ဆင်ခြင် စဉ်းစားရမှာက ဘာတုန်းဆိုရင်

0
340

dr-nandamalabhivamsa

အေး…လောကမှာ မြင်မြင်သမျှ သတ္တဝါတွေဟာ ငါပဲဖြစ်ဖြစ်၊ သူပဲဖြစ်ဖြစ်၊ ကိုယ်လုပ်သမျှဟာ ကိုယ်နဲ့သာသက်ဆိုင်တယ်။
”ကမ္မဒါယာဒ” တို့ လုပ်ခဲ့တဲ့လုပ်ရပ်တွေကို တို့နောက်ဆုံး အမွေခံရမှာ။
ဒါကိုလည်း ဆင်ခြင်စဉ်းစားပေးရမယ်တဲ့။ ”ကောင်းတာ လုပ်ရင်လည်း ကောင်းတဲ့ အမွေ၊ မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့ အမွေ ငါပဲရမှာပဲ” လို့။
ဒီလို ဆင်ခြင်စဉ်းစားပေးခြင်းဖြင့် ဘာဖြစ်သလဲဆိုရင် မကောင်းတာ မလုပ်ဖြစ်ဘူး။ မကောင်းတဲ့အမွေဆိုတာ ဘယ်သူမှ မခံချင်ဘူးလေ။
ကောင်းတဲ့အမွေသာ ခံချင်တာ။
ဒါကြောင့် မကောင်းတာကို သတိထားပြီး ရှောင်ကြဉ်လာတယ်။
ကောင်းတာတွေကို ကြိုးစားပြီး လုပ်ဖြစ်လာတယ်။ ဒါဟာ  ကြီးမားတဲ့ အမြတ်ကြီးတစ်ခုပဲ။    ။


LEAVE A REPLY

Please enter your comment!
Please enter your name here