ငလျင်ဒဏ်သင့် စေတီများ ပြုပြင်ရန်MPT သုံးစွဲသူများက SMS များမှတစ်ဆင့် အလှူငွေ သိန်း ၁၅ဝဝ ကျော်လှူ

0
282

PN -042
ရန်ကုန်၊ ဒီဇင်ဘာ ၂

ငလျင်ဒဏ်သင့် စေတီပုထိုး များပြုပြင်ရေးအတွက် SMS  များမှတစ်ဆင့်လှူဒါန်းငွေကျပ်သိန်း ၁၅ဝဝ ကျော်ရရှိခဲ့ကြောင်း မြန် မာ့ဆက် သွယ်ရေး လုပ်ငန်း(MPT)    မှ သတင်း ထုတ်ပြန်သည်။

သြဂုတ်လအတွင်းက လှုပ် ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့ရသော ပုဂံနှင့်မြောက်ဦးမှ စေတီပုထိုးများ ပြုပြင်မွမ်းမံ ရန်အ တွက် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ MPTသုံးစွဲသူများ၏ SMSမှ လှူ ဒါန်းမှုအကြိမ် သုံးသိန်းကျော်ရှိခဲ့ ကြောင်း၊ SMS   မှတစ်ဆင့် အလှူ ငွေကျပ် ၁၅၂၁၃၆၅ဝဝ ရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ အလှူငွေများကို နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတာဝန်ရှိသူ များထံသို့နိုဝင်ဘာ ၃ဝ ရက်တွင် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။

”MPT  အသုံးပြုသူတွေရဲ့ သဒ္ဓါတရား ထက်သန်မှုကြောင့် အလွန်အရေးပါတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်လည် ပြု ပြင် ထိန်းသိမ်းဖို့ အမှန်တကယ် လို အပ်တဲ့အလှူကို ပြုလုပ်နိုင်ခဲ့တာ ပါ”ဟု MPT  ၏ ဦးဆောင်ညွှန် ကြားရေးမှူး ဦးခင်မောင်ထွန်းက ပြော သည်။

SMS မှရရှိသော အလှူငွေ များ ပေးအပ်ပွဲကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်လည်းပြုလုပ်ခဲ့ ပြီး ပြန်လည်ပြုပြင်ရေး လုပ်ငန်း များ လုပ်ဆောင်နေသည့် ရတနာ့ မာရ်အောင် ဆရာတော်နှင့်သံဃာ တော်များ အပါအဝင်MPT မှ ဒေသခံ စီမံခန့်ခွဲမှုအဖွဲ့များ တက် ရောက် ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here