ကိုခန့်နိုင်နဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ရဲ့ သမီးလေး စံထိပ်ထားဦး ရဲ့ ၁၄ နှ စ် ပြ ည့် ေ မြ း ေ န့ ပွဲ

0
180

ktk

ကိုခန့်နိုင်နဲ့ သရုပ်ဆောင်ခိုင်သင်းကြည်တို့ရဲ့ သမီးစံထိပ်ထားဦးရဲ့ ၁၄ နှစ်ပြည့် မွေးနေ့ ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီက တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ် ခဲ့ပါတယ်။ အနုပညာအလုပ်တွေကိုလည်း စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ စံထိပ်ထားဦးက အဲဒီနေ့မှာပဲ တော်ဝင်ဂါးဒင်းဟိုတယ် ကြော်ငြာရိုက်ကူးရင်းနဲ့ သူ့ရဲ့သူငယ်ချင်း၊ မိသားစုဆွေမျိုးမိတ်သင်္ဂဟတွေနဲ့အတူ မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာကျင်းပခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့ရှင်သမီးလေးနဲ့ ပတ်သက်ပြီး ခိုင်သင်းကြည်က ..

dsc_5541

” မွေးနေ့က များသောအားဖြင့် နှစ်တိုင်းမလုပ်ဖြစ်ပါဘူး။ ဒီနှစ်လည်း သူ့အတန်းထဲက သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေ၊ အမျိုးတွေရယ် မခိုင်တို့ သွားစားနေကျအဖွဲ့နဲ့ပဲ မွေးနေ့ပွဲလေးလုပ်ဖြစ်ပါတယ်။ အစ်မက သူ့ကို ယဉ်ကျေးလိမ္မာပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်စေချင်တယ်။ ကျေးဇူးရှိတဲ့သူတွေ ကျေးဇူးသိတတ်ရမယ်။ အင်္ဂလိပ်ကျောင်းလည်းနေတာဆိုတော့ ရိုသေမှုလေး နဲ့ လေးစားမှုနဲ့ သိတတ်မှုလေးပဲလိုတာ။ ကျန်တာတွေကတော့ သူတို့တွေက အင်္ဂလိပ်လိုလည်းတတ်တယ်။ သွက်လည်းသွက်တယ်။ ယုံကြည်မှုလည်း အပြည့်လွန်နေတယ်။ အဲဒီ ဘက်ပိုင်းမှာ ကောင်းပေမယ့် လေးစားမှုပိုင်း၊ ရိုသေမှုပိုင်းတွေလည်း သင်ပေးထားတယ်။ အစ်မက ရှုတင်လိုက်လာရင်တောင် စက်မှုပိုင်း ဆိုင် ရာ လူတွေကိုတောင် ရိုရိုသေသေ ပြောတတ်အောင် သင်ပေး ထားတယ်။ ဒါလေးပဲ ဆုတောင်းပေးချင်တာပါ။ ပညာတွေတတ်ပြီး တအားတော်တော့လည်း အကောင်းဆုံးပေါ့။ ဒီနေ့က ဒီတော်ဝင်ဟိုတယ် ရဲ့ ကြော်ငြာလေးလည်း ရိုက်ကူး ဖြစ်တယ်။ ကြော်ငြာရိုက်ကူးရင်းနဲ့ပဲ ပွဲလေးလုပ်ဖြစ်တာပါ” လို့ ပြောပါတယ်။ စံထိပ်ထားဦးက မွေးနေ့မှာ ရွှေတိဂုံဘုရားသွားကာ ကောင်းမှု ကုသိုလ်များပြုလုပ်ခဲ့ပြီး သူ့ရဲ့ မုန့်ဖိုးငွေကျပ်တစ်သိန်းကို ရွှေတိဂုံဘုရားမှာ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here