ဝါသနာနဲ့အနုပညာ ဘဝနဲ့ပညာရေး

0
164

ပညာဟာ လူ့အဖွဲ့အစည်းတစ်ရပ်အတွက်ရော၊ လူသားတစ်ဦးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ လောကရတနာတစ်ပါးပဲ ဖြစ်ပါတယ်။ လူတစ်ယောက်အဖို့ ဝါသနာအရ ကိုယ်စိတ်အားထက်သန်တဲ့ အနုပညာ အလုပ်ကို တစ်ဖက်က လုပ်ကိုင်ရင်း ဘဝအတွက်အခြေခိုင်ခံ့စေမယ့် ပညာရေးဘက်လည်း ဆုံးခန်းတိုင်အောင် အားကြိုးမာန်တက် သင်ယူဆည်းပူးကြရပါတယ်။ ဒါကြောင့်မို့ ပညာရော အနုပညာအလုပ်ပါ ယှဉ်တွဲပြီး မိမိတို့ ဘဝအောင်မြင်မှုကို တစ်ဆင့်ချင်းတက်လှမ်း ယူနေကြတဲ့ လူငယ်အနုပညာရှင်တွေ မြန်မာပြည်အနုပညာလောက နယ်ပယ်မှာ တည်ရှိလာနေပြီဖြစ်ရာ သူတို့ရဲ့ပညာရေးနဲ့ အနုပညာတို့ ဒွန်တွဲလုပ်ဆောင်ကြရတဲ့ ခံယူစိတ်ထားတို့ အပါအဝင်ဘဝအောင်မြင်မှုအတွက် လူသားတစ်ယောက်အဖို့ အခြေခံလိုအပ်ချက် ဖြစ်ပုံအကြောင်း ပြောစကား သံတွေ စုစည်းဖော်ပြ လိုက်ရပါတယ်။

may-myat-no

မေမြတ်နိုး

” ညီမအမြင်က ပညာရေးက တိုင်းပြည်တစ်ခုကို တအားပြောင်းလဲ စေနိုင်တယ်လို့ ထင်ပါတယ်။ ပညာတတ်တွေများတဲ့ နိုင်ငံက ပိုပြီးတိုး တက်နိုင်တယ်။ ပညာရေးကြောင့် စီးပွားရေးမှာဖြစ်ဖြစ်၊ နိုင်ငံရေးမှာ ဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် တိုး တက်နိုင်ပါတယ်။ ပညာရေးသာ ကောင်းမယ်ဆိုလို့ရှိရင် နိုင်ငံရဲ့ဂုဏ် လည်း ပိုကောင်းလာနိုင်သလို နိုင်ငံ တစ်နိုင်ငံလုံးရဲ့ မြင်နေရတဲ့ တိုးတက်မှုတွေရော၊ မမြင်ရတဲ့ တိုးတက်မှုတွေ ရော ပိုများလာတယ်လို့ ထင်ပါတယ်။ နိုင်ငံခြားမှာဆိုရင် ပညာရေးက ကိုယ်ဖြစ်ချင်တာကို လုပ်ခွင့်ရှိတယ်။ Choice ရှိတယ်။ ဒီမှာက Choice မရှိဘူး။ အဲဒါတွေကွာသွားတယ်။ တချို့ကတော့ ပညာရေးမှာ မထူး ချွန်ဘဲနဲ့ တခြားဘက်မှာ ထူးချွန်တာတွေရှိတယ်။ မြန်မာပြည်ရဲ့ ပညာရေးက အဓိကလိုအပ်နေတာက ကျောင်းသူ၊ ကျောင်းသားတွေကို Choice ပေးသင့်တဲ့ အခွင့်အရေး လိုအပ်နေတယ်လို့ ထင်ပါတယ်။ အဲဒီလို Choice ပေးရင် ပိုပြီး လေ့လာနိုင်တယ်။ ပိုပြီးကျွမ်းကျင်နိုင်မယ်လို့ ထင်ပါတယ်”

htet-htet-tun

ထက်ထက်ထွန်း

” အခုခေတ်က ပညာဆိုတာ ငွေနဲ့ဝယ်ယူလို့ရတဲ့အရာလို့ ပြောပေမယ့်လည်း ပညာရေးက လိုက်နိုင်ရင်လိုက်နိုင်သလောက်၊ လုပ်နိုင် ရင်လုပ်နိုင်သလောက် တအား ကျယ်ပြန့်လာတယ်။ ကိုယ်သင်ယူရင် သင်ယူနိုင်သလောက်လည်း ကိုယ်တတ်မြောက်နိုင်မယ့် ပညာတွေက အများကြီးရှိလာတယ်။ ကိုယ် ဘယ်အရာကို ဝါသနာပါလဲ၊ ကိုယ့်နိုင်ငံမှာကရော ဘယ်လိုပညာရပ်မျိုးတွေကို သင်ယူလို့ရနေသလဲဆိုတာ အမြဲစုံစမ်းပြီးပညာတွေကို သင်ယူ သင့်ပါတယ်။ အခုခေတ်က ပညာရှင်တွေနေရာရလာတဲ့ခေတ်၊ ပညာရေးကို ဦးစားပေးပြီး ပညာတတ်တွေ မြောက်မြားစွာ ပေါ်ပေါက်လာခဲ့ပါပြီ။ ညီမဆိုလည်း ကျောင်းပညာရေးနဲ့ ပတ်သက်ပြီး အတန်းပြီးဆုံးသွားပြီဆို ပေမယ့် နောက်ထပ်သင်ယူရမယ့် ပညာတွေကတော့ အများကြီးပါ။ ညီမဆိုရင် ဘာသာစကားတွေနဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ ပညာတွေ ကို ဆက်လက်လေ့လာသွားဦးမှာပါ”

su-linn-shein

စုလင်းရှိန်

” ညီမဆိုရင် ကျောင်းဘက်နဲ့ အနုပညာဘက်ကို သေချာညှိယူရတယ်။ အလုပ်က အချိန်ညှိယူလို့ရတယ်။ ဒီဘက်ကျောင်းကတော့ ညှိယူလို့မရဘူး။ ပညာရေးဆိုတာ အကုန်လုံးအတွက် အရေးပါပါတယ်။ အခုဆိုရင် မြို့ပေါ်ရှိတဲ့သူတွေ လောက်ပဲ ပညာတတ်တယ်။ ညီမတို့ ကွင်းဆင်းလို့ရှိရင် ရွာတွေမှာ ပညာ မတတ်သူတွေ တအားများတယ်။ အဲဒီအတွက်ကြောင့် ပညာရေးကို ဦးစားပေးလုပ်သင့်တယ်လို့ ထင်တယ်။ ပညာရေးက လူတစ်ယောက်အတွက် ၇ဝ ရာခိုင်နှုန်းလောက် အရေးပါတယ်။ ပညာတတ်မှပဲ အကောင်း၊ အဆိုး၊ အကုန်လုံးကို ခွဲခြားသိနိုင်မှာ။ ကိုယ်ပေါင်းနေတဲ့ အပေါင်းအသင်းက ပညာမသင်၊ အလေလိုက်သွားနေတဲ့သူနဲ့ ပေါင်း ရင်တော့ ကိုယ့်ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို အဲဒီလိုပဲထင်မှာပဲ။ ပညာရေးဆိုတာ အချိန်အကန့်အသတ်နဲ့ ရှိတယ်။ ပညာသင်ရမယ့်အရွယ်မှာ ပညာကိုပဲ ဦးစားပေးသင်စေချင်ပါ တယ်။ ပြီးမှ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ဆက်လုပ်လို့ရပါတယ်”

may-nandar-kyaw

မေနန္ဒာကျော်

” အခုခေတ်မှာ ပညာရေးက တအားအရေးကြီးပါတယ်။ ပညာရေးက တစ်နှစ်နဲ့တစ်နှစ် တအားတိုးတက်လာပါတယ်။ လူတစ်ယောက်က ပညာတတ်တာနဲ့ ပညာ မတတ်တာနဲ့ပေါ် မူတည်ပြီး အောင် မြင်မှုတွေက ကွဲပြားကြပါတယ်။ ညီမကတော့ ညီမဝါသနာပါတဲ့ အနု ပညာရော၊ ပညာရေးကိုပါ ခွဲခြားပြီး စနစ်တကျလုပ်ဖို့ ဆုံးဖြတ်ထားပါ တယ်။ ညီမ နောက်နှစ် Private College တစ်ခုတက်ဖို့ရှိပါတယ်။ အသက်ငယ်သေးတဲ့အရွယ်မှာ ပညာရေးကို အရင်ကြိုးစားဖို့ ဆုံး ဖြတ်ထားပါတယ်။ တဖြည်းဖြည်း နဲ့ အနုပညာရော၊ ပညာရေးပါမျှပြီး လုပ်သွားမှာပါ”

nanhtet

နန်းထက်ထက်ဦး

” ညီမက အနုပညာနဲ့ ပညာရေးကို မျှမျှတတလုပ်ပါတယ်။ ကျောင်းဖွင့်တဲ့အချိန် ကျောင်းသွားတက်ပြီး ကျောင်းပိတ်မှပဲ ညီမအနုပညာကို လုပ်ဖြစ်တာပါ။ ညီမက အရွယ်ငယ် သေးတော့ အိမ်ကလည်း အနုပညာ ထက် ကျောင်းစာကို ပိုလုပ်စေချင်တယ်။ အခုခေတ်မှာ ပညာရေးက တအားအရေးပါတယ်။ ကိုယ်ဘာပဲ လုပ်လုပ်ဘွဲ့တစ်ခုရထားတော့ ပိုကောင်းတာပေါ့။ သူများတွေကြားထဲမျက်နှာ မငယ်ရတော့ဘူးပေါ့။ အခုခေတ်က ပညာရေးစနစ်တွေကလည်း အရင်ကထက် ပိုပြီးကောင်းလာပြီ။ အဲဒါကြောင့် ကိုယ်အခုအချိန် မှာ ဘာကိုပဲလုပ်လုပ် ညီမကတော့ ပညာရေးရော၊ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုရော မျှမျှတတဖြစ်အောင် အမြဲလုပ်ပါတယ်။ ပြီးတော့ ညီမအားရင်အားသလို အင်္ဂလိပ်စာနဲ့ ထိုင်းစာကို လေ့လာဖြစ်နေပါတယ်”

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here