အိမ်ထောင်ကျပြီးရင်လည်း တခြားစီးပွားရေး လုပ်ဖို့ မရှိဘူး မြင့်မြတ်

0
369

myint-myat-1

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နိုဗိုတယ်ဟိုတယ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အင်းလျားလိတ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မန္တလေးတို့မှာ မင်္ဂလာပွဲ ၃ ပွဲကျင်းပသွား မယ့် မြင့်မြတ်က အိမ်ထောင်ကျပြီးသွားရင်လည်း ဇာတ်ကားတွေပဲ ဆက်တိုက် ရိုက်ကူးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

” ကျွန်တော်က ဘာမှပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူး။ အရင်အတိုင်းပါပဲ။ ဇာတ်ကားတွေပဲ ဆက်တိုက်ရိုက်ကူးသွားမှာပါ။ တခြား စီးပွားရေးတော့ လုပ်ဖို့မရှိပါဘူး။ သရုပ်ဆောင်အလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု တွေနဲ့ ရှေ့ဆက်သွားမှာပါ” လို့ ပြောပါတယ်။ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးပြီး မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားတဲ့ “မင်းလည်း ဘိုကေ၊ ငါလည်းဘိုကေ” ရုပ်ရှင်ဇာတ်ကားကြီးလည်း မကြာခင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီ ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး မြင့်မြတ်က ” ရိုက်ကွင်းပေါ်မှာ ပျော်ပျော်ပါးပါး ရိုက်ကူးခဲ့ရတာက အမှတ်တရ ပါပဲ။ ဒီဇာတ်ကားကို ပရိသတ်တွေ ကြိုက်ကြမှာပါ။ ရိုက်ကူးတုန်းကလည်း တော်တော်ရယ်ရတယ်။ အခု ပြန်ကြည့်တဲ့အခါမှာလည်း တအားရယ်ရတယ်။ အဝတ်အစားပိုင်းက အစ သေချာပြင်ဆင်ပြီးမှ ရိုက်ကူးထားတာ” လို့ပြောပါ တယ်။

မြင့်မြတ်ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ Dragon ထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးထားပြီး နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ရှိ ကြောင်း ပြောပါ တယ်။ ဒီနှစ်ထဲမှာ မလေးရှား မင်းသမီးနဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့စီစဉ်ထားပေမယ့်လည်း လောလောဆယ် မရိုက်ကူးဖြစ် သေးဘဲ နောက်နှစ်လောက်မှ ရိုက်ကူးမှာဖြစ်ကြောင်း၊ လတ်တလောမှာတော့ “အော်ရီဂျင်နယ် ဂိုဏ်းစတား- ၃” ဇာတ်ကားရိုက်ကူးနေကြောင်း မြင့်မြတ်က ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here