ပုဂံခေတ်လွန်သော် မြင်စိုင်း၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင် ရမ်း၊ ကုန်းဘောင်၊ ရတနာပုံစသည်ဖြင့်တည်ထောင်ကြလေ၏။ ပင်း ယကို တစ်စီးရှင်သီဟသူမင်းက သက္ကရာဇ် ၆၇၄ခုနှစ် တပေါင်းလ ဆန်း ၁၅ရက်တွင် တည်ထားလေ၏။ ဝိဇယပူရဘွဲ့နာမည်တပ်ကာ နန်း တော်၊ မြို့တော်၊ ကျုံးတော်၊ ရွှေဂူဘုရား(ဂူတော်သစ်)၊ အတွင်း ရွှေ ကျောင်း၊ ရွှေစည်းခုံစေတီ၊ ထောက်ရှည်ကန်(ကန်လှ)ခုနစ် ဌာနကို တစ်စုတည်းတည်ထားခဲ့သည်။ ပင်းယခေတ်သည် ၆၇၄ ခုနှစ်မှ ၇၂၆ အထိ ၅၂ နှစ်သာတည်ထားလေ၏။ ယဉ်ကျေးမှုအမွေ အနှစ် မများပြားသော်လည်း အင်းဝခေတ်သို့ ပုဂံခေတ်လက်ရာများ လက်ဆင့်ကမ်း အမွေပေးနိုင်ခဲ့၏။
ပင်းယရွှေစည်းခုံစေတီသည်လည်း မြို့တည်စက ပင် ပါဝင်ခဲ့သည့် ရှေးဟောင်းအမွေအနှစ် စေတီတစ်ဆူ ဖြစ်သည်။ ပင်းယမြို့ဟောင်း သည် ရန်ကုန်- မန္တလေးအမြန်လမ်းမဘေး ကျောက်ဆည်-တံတားဦးလမ်းပေါ်ရှိ စကားအင်းကျေးရွာအနီး တွင် တည်ရှိလေ၏။ သက္ကရာဇ် ၆၈၄ခုနှစ်တွင် နန်း စံသော ဥဇနာမင်းသည် ရွှေစည်းခုံ စေတီတော်ကြီးကိုငုံ၍ အသစ်တည်တော်မူ၏။ ၇ဝ၄ခုနှစ် တွင် ငါးစီးရှင်ကျော်စွာ၊ ၇၁၃ ခုနှစ်တွင် ကျော်စွာငယ်၊ ၇၂၉ ခုနှစ် တွင် အင်းဝနန်းစံ မင်းကြီးစွာစော်ကဲတို့ အဆက်ဆက် ပြုပြင်ခဲ့ကြ၏။ ၉၉ဝခုနှစ်တွင် သာလွန် မင်းတရားကြီးက စေတီတော်အား ရွှေ သင်္ကန်းကပ်လှူခြင်း၊ ၁ဝ၁၉ခုနှစ်တွင်အလောင်းမင်းတရား ဦးအောင်ဇေယျမှ ပြုပြင်ခြင်း၊ ၁၁၃၈ ခုနှစ်တွင်စဥ့်ကူးမင်းက ထီး တော်မှမြေသို့တိုင် ရွှေသင်္ကန်းကပ်လှူပြီး ပြုပြင်ခဲ့ကြလေ၏။
သီဟသူမင်းသည် ရွှေစည်းခုံ စေတီ တည်ထားကိုးကွယ်ပြီးနောက် ဝတ္တကမြေသတ်မှတ်ပေးခဲ့ကာ ကျောက်စာရေးထိုးခဲ့၏။ ထိုကျောက် စာတွင် “သက္ကရာဇ် ၆၇၄ ခုနှစ် တပေါင်းလပြည့်နေ့ ပင်းယမြို့နိုင်ငံ တော်ကိုအစိုးရသော တစ်စီးရှင်သီဟသူမင်းကြီးသည် ဤရွှေစည်း ခုံ စေတီတော်ဘုရားကြီးအား စံကားအင်း ရွာနှင့် အလုံးစုံမြေမြောက်မြို့ ထုံးဖုတ်တံခါးကစ၍ နွားလည်တောင် ငယ်ကိုပတ်ပြီး မြစ် လည်ကျော ကောက် ကောက်စင်းစင်း၊ တောင်ခါဖြူဆိပ်ကျောက်တိုင် ၄င်းမှ အနောက်တောင်ချပ်ကြား၊ ၄င်းမှ နွားကူးချောင်း၊ ၄င်းမှ သူငယ် တော်ကန်ရိုး၊ ၄င်းမှ သံလမ်းအထိ ဝတ္တကမြေတော် လှူထားကြောင်း ဖြစ်ပါသည်။
ဤလှူထားသော ဝတ္တကမြေတော်ကို ဖျက်ဆီးလုယူသူများအား ဘုရားအဆူဆူချွတ်သော်လည်း မကျွတ်ပါစေသား၊ အပါယ်လေးပုံ၌ သာ ရှိစေသတည်း” ဟု အဓိပ္ပာယ်ရပါသည်။ ၁၁၄၃ခုနှစ် တန်ဆောင် မုန်း လဆန်း၃ရက် ညဥ့်သန်းခေါင်တွင် စေတီတော်ကြီး ပြိုကျခဲ့၏။ အသစ်ပြန်လည်တည်ထားရန် အင်းဝဘုရင်စဥ့်ကူးမင်းသည် စေတီ တော်မြောက်ဘက်တွင် ယာယီနန်းစံတော်မူပြီး စေတီတော်ကြီးအား ရှင်းလင်း၏။ အုတ်ဖိုပေါင်းတစ်ရာကျော်ပြုလုပ်ပြီး အုတ်သားပြည့် စီတော်မူ၏။ ပစ္စယာသုံးဆင့်သာပြီး စီးခဲ့လေ၏။ ယခုဖူးတွေ့ရသည့် ပစ္စယာ ကြီးသုံးဆင့်ဖြစ်လေ၏။ ယင်းနောက်ခေတ်အဆက်ဆက် ပြုပြင် နိုင်မှုမရှိ တော့ဘဲ ၁၃၁၁ ခုနှစ်၊ ၁၃၁၅ ခုနှစ်၊ ၁၃၂၅ ခုနှစ်တို့ တွင် ဂေါပ ကအဖွဲ့ များမှ အသီးသီး ပြုပြင်ခဲ့ကြ၏။ ၁၃၃၁ခုနှစ် ဦးသန့်လေး၊ ဦးတင် အောင်တို့ဦးစီးသော ဂေါပကအဖွဲ့မှ ရှစ်ထောင့် ပလ္လင်၊ ကြေးဝိုင်းကြာအုံ အထိလည်းကောင်း၊ ၁၃၆ဝခုနှစ် ဦးတင်အောင် ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်၍ အဖွဲ့ဝင် ၁၄ ဦးပါအဖွဲ့မှ သပိတ်ေ မှာက် အတွင်း ဌာပနာတိုက် နှစ်ခုဆောက်လုပ်၏။ စေတီတော်ကြီးရှင်းလင်းစဉ်ကရရှိခဲ့သော ပဉ္စ လောကဆင်းတုတော်၊ ရွှေ ဘုရား ၊ ငွေဘုရား၊ ကျောက်ပန်းခိုင်စသော ဌာပနာပစ္စည်းများ၊ ရွှေစည်းခုံကျောင်းဆရာတော်ကြီး သိမ်းဆည်းထား သော ဌာပနာပစ္စည်းများ ကုသိုလ်ရှင်များ လှူဒါန်းသော ရွှေငွေလက် ဝတ်ရတနာအမျိုးမျိုးတို့အား ထည့်သွင်းပူဇော်ခဲ့၏။ ဖောင်းရစ်အသီး သီးတွင်လည်း ဌာပနာ ပစ္စည်းများ၊ ဆင်းတုတော်များ ထည့်သွင်း ပူဇော် ခဲ့သည်။ ၁၃၆၃ ခုနှစ်တွင် စေတီတော်ကြီး ပြီးစီး အောင်မြင်ခဲ့၏။ ရွှေထီး တော် တင်လှူပွဲအား တပို့တွဲလဆန်း ၇ ရက်မှ ၁၅ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့၏။ နှစ်စဉ်လည်း ဝါဆိုလပြည့်နေ့တွင် ဆွမ်း တော်ကြီးကပ်လှူပွဲနှင့် တပို့တွဲလဆန်း ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ဘုရားပွဲကျင်းပကြ၏။ ထိုပွဲတွင် စံကားအင်း၊ ပင်းယ၊ တံတားဦးမြို့ အနီး တစ်ဝိုက်မှ ဘုရားဖူးလှည်းများဖြင့် စည်ကားလှပြီး တောင်သူသုံး လယ် ယာသုံးပစ္စည်းများ၊ နွား၊လှည်း အလှဆင် ပစ္စည်းများ ရောင်းချကြသည် ဖြစ်ရာ သွားရောက်ဖူးမြော်ကုသိုလ်ပြုစေလိုကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
နိုင်ထွန်း(TGI)