ဝေဖန်ပေးတဲ့ ပရိသတ်တွေရှိမှ ဇာတ်ကားတစ်ကားက ပိုစိတ်ဝင်စားစရာ ကောင်းလာမှာဖြစ်ပါတယ် ရွှေပိုးအိမ်န်ပေးတဲ့ ပရိသတ်တွေရှိမှ ဇာတ်ကားတစ်ကားက ပိုစိတ်ဝင်စားစရာ ကောင်းလာမှာဖြစ်ပါတယ် ရွှေပိုးအိမ်

0
303

shwe-poe-eain-1-copy

ဒါရိုက်တာ ညိုမင်းလွင် ပုံဖော်ရိုက်ကူးတဲ့ ‘မေထုန်ရာသီဖွား’ရုပ်ရှင် ဇာတ် ကားကြီးမှာ ရွှေပိုးအိမ်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက် တအားပျော်ရွှင်မိတယ်လို့ ဆိုလာတဲ့ ရွှေပိုးအိမ် က..

“ဇာတ်ကားတစ်ကား အောင်မြင်တယ်ဆိုတာက ပါဝင်တဲ့သူတွေ အပေါ် မှာလည်း မူတည်ပါတယ်။ အဓိကက ဇာတ်လမ်းကဆန်း တယ်။ ညီမပါဝင်ရ တဲ့အခန်းက အများကြီးတော့ မဟုတ်ဘူး။ တအားကြီး လုပ်ကွက်ရှိတာတော့ မဟုတ်ဘူး။ အဓိကက ကြိုးစားပြီး အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင် ထားပါတယ်။ ကိုယ်သဘောကျတဲ့သူက ယောက်ျားအချင်းချင်းကြိုက်နေတာဆိုတော့ ကိုယ့် အတွက် နောက်ဆုံးအခန်းအိုက်တင်က ဘာလုပ်လို့လုပ် ရမှန်းမသိဘူး။ တော်တော်လေး ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်” လို့ ပြော ပါတယ်။ ဒီဇာတ်ကားကြီး ရိုက်ကူးစဉ် အခါကလည်း ပရိ သတ်တွေရဲ့ ဝေဖန်မှုတွေရှိနေတာကြောင့် ဝေဖန်သံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲလို့ ဆက်မေးတော့..

“ဒီဇာတ်ကားက ရိုက်ကူးနေကျ ဇာတ်လမ်းတွေလို မဟုတ်ဘဲနဲ့ ဇာတ်လမ်းကိုဖောက်ပြီး ရိုက်ကူးထား တာဆိုတော့ ပရိသတ်တွေက   ဝေဖန်ကြတာပေါ့။ ဘယ်ဇာတ်ကားမဆို ဝေဖန်တဲ့ပရိသတ်လည်းရှိ မယ်၊ အားပေးမယ့်ပရိသတ်လည်း ရှိမယ်။ အဲဒီလို ဝေဖန်တဲ့ပရိ သတ် တွေရှိမှလည်း ဇာတ်ကား တစ်ကားက ပိုစိတ်ဝင်စားစရာကောင်းလာ မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အခုလတ်တ လော မှာတော့ ရွှေပိုးအိမ်က သီချင်း ဆိုဖို့ အတွက် အဆိုတော် ဒီယံဆီမှာ သင်တန်း တက်နေကြောင်း ရွှေပိုးအိမ်က..

“ကိုဒီယံဆီမှာ ညီမ သင်တန်း တက်နေ ပါတယ်။ ဒါပေမဲ့ ညီမ ကြိုးစားအား ထုတ်မှု အားနည်းနေသေး တော့လိုရင်းမရောက်သေး ဘူးဖြစ်နေတယ်။ ညီမက သီချင်းဆို တာဝါသနာတော့ ပါတယ်။ ဒါကြောင့် သေချာနည်း စနစ် တကျနဲ့ သင်ချင်လို့ တက်ဖြစ်တာပါ။ စီးရီး ခွေထုတ်ဖို့တော့ အစီ အစဉ်မရှိသေးပါ ဘူး” လို့ ပြောပြခဲ့ ပါ တယ်။

တွယ်တာ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here