ဘာသာတရား သက်ဝင်ယုံကြည်မှုက အတွေးအခေါ်ကအစ ပြောင်းလဲသွားစေတယ် သရုပ်ဆောင် ခင်သဇင်

0
161

15300557_1366648233345955_1776458362_n-copy

ဘာသာရေးလုပ်ငန်းတွေမှာ လူငယ်တွေ တက်ကြွစွာ ပါဝင်လာ ကြသလို ဗုဒ္ဓဘုရားဟောကြားတဲ့ တရားဓမ္မ အဆုံးအမများကိုလည်း ကျင့်ကြံပွားများလာကြပြီး လိုက်နာလုပ်ဆောင်လာကြတာလည်း တွေ့ရ ပါတယ်။ ဗုဒ္ဓဘာသာကိုးကွယ်မှု ပြုသူတို့အတိုင်း မိမိနေအိမ်မှာ ပဲဖြစ်ဖြစ်၊ ဘုရားစေတီများနဲ့ ကျောင်းကန် ဇရပ်များမှာပဲဖြစ်ဖြစ် သွားရောက်ကာ ကုသိုလ်ကောင်းမှုပြလုပ်ကြလေ့ ရှိတဲ့အထဲမှာ သရုပ်   ဆောင် မော်ဒယ်တစ်ဦးဖြစ်သူ ခင်သဇင်ဆိုရင် မိခင်ဆုံးပါး သွားပြီး နောက်ပိုင်း အနိစ္စတရားကို ဒိဋ္ဌဓမ္မကျကျတွေ့ထိခွင့်ရလိုက် ရာမှ အစပြုကာ ဗုဒ္ဓဘာသာ တရားအပေါ်တစိုက်မတ်မတ် ယုံကြည်သက် ဝင်စွာ ကိုးကွယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာတရားအပေါ် ယုံကြည်သက်ဝင်မှုစိတ်နဲ့ အလေးအနက်ထားကိုးကွယ်ဆည်း ကပ်ခဲ့ရာမှာ အဓိဋ္ဌာန်ဝင်ခြင်း၊ ဗုဒ္ဓဟောကြားတဲ့ တရားဓမ္မများ အတိုင်း လိုက်နာ ကျင့်ကြံလုပ်ဆောင်ခြင်း၊ မိမိကိုယ်တိုင် အရာရာတိုင်းအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု အပြည့် ရှိစေခဲ့သလို မိမိကိုယ်တိုင် အတွေးအခေါ်အယူအဆတွေ ပြောင်းလဲစေနိုင်မှုတွေ ဘာသာတရား လုပ်ဆောင်မှုကနေရရှိခဲ့ပုံ အကြောင်း မော်ဒယ် သရုပ်ဆောင် ခင်သဇင်ရဲ့ ဓမ္မအမြင်၊ ဓမ္မအနှစ် သာရ  စကားသံတွေ စုစည်းဖော်ပြလိုက်ရပါတယ်။

15228084_1366648106679301_607488313_n-copy

►မေမေဆုံးပြီးကတည်းက ဘုရားတရားကို ပိုလုပ်ဖြစ်တယ်

ဘုရားရှိခိုးတာ နေ့စဉ်အချိန် မှန်တော့ မရှိခိုးဖြစ်ဘူး။ ဒါပေမဲ့ ညအိပ်ခါနီးတော့ ရှိခိုးဖြစ်တယ်။ ဇင် ဘုရားတရားစလုပ်ဖြစ်တဲ့အချိန်က ဇင့်မေမေဆုံးတဲ့အချိန်က စလုပ်ဖြစ် တာ။ သေခြင်းတရားကို သိလိုက် ရတယ်။ အဲဒီမှာ ဇင် ဘာသာရေးကို စလိုက်စားဖြစ်တယ်။ ယုံကြည် တယ်။ တရားစခန်းတွေဝင်ဖြစ်တယ်။

15240308_1366648053345973_1927365673_n-copy

►နေ့စဉ် ဘုရားဟောကြားတဲ့အတိုင်း နားထောင်လုပ်ဆောင်တယ်

အဓိဋ္ဌာန်ဝင်ဖြစ်တယ်။ ဝင်ဖြစ်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတစ်ခုထားတဲ့ သဘောပဲ။ လောဘကြီးကြီးနဲ့ ဒါလိုချင်လို့ ဆု တစ်ခုတည်းတောင်းပြီး လုပ်တဲ့ သဘောမျိုး မဟုတ်ဘူး။ နေ့စဉ် ဘုရားဟောထားတဲ့အတိုင်း နားထောင်ပြီး လုပ်ဆောင်တယ်။ ကိလေသာ တရား ငါးပါးသီလလုံခြုံ အောင် အရင်လုပ်ရတယ်။ အဲဒီ အတွက်ကြောင့် ကောင်းတာတစ်ခုကို ရလိမ့်မယ်လို့ မျှော်လင့်တယ်။

15300656_1366648320012613_1003784386_n-copy

►ဘာသာတရားက ဘဝတစ်လျှောက် လုံးအတွက် အရေးပါတယ်

ဘာသာတရားက ကိုယ့်ဘဝ တစ်လျှောက်လုံးအတွက် အရေးပါ ပါတယ်။ ဘာသာတရားမရှိရင် လူ တစ် ယောက်က အထိန်းအကွပ်မဲ့ တယ်လို့ ဇင် မြင်တယ်။ ဘာသာ တရားကို ထဲထဲဝင်ဝင် လေ့လာလိုက်စားတယ်၊ ယုံကြည်သက် ဝင်တယ်ဆိုရင် အတွေးအခေါ်က အစ ပြောင်းသွားတယ်။ ဘုရားကို ယုံကြည်တယ်၊ ဘုရားပြောတဲ့ စကားကို နားထောင်တယ်ဆိုရင် အခက်အခဲ ကြီးကြီးမားမားတွေ မရှိတော့ဘူး။ ကိုယ်က လူတွေအပေါ်မှာ စိတ် ပုပ်စိတ်ယုတ် မထားဘဲ၊ သွေး ထိုးစကား၊ ကုန်းချောစကား အဲဒါတွေ အစစအရာရာ အား လုံးကို ထိန်းချုပ်လိုက်တဲ့အခါ မှာ မကောင်းတဲ့အရာက ကိုယ့်ဆီကို လုံးဝမ ရောက် လာတော့ဘူး။ ဒုက္ခကြီးကြီး မားမားက ဘယ်တော့မှ ကိုယ့်ဆီရောက်မလာဘူး။ ဗုဒ္ဓဘာ သာဝင်တစ်ယောက် ဖြစ်ရတာ လမ်းကြောင်းမှန် တစ်ခုပေါ် မှာ ရောက်နိုင်လို့ အခက်အခဲတွေနဲ့  ရင်ဆိုင်ရ ရင်တောင် Confident  ရှိစေတယ်။ ဗုဒ္ဓဟောကြားတဲ့ အတိုင်း ကိုယ် နေကြည့်တယ်၊ ဗုဒ္ဓဟောကြားတာ တွေအကုန်လုံး မှန်နေတယ်။ မတရားဘူးဆိုတာ မရှိဘူး။ လုံးဝတရားတယ်။ ဂုဏ်ယူတယ်ဆိုတာထက် ယုံကြည်မှုရှိတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here