ဆယ်စုနှစ် တစ်ခုကွယ်ပျောက်နေတဲ့မင်းသမီးGo So Young နဲ့ ရိုက်ကူးမယ့် Perfect Wife ဇာတ်လမ်းတွဲ

0
197

go-so-young-copy

မင်းသမီး Go So Young ဟာ အနုပညာ လောကထဲကို ၁၉၉၃ခုနှစ်ကတည်းက Love Tomorrow ဇာတ်ကားနဲ့ ဝင်လာ ခဲ့သူဖြစ်ပြီး လူကြိုက်များတဲ့Model  တစ်ဦးလည်းဖြစ်ပါတယ်။ မင်းသမီး Ko So-Young  ဟာ အသွင်မတူတဲ့ သရုပ်ဆောင်မှု တွေကြောင့် နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။

၂ဝ၁ဝခုနှစ်မှာ မင်းသားJang Dong-Gun နဲ့ လက်ထပ် ပြီး သားလေး တစ်ယောက်နဲ့ သမီးလေး တစ်ယောက် မွေးဖွား ခဲ့တာကြောင့် ကလေးတွေကိုစောင့်ရှောက်ရန် အနုပညာအလုပ် ကို အနားယူခဲ့ပါတယ်။ အခုတော့ မင်းသမီး Ko So-Young  ကို “Perfect Wife” ဇာတ်လမ်းတွဲမှာ ပြန်လည်တွေ့မြင်ရ တော့မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

မင်းသမီးက ၁ဝ နှစ်ကြာ စွန့်ခွာထားတဲ့ အနုပညာ နယ် ပယ်ထဲကို တစ်ဖန် ပြန်လည်ရောက်ရှိလာမယ်လို့ သိရတဲ့အတွက် သူမရဲ့ ပရိသတ်တွေက တအားကို မျှော်လင့်နေကြကာ King Entertainment  ကလည်း သူမကို “Perfect Wife” ဇာတ် လမ်းတွဲအတွက် ကမ်းလှမ်းထားတာ မှန်ပါတယ်လို့ ပြောပြ သွားခဲ့ပါတယ်။ မင်းသမီးက အခုထိတော့ အဖြေမပေးရ သေးပါဘူး။

“Perfect Wife” ဇာတ်လမ်းတွဲမှာ ဇနီးသည် တာဝန် နဲ့ မိခင်တာဝန်ကို ထမ်းဆောင်ထားတဲ့Shim Jae Bok  ဇာတ်ရုပ်က နေ ပါဝင် သရုပ်ဆောင်ရမှာပါ။ဇာတ်ကားကို ၂ဝ၁၇ ဖေဖော် ဝါရီလမှာ KBS ကပြသနိုင်အောင် ကြိုးစားသွားမယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here