TT & Donut ရုပ်ရှင် World Gala Premiere Show ကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်မည်

0
140

ttttttttt

၂ဝ၁၆ ခုနှစ် စက်တင်ဘာလ၂၁ ရက် နေ့ညပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ နာမည်ကျော် Siam Paragon Cineplex မှာ World Gala Premiere Show ပြသထားခဲ့ပြီးပြီဖြစ်တဲ့ TT & Donut ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာ ပြသတော့မှာ ဖြစ်တာမို့ မြန်မာပြည်မှာ World Gala Premiere Show Red Carpet Screening Show ကို လာမယ့် ဒီဇင်ဘာလ ၁၁ရက် နေ့မှာတော့ ရန်ကုန်မြို့မကျောင်းလမ်းရှိ အမျိုးသားက ဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲကိုတော့ TT & Donut ရုပ်ရှင်ဇာတ်ကားထဲက အဓိကဇာတ်ကောင်တွေ ဖြစ်တဲ့ အကယ်ဒမီပြေတီဦး ၊ ရွှေသမီး၊ ထိုင်းမင်းသားနဲ့ မင်းသမီးတို့ တက်ရောက်ကြမှာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံက နာမည်ကြီးမီဒီယာတွေဖြစ်တဲ့ ချန်နယ်သရီး၊ ဘန်ကောက်ပို့စ်၊ The Nation အပါအဝင် ပြည်ပ မီဒီယာပေါင်း ၂ဝ အထိတက်ရောက် သတင်းယူမှာဖြစ်တယ်လို့ TT & Donut ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်ခဲ့တဲ့ ရွှေမင်းသမီးရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ကိုသက်က
ပြောပြပေးပါတယ်။

” အမျိုးသားဇာတ်ရုံမှာ ပြုလုပ်တယ်ဆိုတာကလည်း ပုံမှန်လုပ်နေကျ သမ္မတရုပ်ရှင်ရုံမှာ ညနေပိုင်းလုပ်ဖို့ဆိုတာလည်း အားနာဖို့ကောင်းတယ်လေ။ အဲ့ဒါနဲ့ စဉ်းစားကြရင်း အမျိုးသားဇာတ်ရုံမှာလုပ်ဖို့ စီစဉ်လိုက်တာဖြစ်တယ်။ အမျိုးသား ဇာတ်ရုံဆိုတာ ဟိုးအရင်တုန်းက အကယ်ဒမီဆုပေးပွဲလည်း လုပ်ခဲ့ဖူးတဲ့နေရာတစ်ခု ဖြစ်တယ်လေ။ အမျိုးသားဇာတ်ရုံကြီးကို ရုပ်ရှင်ရုံတစ်ရုံလိုမျိုး ဖီလင်ရအောင် ကျွန်တော်တို့ လုပ်နေကြပါတယ်။ ကျွန်တော်တို့ TT & Donut ရုပ်ရှင်ဇာတ်ကားက Surrounding System u 5.1 System ဖြစ်ပါတယ်။ အဲ့ဒီတော့ အသံစနစ်တွေကိုလည်း တပ်ဆင်နေပါတယ်။ အကုန် အကျများပေမယ့်ခမ်းနားစေချင်တာ ဖြစ်ပါတယ်။ အမျိုးသားဇာတ်ရုံက လူတစ်ထောင်အထိဆံ့တယ်လေ။ ကျွန်တော်တို့က World Gala Premiere Show ဆိုတာထက် Red Carpet Screening Show ဖြစ်တဲ့အတွက် သေသေသပ်သပ်နဲ့လုပ်သွားမှာဖြစ်ပါတယ်။ ပိုက်ဆံကတော့ အကုန်အကျတအားများပါတယ်” လို့ ကိုသက်ကတော့ ပြောပြပေးပါတယ်။

TT & Donut ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ အပြင်စင်ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာပါပြသဖို့အတွက် ညှိနှိုင်းနေပြီ ဖြစ်ပါတယ်။” အဲ့ဒီနိုင်ငံတွေမှာက မြန်မာလူမျိုးတွေနဲ့ ထိုင်းလူမျိုးတွေ အများဆုံး ရှိတယ်လေ။ ပြီးတော့ အစ်ကိုတို့၊ ပြေတီဦးတို့အနေနဲ့ကလည်း ထိုင်းနိုင်ငံကိုသွားဖို့ ရှိပါတယ်။ ဇာတ်ကားပရိုမိုးရှင်းအနေနဲ့ပေါ။ ထိုင်းနိုင်ငံမှာဆိုရင်လည်း မဟာချိုင်အထိကို သွားပြီးတော့ ပရိုမိုးရှင်းသွားလုပ်ဖို့စီစဉ်ထားပါတယ်။ အခုလောလောဆယ်တော့ ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံသွားတော့ ပျော်ပွဲရွှင်ပွဲခဏနားထားလို့ အဆင်ပြေပြီဆိုတာနဲ့သွားမယ်။ အခုတော့ နည်းနည်း နောက်ဆုတ်ထားပါတယ်” လို့ ကိုသက်က ပြောပြပေးပါတယ်။

TT & Donut ရုပ်ရှင်ဇာတ်ကား ရဲ့ World Gala Premiere Show Red Carpet Screening Show ကို MNTV အခမဲ့ ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ် လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် TT & Donut ရုပ်ရှင်ဇာတ်ကားရဲ့ Premiere Show ကိုလာရောက် ကြည့်ရှုချင်တယ်ဆိုရင်တော့ TT&DONUT page ကို Like လုပ်ပြီး Share ပေးရပါမယ်။ ပြီးရင်တော့ မိမိ Share လုပ်ထားတဲ့ post ကို Screenshot ပြုလုပ်ပြီး comment box ထဲမှာ #ttndonut ဆိုပြီး ရေးပေးရပါမယ်။ ကံထူးသူများကို online Ticketing စနစ်ဖြင့် ကြည့်ရှုခွင့်ကို ပြန်လည်ပေးပို့သွားမှာဖြစ်တဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ထားပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here