ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific International 2016 ပြိုင်ပွဲမှာ Darling of the Press Winner ဆု ရ ရှိ သူ နေခြည်လင်း

0
152

15281074_371134333221426_1853970135_n-copy

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရဲ့ ပလန်ဝမ်ကျွန်းမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ  ကျင်းပတဲ့ Miss Asia Pacific International 2016 ပြိုင်ပွဲကို Miss Asia Pacific International Yangon 2016 နေခြည်လင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Darling of the Press Winner  ဆုကို ရရှိခဲ့ပါ တယ်။ ဒီဆုနဲ့ ပတ်သက်ပြီးMiss Asia Pacific International Yangon 2016  နေခြည်လင်းက..

“ဒီဆုကMedia တို့ချစ်ခင်ခြင်း ခံရတဲ့ ဆုပေါ့နော်။ ညီမတို့ပြိုင်ပွဲက နိုင်ငံပေါင်း ၄ဝ ကျော်က ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ပွဲ။ ပြိုင်ပွဲကာလ က ၁၅ရက်နေ့က စတယ်ဆိုပေမယ့် ၁၅၊ ၁၆ ရက်တို့မှာ Photo Shooting Meeting တွေပဲ လုပ်ရတယ်။ ၁၇ ရက်နေ့မှာတော့ စပြီး ယှဉ်ပြိုင်ပြီး Media တွေနဲ့ မိတ်ဆက် တဲ့ ပွဲမှာ တက်ရောက်လာကြတဲ့ ကမ္ဘာတစ် ဝန်းကMedia တွေရဲ့ ရွေးချယ်မှု၊ Voting ပေးမှုတွေေ ကြာင့်  ညီမ Darling of the Press Winner ဆု ကိုရရှိခဲ့တာပါ။Title ဆုကသေးပေ မယ့်ွှWinner ဆုရခဲ့တဲ့အတွက် ညီမ ဝမ်းသာပျော် ရွှင်ရပါတယ်။ ဒါက ညီမရဲ့ ပထမဆုံး ပြည်ပပြိုင်ပွဲဖြစ် တယ်။ ပထမဆုံး ပြိုင်ပွဲမှာ ပြိုင်ပွဲက နေ ပထမဆုံး ချီးမြှင့်တဲ့ဆုကို ရရှိခဲ့ တာပါ။ ပြိုင်ပွဲ ကာလတစ်လျှောက်လုံး ညီမတို့Schedule အပြည့်နဲ့ ပင် ပင်ပန်းပန်းနဲ့ကို ကြိုးစားလုပ်ဆောင် ပြီး ယှဉ်ပြိုင်ခဲ့ရတာပါ။ ကိုယ့်ကြိုး စားမှုတွေ ထဲကမှ ဒီဆုရရှိခဲ့တဲ့အတွက် ကျေနပ်မိပါတယ်” လို့ ပြောပြပါ တယ်။ အလှမယ် နေခြည်လင်းက Miss Myanmar World 2017 ပြိုင်ပွဲကိုလည်းဝင်ရောက် ယှဉ်ပြိုင် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here