အိမ့်ချစ် နဲ့ နှစ်ယောက်တွဲ စီးရီးကတော့ တစ်နှစ်လောက်ကြာဦးမယ် ချစ်ကောင်း

0
500

chitkg

အဆိုတော်ကြီး ချစ်ကောင်းက နိုဝင်ဘာလ ၂၆ ရက်နေ့ကကျင်းပတဲ့ 80 Classic Night ဂီတပွဲမှာ သူငယ်ချင်းများဖြစ်ကြတဲ့ တူးတူး၊ ကော်နီ၊ ဟေမာနေဝင်းတို့နဲ့စုံတွဲ ပါဝင်သီဆိုခဲ့ပါတယ်။ ချစ်ကောင်းကသူ့ရဲ့ တစ်ကိုယ်တော်စီးရီးသစ်ကိုလည်း ပြင်ဆင်နေပြီး ၇ ပုဒ်နီးပါးလောက် ပြီးစီးနေပြီလို့လည်း သိရပါတယ်။

” ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်လုပ်ရိုးလုပ်စဉ်ပေါ့။ ကော်ဖီခါးခါးနဲ့ ဘာအကောင်းဆုံးလဲ ထွက်တုန်းကလည်းအချိန်က နှစ်တော်တော်ဟတယ်။ ကျွန်တော်အခွေတစ်ခွေလုပ်ရင် အချိန် ယူပြီးမှ လုပ်တဲ့သဘာဝရှိတော့ ကြာဦးမယ်။ ခုလက်ရှိကြိုက်နေလိုက်၊ ပြီးတော့ ပယ်စရာရှိရင် ပြန်ပယ်လိုက်နဲ့ ဒီလိုပဲ သွားနေတာ။တကယ်စိတ်တိုင်းကျပြီး နှစ်သက်ပြီဆိုတော့မှ ပရိသတ်ကိုပေးမယ်။ ဒါကျွန်တော်မှ မဟုတ်ပါဘူး။ အားလုံးသော အနုပညာသမားတိုင်းကအကောင်း ဆုံးကြိုးစားပြီးလုပ်ကြတာပါပဲ’ လို့ ချစ်ကောင်းက ပြောပါတယ်။

ချစ်ကောင်းက သမီးဖြစ်သူ အိမ့်ချစ်နဲ့လည်း စီးရီးတစ်ခွေလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရတာကြောင့်ဒီအကြောင်းကို..” အိမ့်ချစ်နဲ့အခွေက လုပ်တော့လုပ်နေတယ်။ ကျွန်တော်တစ်ကိုယ်တော်လုပ်ရင်းနဲ့ သူနဲ့ဖြန့်ပေးလို့လည်း ရတယ်။ လောလောဆယ်က သူ့ဘက်က မပြီးပြတ်သေးတာ။ သူ့တတိယအခွေ လေးကို အားစိုက်နေတော့ နှစ်ယောက်တွဲခွေလေးကို ခဏလွှတ်ထားတာ။ အဲ့ဒါလေးလည်း လုပ်မှာပါ။ ဒါပေမဲ့ တစ်နှစ်လောက်တော့ကြာပါဦးမယ်” လို့ ချစ် ကောင်းက ပြောပါတယ်။ ချစ်ကောင်းက ၁၉၈၁ခုနှစ်ဝန်းကျင်ကတည်းက ဂီတလောကကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး ၁၉၈၃ ဝန်းကျင်မှာ လူသိထင်ရှားကာ အောင်မြင်မှုကြီးမားစွာရရှိလာခဲ့သူလည်း ဖြစ်ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here