ပညာရေး ခရီးဆုံးတိုင် သင်ကြားနိုင်စေသော်

0
358

edumyo

ပညာရေးနဲ့ ပတ်သက်လို့ “ငယ်သောအခါမှာ ပညာရှာ” ဆိုတဲ့စကားအတိုင်းပညာဆိုတာ ငယ်ရွယ်စဉ်အချိန်အခါမှာ ရှာဖွေဆည်းပူးရတာ အကောင်းဆုံးပါ။ နို့မို့ဆို အသက် သုံးဆယ်ကျော် အရွယ်ရောက်မှ ဆယ်တန်းပြန်ဖြေ ချင်လိုက်တာဆို ရင်တော့ လွတ်သွားတဲ့ငါးကြီးဆိုစကားလို လူရယ်စရာကြီးဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။

” နောင်တ နောင်တ နောင်မှရတော့ အချိန်နှောင်းလိမ့်မယ်” လို့ ဆိုသလို ငယ်စဉ်မှာ သင်ဟာ ပညာမရှာဖွေခဲ့လို့ အသက်အရွယ်ကြီးလာတဲ့အခါ သင်ဘယ် လောက်ပဲချမ်းသာနေပါစေ။ ပညာကိုအချိန်ရှိတုန်းက မရှာဖွေခဲ့ နိုင်ဘူးဆိုတဲ့ နောင်တက သင့်ကိုနှိပ်စက်နေပါလိမ့်မယ်။ အဆိုတော်ဖြိုးပြည့်စုံဟာ အဆိုတော်တစ်ယောက်ဆိုပေမယ့် သူဟာတစ်ဖက်မှာလည်း ဆေးတက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ကို ရရှိထားတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ သူ့လိုပဲ ဆောင်းဦးလှိုင်၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ နီနီခင်ဇော်စတဲ့ အနုပညာရှင်တွေဟာလည်း ဆရာဝန်တွေဖြစ်ပါတယ်။ ဆိုလိုချင်တာက သူတို့ တွေ မိမိဝါသနာပါရာ အနုပညာ အလုပ်ကို လုပ်နေကြတယ်ဆိုပေမယ့် ပညာရေးဘက်မှာလည်း မလစ် ဟင်းခဲ့ကြတဲ့ ထိတ်ထိတ်ကြဲ ပညာတတ်တွေ ဖြစ်ပါတယ်။ သူတို့လိုပဲ တခြားအနု ပညာရှင်တွေ အများကြီးရှိပါ သေးတယ်။ ” အမှန်တကယ်တော့ ကျွန်တော်တို့က အတန်းပညာသင်ရတယ်။ ပြီးတော့မှ အသက်မွေးဝမ်း ကျောင်း အလုပ်ဆို တဲ့ အလုပ်ကိုလုပ် ရတယ်။ ပညာနဲ့ အလုပ်ဆိုတာ နှစ်မျိုးရှိတာပေါ့။ ဥပမာ- သူငယ် တန်းအရွယ်မှာ ဆယ်တန်းအောင် ချင်လို့ ရမှမရတာ။ သူငယ်တန်း ကျောင်းသားဘဝမှာ သူငယ်တန်းကို အောင်အောင် ကြိုးစားရမယ်။ ဒီသဘောပဲ။ ကျွန်တော်တို့အတန်း ပညာသင်ယူတဲ့ နေရာမှာလည်း ကိုယ့်အတွက် အကျိုးရှိမယ့် ပညာ ရပ်ကို ဆုံးခန်းတိုင်အောင် သင်ယူပြီး မြောက် ခြင်းဆိုတာ အရေးကြီးတယ်။ ဒီပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုပြု၊မပြုပြုကိုယ်က သတ်မှတ်ထား တဲ့ ပန်းတိုင်တစ်ခုကို ရောက်အောင် သွားနိုင်တယ်ဆိုတဲ့ စိတ်က ကိုယ့်ဘဝကို အကျိုးအမြတ်အများကြီးပေးတယ်” လို့ ဖြိုးပြည့်စုံက ပြောပ တယ်။

အဆိုတော် ဖိုးကာဆိုရင် သမီးဖြစ်သူ ဖူးဖူးသစ်ကို ပညာရေးဘက်ကို ဦးစားပေးပြီးတော့မှ သူမဝါသနာပါရာ အနုပညာအလုပ်ကို လုပ်ခိုင်းစေခဲ့တာပါ။ ဖူးဖူးသစ် ကတာ့ လက်ရှိအချိန်မှာ National Management College မှာ Journalism တတိယနှစ် ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီးခွေကိုလည်း မကြာမီမှာ ထွက်ရှိနိုင်တော့မှာပါ။ ” ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်သမီးလေးကို အရင်ကတည်းက စီးရီးထုတ်ပေးဖို့ပါပဲ။ ဒါပေမဲ့ သူ့ကို ပညာရေးဘက်မှာလည်း ထူးချွန်စေချင်တယ်။ အခု ခေတ်က ပညာခေတ်လေ။ အခုဆို သူက ကျောင်းလည်းပြီးတော့မယ်ဆိုတော့ သူဝါသနာပါရာကို အကောင်အထည်ဖော်ပေးတာပါ” လို့ ဖိုးကာက ပြောပါတယ်။ မိမိရရှိထားတဲ့ပညာနဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ကိုင်သည်၊ မလုပ်ကိုင်သည်က တစ်ကဏ္ဍပါ။ ပညာကို ဘာ့ကြောင့် သင်ယူလေ့လာခဲ့သင့်သလဲဆိုတာကိုတော့ ဖြိုးပြည့်စုံက..

” ကျွန်တော့်ရဲ့ ခံယူချက်ဆိုလို့ရှိရင် ကျွန်တော်သည် ဆယ်တန်းကို အောင်အောင်ဖြေတယ်။ ဆေးတက္ကသိုလ်တက်တယ်။ ဆေးတက္ကသိုလ်အောင်မြင်ပြီးသွားတဲ့ အချိန်မှာ Melody World ကြောင့် အနုပညာအလုပ်တွေ စလုပ်ဖြစ်တယ်။ ပထမဦးဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်ထွက်တယ်။ နေရာကို ကြည့်မယ်ဆိုရင် ကျွန်တော့်ရဲ့ Turning Point က အကွေ့အကောက်လေးတွေ ဖြစ်နေတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအနုပညာအလုပ်ကို အောင်မြင်အောင် ကြိုးစားနေတယ် ဆိုတဲ့စိတ်က ငယ်ငယ်လေးကတည်းက အတန်းပညာမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်ပညာမှာပဲဖြစ်ဖြစ် အောင်မြင်ပေါက်မြောက်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်က အခြေခံ ပါတယ်။ အဲဒီတော့ လူငယ်တွေကို ပြောချင်တာက အသက်မွေးဝမ်း ကျောင်းဆိုတာလည်း အရေးကြီးတယ်။ ဒါပေမဲ့ ပညာရှာရမယ့် အချိန်မှာပညာပဲရှာသင့်တယ်။ ပညာကို ဆုံးခန်းတိုင်အောင်ရှာပြီး ပညာကြောင့်ရလာတဲ့ အကျိုးအမြတ်မှာ ပညာကြောင့် အသက်မွေးဝမ်း ကျောင်းပြုပြု၊ မပြုပြုတစ်နည်း နည်းနဲ့ ကိုယ့်ရဲ့ဘဝကြီးကို အထောက် အပံ့ကောင်းအနေနဲ့ ပေးတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန် အားပေးတယ်။ အဲဒီအတွက်ကြောင့် ပညာတတ်မြောက်အောင်မြင်ဖို့ အတွက် အရေး ကြီးတယ်လို့ကျွန် တော်ကတော့ အဲဒီလိုခံယူထားတယ်။ ကျွန်တော်တို့ ဆေး တက္ကသိုလ်ဆိုလို့ရှိရင်လည်း ခက်ခဲတဲ့ပညာရပ်တွေပါ။ ဒါတွေကို ကျွန်တော်တို့ အောင်မြင်စွာကျော် လွှား ပြီးတော့ရခဲ့တဲ့ဘွဲ့တစ်ခုက လက်ရှိအနုပညာ လုပ်တဲ့အခါမှာ လည်း ငါဟာရည် မှန်းချက်တစ်ခု ရောက်ရင်ဘယ်လိုပြီး မြောက် အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ စိတ်ခွန်အားတွေ အများကြီးပေးပါ တယ်။ အထောက်အပံ့ကောင်းတွေ အများကြီးရပါတယ်” လို့ ဆိုပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ဘွဲ့ရတိုင်းလည်း ပညာတတ်မဟုတ်သလို၊ ပညာတတ်တိုင်းလည်း ဘွဲ့ရတာ တော့မဟုတ်ပါဘူး။ အဓိကကတော့ ”
ဤအရာသည်ကောင်းသည်၊ ဤအရာသည် မကောင်း” ဆိုတဲ့ လောကကြီး မှာ တရားနည်းလမ်းကျကျနေထိုင် နိုင်ဖို့အတွက် စဉ်းစားချင့်ချိန်နိုင် စွမ်းရှိသူသာပညာရှိပါ။ သို့သော် အရာရာ တိုးတက်ပြောင်းလဲ လာတဲ့ ခေတ်ကြီးထဲမှာ ရှာဖွေဆည်းပူးလို့ မကုန်နိုင်တဲ့ ပညာရပ်တွေကို ရှာဖွေဆည်းပူးရင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာဝမ်းစာပြည့်တဲ့၊ လူအများသတ်မှတ်ထားတဲ့ ပညာရပ်တွေကို တတ်မြောက်ထားတဲ့ ပညာတတ်တစ်ယောက်ဖြစ်ဖို့လည်း အမှန်တကယ် လိုအပ်လှပါပေတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here