဂိုရှေးတားပွဲစားတွေဟာ အရေးပါတုန်းပဲ။ ရှားစောင်းစေးနဲ့ မျက်ချေးလို မတည့်ကြတဲ့ တရုတ် နဲ့ အမေရိကန် ကို ကြားဝင်စေ့စပ်ပေးတဲ့ ကမ္ဘာ ကျော်နီဂိုရှေးတား ပွဲစားကြီး ဟင်နရီ ကစ်ဆင်းဂျားဆိုတာ မင်း ကြားဖူးမှာပေါ့။ ကစ်ဆင်း ဂျားဟာ ငါ့တပည့် နံပါတ် (၆၁) လူတော် ကလေးတစ်ယောက်ပါကွာ။ အခုတော့ ငနဲလေးသေရှာပြီ” ဟုြ<ွကားလုံး ထုတ်ပြန်သည်။ “ဟိုတလောက မြန်မာပြည်ကို လာတဲ့ ကုလသမဂ္ဂသံတမန် ကိုဖီအာ နန်ဆိုတာကကော နီဂိုရှေးတား ပွဲစားပဲလား” “အမှန်ကတော့ ကုလသမဂ္ဂဟာ အစီ အစဉ်ညံ့တယ်။ ကိုဖီအာနန်ကို မလွှတ်ဘဲ တခြားလူကိုလွှတ် ရမှာ။ ကိုဖီအာ နန် လာတော့ သူ့ကို ကုလားကြီး ထင်ပြီး ဆန္ဒပြလွှတ်တာပေါ့။ အံမယ် ..တချို့က သူ့ကို ကမ္ဘာကျော် ရုပ်ရှင် သရုပ်ဆောင်ကြီး တောင်ထင်ကြသေး သတဲ့။ ကုလသမဂ္ဂ ဟာ ငါနဲ့တိုင်ပင်ရင်အခုလို ဖြစ်မှာမဟုတ်ဘူး” ဟု ရန် ကုန်ပွဲစားက လေတစ်လုံး၊ မိုး တစ်လုံးပြော ပြန်လေသည်။ သူသည် သူ့ကိုယ်သူ အထင် ကြီးလောက်ပါသည်။ တစ်ခေတ် တစ်ခါတုန်းက မြန်မာ နိုင်ငံ တံခါး ပိတ်ဝါဒ ဆန်ဆန်ကျင့် သုံးရပ်တည် စဉ် နိုင်ငံတော်ကာကွယ်ရေးအတွက် လက်နက်ကိရိယာ ဝယ်ယူရန် အခက်အခဲကြုံနေခဲ့သည်။ ” မပူပါနဲ့ခင်ဗျာ။ ကျွန်တော်တစ် ယောက်လုံးရှိပါတယ်” ဟု ရန်ကုန်ပွဲစားက တာဝန်ရှိသူတစ်ဦးကို အာမခံသည်။ ” မောင်ရင်က လက်နက်ပွဲစားလား။ ဆော်ဒီနိုင်ငံက ထိပ်သီး လက်နက်ပွဲစား ကာရှော်ဂီကို သိလို့လား” “အဲသည်အာရပ်.. လက်နက် ပွဲစားလုပ်နိုင်အောင် စီးပွားရေး ပါရဂူဘွဲ့ သုံးဘွဲ့စာလောက်ပညာ တွေ ကျွန်တော် သင်ပေးလိုက်တာပါ။ ကာရှော်ဂီဟာ ကျွန်တော့်တပည့် နံပါတ် (၇၅) ပါခင်ဗျာ” ရန်ကုန်ပွဲစား အဖြီးအဖြန်း ကောင်းသဖြင့် ထိုစဉ်က အလုပ်ဖြစ် စီးပွားတက်ပြီး ရုပ်ရှင်နယ်မှ မထင်မရှား မင်းသမီးတစ်လက်ကိုပင် လက်ထပ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်ပွဲစား ခေတ္တတိမ်မြုပ်နေ သည်။ တိမ်မြုပ်နေခြင်းမှာ ရန်ကုန် အနောက်ပိုင်း တရုတ်တန်းထဲက တရုတ်အဘိုးကြီးတစ်ဦးထံမှာ တိတ်တိတ်ကလေး တရုတ်စာသင်ယူ နေသောကြောင့် ဖြစ်သည်။ တရုတ် အဘိုးကြီးက တရုတ်စကားမျိုးစုံ သင်ကြားပေးသည်။ စိတ်တိုလာလျှင် အဘိုးကြီးက ရန်ကုန်ပွဲစားကို “စည်ပိုင်းလန်ကျောက်” ဟု အော် ငေါက်လေ့ရှိသည်။ ထိုဝေါဟာရ၏ အဓိပ္ပာယ်ကိုတော့ အဘိုးကြီးက ပြောမပြ။ ပြောပြပါရန် အတန်တန် ပူဆာသောအခါ အဘိုးကြီးက “မင့် အမေ့လင်” ဟု ရေရွတ်သည်။ ” သြော်..မင့်အမေ့လင်ဆိုတော့ ကျုပ်အဖေပေါ့။ ကျုပ်အဖေနာမည် က ဦးဖိုးခွေးလေ။ ကျုပ်ကို ခွေးကောင်လို့ ဆဲတာပေါ့။ ဟုတ်လား ဆရာကြီး” ဟု ရန်ကုန်ပွဲစားက ထင်ရာမြင်ရာ မေးမြန်းပြန်သည်။ တရုတ်အဘိုးကြီးက ” ဟေ့ကောင်.. မင်းတို့ဗမာတွေဆဲသလို ခွေးနဲ့နှိုင်း ပြီး ငါတို့က ဘယ်တော့မှမဆဲဘူး။ ခွေးဆိုတာ ဆဲစရာမဟုတ်ဘူးကွ။ ခွေးဆိုတာ စားစရာဟင်းလျာကွ မှတ်ထား” ဟု ပညာပေးလေသည်။ တရုတ်အဘိုးကြီးထံမှ ရန်ကုန်ပွဲစား သည် ပညာတွေတစ်ပုံကြီးရကာ မကြာမီ တရုတ်တို့နှင့် သစ်အရောင်း အဝယ်လုပ်ရန် မြန်မာပြည်မြောက် ပိုင်း တရုတ်နယ်စပ်သို့ ထွက်ခွာခဲ့ သည်။ ရန်ကုန်ပွဲစားသည် နယ်စပ် တွင် ငှက်ဖျားမိကာ အကြီးအကျယ် ဖျားတော့သည်။ ရန်ကုန်ပြန်လာပြီး အထူးတကာ့ထူးရှယ် အထူးကု ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူရ သည်။ သက်သာပျောက်ကင်းသော အခါ နာမည်ကျော် ဗေဒင်လက္ခဏာ ဆရာတစ်ဦးထံ သွားရောက်ပြီး သူ၏ ကံဇာတာကို စစ်ဆေးလေသည်။ ” ခင်ဗျားအမှားတစ်ခုကျူးလွန် ခဲ့တယ်။ အင်မတန်ကြီးကျယ်တဲ့ အမှားပဲ။ အဲသည်အမှားကြောင့် အင်မတန်ကြီးကျယ်တဲ့ တက်ြ<ွက လှုပ်ရှားသူ Activist တွေက ခင်ဗျားကို ကျိန်စာတိုက်လို့ ခင်ဗျား ငှက်ဖျားမိတာ” “အောင်မြတ်လေး..ဘုရား ..ဘုရား၊ ဟောချက်က တောထွက် ချင်လောက်အောင် မှန်နေပါလားဆရာ။ အဲသည် အက်တီးဗစ်တွေက ဘယ်အုပ်စုတွေများလဲဗျာ” ဟု ရန်ကုန်ပွဲစားသည် အကြီးအကျယ် ချောက်ချားတုန်လှုပ်ဟန်ဖြင့် မေးလိုက်သည်။ အမှန်တကယ်ပင် သူ ချောက်ချားတုန်လှုပ်မိသည်။ “ကျိန်စာတိုက်တယ်ဆိုတော့ ကျိန်စာ သင့်တယ်ဆိုရင် အနုမြူရောင်ခြည် သင့်တဲ့ရောဂါထက် ပိုဆိုးတော့မှာ” ဟုလည်း ကြောက်ကြောက်နှင့် တွေးမိသည်။ “ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝါဒီတွေက ကျိန်စာတိုက်တာ” ဟု ဗေဒင်ဆရာက ဟောကြားပြီးနောက် ရန်ကုန်ပွဲစားသည် သစ်လုပ်ငန်းမှ ဝေးဝေးရှောင်ရန် ဆုံးဖြတ်ချက်ချသည်။ ဗေဒင်ဆရာက.. “မပြီးသေးဘူး ကိုယ့်လူ။ ခင်ဗျားမှာ နောက်ထပ် ကျိန်စာတစ်ခုထပ်ပြီးကျရောက်နေတယ်” ဟု ဆို လိုက်သဖြင့် ရန်ကုန်ပွဲစားလန့်သွား ပြန်၏။ “ပြောပါဦးဆရာ၊ ဟောပါဦး.. အမိန့်ရှိပါဦး” ” ခင်ဗျားတို့လို သစ်ပွဲစားတွေ ကြောင့် သစ်တောတွေ ပြုန်းပြီး တောင်ပြို၊ မြေပြိုတာတွေဖြစ်ရတယ်။ မြို့တွေ၊ ရွာတွေ၊ လယ်တွေ၊ ယာတွေရေလွှမ်းမိုးမှုဖြစ်ရတယ်။ ဒါကြောင့် ခင်ဗျားတို့ကို မြန်မာပြည်သူလူထု တစ်ရပ်လုံးက ကျိန်စာတိုက်ထားတယ်။ နောက်ဆိုရင် ပြည်သူလူထုက သစ်ပွဲစားတွေကိုသာမက အိမ်ခြံမြေ ပွဲစားတွေကအစ လူပွဲစားတွေထိ အကြီးအကျယ် ကျိန်စာတိုက်တော့ မှာ။ ကျုပ်ဟောကိန်းကို မယုံမရှိနဲ့ ကိုယ့်လူ” မကြာမီ ရန်ကုန်ပွဲစားသည် ကားပွဲစားအလုပ် လုပ်ကိုင်စားရန် ကားပွဲစားတန်းသို့အသွားမှာ ယာဉ် ထိန်းရဲအလစ်မှာ မီးနီကိုဖြတ်မောင်းသော ကားတစ်စီးဝင်တိုက်သဖြင့် ဘဝတစ်ပါးသို့ ပြောင်းသွားရှာလေ သည်။
ကြူးနှစ်


LEAVE A REPLY

Please enter your comment!
Please enter your name here