မေထုန်ရာသီဖွားဇာတ်ကားအပေါ် ပရိသတ်ရဲ့ လက်ခံမှု၊လက်မခံမှုကိုတော့ စောင့် ကြည့် ရမှာ ဖြစ်ပါတယ် အေးမြတ်သူ

0
255

aye-myat-thu-2-copy

‘မေထုန်ရာသီဖွား’ ရုပ်ရှင် ဇာတ်ကားဟာ ယောက်ျား နှစ်ဦးရဲ့ ချစ်ခြင်းကို အဓိကအခြေခံပြီး ရိုက်ကူးတာမို့ တော်ရုံမင်းသမီးတွေ လက်ခံ မရိုက်ကူးရဲတဲ့ အနေအထား မှာ အေးမြတ်သူက လက်ခံရိုက်ကူးခဲ့ တာဖြစ်ပါတယ်။

“အေးမြတ်သူကတော့ ကိုယ် လက်ခံလိုက်တဲ့အလုပ်ကို အကောင်း ဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ အဓိကအား ဖြင့် ဒါရိုက်တာရဲ့ အားကို အများကြီးယူခဲ့ရပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အေးမြတ်သူ ဒီအိုက်တင် တွေကို နားမလည်လို့ပါ။ ဒီအိုက်တင်တွေကို လုပ်ချင် တယ်။ ဒါပေမဲ့ မလုပ်တတ်တဲ့ အိုက်တင်တွေ ဖြစ်နေပါတယ်။ အဲဒါ ကြောင့် ကိုညို (ဒါရိုက်တာ ညိုမင်းလွင်) ကိုပြောခဲ့ပါတယ်။ အစ်ကိုပြော တဲ့ အတိုင်း အားထည့်ပြီးတော့ ကြိုးစား သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဇာတ် လမ်းရဲ့ ဇာတ်အိမ်ကလည်း ရှားတယ်။ အိုက်တင်ကလည်း ကြားကျတော့ အဲဒီ လို အိုက်တင်မျိုးကို လုပ်ကြည့်ချင်ခဲ့ တာပါ။ ပရိသတ်ရဲ့ လက်ခံမှု၊ လက် မခံမှုကိုတော့ စောင့်ကြည့်ရမှာ ဖြစ် ပါတယ်။ အဲဒါကြောင့် ဒီဇာတ်ကားဟာ ပရိသတ်တွေ ထင်ထားသလို မဟုတ်ဘူးဆိုတာကို ပြောချင်ပါတယ်” လို့ အေးမြတ်သူ က ပြောပြပေးပါ တယ်။ အေးမြတ်သူ က ဒီဇာတ်ကားထဲမှာ အိုက်တင်တွေကောင်းလွန်းပေမယ့် လည်းသူ့အနေနဲ့တော့ အကယ် ဒမီဆိုတာမျိုးကို မမျှော် လင့် ထားဘဲဇာတ်လမ်းကောင်း ဖို့ အတွက်ကို ထောက်ပံ့ပေးထားခဲ့ခြင်းသာ ဖြစ်တယ် လို့ ဆိုပါတယ်။

အေးမြတ်သူက မကြာ ခင်ရက်ပိုင်းက ကိုရီးယားနိုင်ငံ ခရီးစဉ်ကနေ ပြန်ရောက်လာတာဖြစ်ပြီး အဲဒီ ခရီးစဉ်ကိုတော့ ကိုရီးယားအဲလိုင်း ကနေပြီး စီစဉ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အေးမြတ်သူတို့ ၄ ရက် နေခဲ့ပါ တယ်။ ဆိုးလ်မြို့အပြင်မှာ ဖျောင်ချန်း ဆိုတဲ့ နေရာရှိပါတယ်။ အဲဒီမှာ ၂ဝ၁၈ ခုနှစ်အတွက် Winter Olympic  ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်သွားမယ့် နေ ရာကိုလည်း ရောက်ခဲ့ပါတယ်” လို့ အေးမြတ်သူကတော့ ဆိုခဲ့ပါတယ်။

ထက်လူ၊ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here