သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ ဖြိုးကျော်ကျော်မြတ်တို့ရဲ့ သမီးဦးလေး အိမ်စည်မြင့်မိုရ်ကျော် နာမည်ပေး ကင်ပွန်းတပ်နဲ့ ၂ နှစ်ပြည့် မွေးနေ့

0
456

myosdi

ကိုဖြိုးကျော်ကျော်မြတ်နဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်တို့ရဲ့ သမီးဦးရတနာအိမ်စည်မြင့် မိုရ်ကျော် Jewel ရဲ့ “နာမည်ပေးကင်ပွန်းတပ် နှင့် ၂ နှစ်ပြည့် မွေးနေ့မင်္ဂလာ” ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၁ဝ နာရီက တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ မျိုးစန္ဒီကျော်တို့ ဇနီး မောင်နှံက သမီးလေး ရဲ့ “နာမည်ပေးကင်ပွန်း တပ်နှင့် ၂ နှစ်ပြည့် မွေးနေ့မင်္ဂလာ” အလှူအတွက် သံဃာတော်များကို ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပြီး အလိုတော်ပြည့်ဘုရားကြီး ထီးတော်တင်ဖို့အတွက်ကိုလည်း အလှူငွေ ၃ သိန်း လှူဒါန်းခဲ့ပါတယ်။ သမီးဦးလေးရဲ့ နာမည်ပေး ကင်ပွန်းတပ်နဲ့ ၂ နှစ်ပြည့်မွေးနေ့နဲ့ပတ်သက်ပြီး မျိုးစန္ဒီကျော်က..

” သမီးလေးအတွက် နာမည်ကို ရွေးရင်းရွေးရင်းနဲ့ ကြာသွားခဲ့ပြီး အခုမှပဲ နာမည်ပေးဖြစ်တယ်။ အစ်မ ညီမလေးက အိမ်စည်ဆိုတဲ့ နာမည်ကို နဂိုကတည်းက ပေးထား ပြီး အစ်မတို့က မြင့်မိုရ်ကျော်မြတ်လို့ ပေးထားတာ။ အဲဒါနဲ့ အစ်မတို့ ပေးထားတဲ့ နာမည်ထဲက မြတ်ကို ဖြုတ်ပြီး နှစ်ခုပေါင်းပြီး အိမ်စည်မြင့်မိုရ်ကျော်လို့ ရွေးလိုက်တယ်။ ဒီနာမည်ကို အစ်မတို့ကိုးကွယ်တဲ့ ဘုန်းဘုန်းကိုမေးတော့လည်း ဘုန်းဘုန်းက ကောင်းတယ်ဆိုတာနဲ့ ဒီနာမည်လေး ပေးလိုက်တာပါ။ သမီးရဲ့ မွေးနေ့အတွက် ဒါနမျိုးစေ့အဖြစ် ဆွမ်းကပ်တယ်။ အလိုတော်ပြည့် ဘုရားထီး တော်မှာလည်းသမီးအတွက် အလှူငွေလှူပေးတယ်။ အစ်မက အရင်ကတည်းက အလိုတော်ပြည့် ဆရာတော်ကြီးနဲ့ ရခိုင်ဘက်တွေမှာ ဘုရားတွေတည်ဖူးတယ်။ တည်ထားတာတွေလည်း ရှိတယ်။ အစ်မတို့ကတော့ သမီးလေးကို ကိုယ်တတ် နိုင်တဲ့ ပညာအမွေပေးမယ်။ ပြီးတော့ သာသနာနဲ့ပတ် သက်တာတွေကို ကိုယ်နားလည်သလောက် ပေးမယ်။ အဲဒါမျိုးတွေပဲ စဉ်းစားထားတယ်။ သမီးက အနု
ပညာကိုတော့ ဝါသနာပါပုံရှိတယ်။ ဒါပေမဲ့ အဓိက ကတော့ ပညာရေး ပေါ့။ ပညာကို ထွန်းထွန်းပေါက် ပေါက်ဖြစ်တော့မှ သူလုပ်ချင်တာ၊ ဝါသနာပါတာကို လုပ်ခွင့်ပြုမှာပါ” လို့ ပြောပြပါတယ်။

မျိုးစန္ဒီကျော်က သမီးလေး အိမ်စည်မြင့်မိုရ် ကျော် အသက် ၃နှစ်ပြည့်ရင် အင်္ဂလိပ် ကျောင်း စထားတော့မှာဖြစ်ပြီး အသက် ၅ နှစ်ပြည့်ရင် တော့ အင်္ဂလိပ်ကျောင်းနဲ့ မြန်မာကျောင်းကို ထား သွားမှာဖြစ်ကြောင်း သမီးလေးရဲ့ ကျောင်းနေရေးနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ မျိုးစန္ဒီကျော်က အခုဆိုရင် သမီးလေးကို အချိန် ပေးနေရတာကြောင့် အနုပညာ အလုပ်တွေကို ရပ်နားထားခဲ့တာ ၃ နှစ် ကျော် လာခဲ့ပြီဖြစ်ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here