ဒါရိုက်တာဒိန်းဒေါင် ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား

0
263

ma-yone-yin-1

ဟာသသရုပ်ဆောင် ဒိန်းဒေါင် ဒါရိုက်တာအဖြစ် ပထမဦးဆုံး ရိုက်ကူးတဲ့ “မယုံရင်တော့ပုံပြင်ပေါ့” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၁ဝ နာရီက မြောက်ဥက္ကလာပ ကန်သာယာရုပ်ရှင်ရုံမှာ ပြသခဲ့ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ စိုင်းလွှမ်း၊ ဇင်ဝိုင်း၊ နန်းထက်ထက်ဦး၊ အောင်ခိုင်၊ ဝါဝါအောင်၊ ဒိန်းဒေါင် တို့နဲ့အတူ အခြားအနုပညာရှင်များစွာ ပါဝင်ရိုက်ကူးထားပြီး ဧည့်သည်သရုပ်ဆောင်များအနေနဲ့ လူမင်း၊ ခန့်စည်သူ၊ ထွန်းထွန်း၊ ထူးခြား၊ စိုးမြတ်သူဇာတို့က မေတ္တာနဲ့ ပါဝင်သရုပ်ဆောင်ပေးခဲ့ကြ ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဒိန်းဒေါင်က..

” သဘာဝဇာတ်ကားလေးပါ။ ဆင်းရဲသားလူတန်းစားတွေထဲကမှ သားအဖနှစ်ယောက်ရဲ့ မေတ္တာဖွဲ့ကို ရိုက်ကူးပြထားတာပါ။ ကျွန်တော့်အနေနဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဆိုတော့ ရင်ခုန်မိတာပေါ့။ ဒီဇာတ်ကားကတော့ ဘဝဇာတ်ကားကို ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့လိမ့်မယ်လို့ထင်တယ်။ ဟာသ ဇာတ်ကားတော့ မဟုတ်ပေမယ့်လည်း ရယ်စရာ ၃၊ ၄ ခန်းတော့ ပါ တယ်။ ဒီဇာတ်ကားကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ ဒီလို အောက် ခြေလူတန်းစားတွေ ရှိတယ်ဆိုတာ၊ ဆင်းရဲသားတွေ တကယ့်ကို ရှိပါတယ်ဆို တဲ့အကြောင်း၊ ဆင်းရဲသားတွေ ပပျောက်အောင်၊ ပြီးတော့ အလယ်အလတ်တန်း စားနဲ့ အထက်တန်းစားက လူကြီးများက မရှိဆင်းရဲသားတွေရဲ့ဘဝကို စာနာ နားလည်နိုင်ကြပါစေ။ အောက်ခြေ လူတန်းစားတွေရဲ့ ဘဝရုန်းကန်မှု တွေကို တကယ့်အောက်ခြေလူတန်း စားတွေ ရှိနေတဲ့၊ ဟိုးအရင်က ကျွန်တော်နေခဲ့ဖူးတဲ့ မြောက်ဒဂုံက ရပ်ကွက်မှာ သွားရောက်ရိုက်ကူး ပုံဖော်ပေးထားတာပါ။

ပါဝင် သရုပ်ဆောင်ပေးကြတဲ့ သရုပ်ဆောင်များကိုလည်း အထူးပဲကျေးဇူးတင်ပါ တယ်။ ကျွန်တော်က ဟာသလူရွှင်တော် တစ်ယောက်ဖြစ်တဲ့အတွက် ဘယ်လို တွေ ပုံဖော်ရိုက်ကူးပြထားမလဲ၊ ပြီးတော့ ဆင်ဆာကြည့်တုန်းကလည်း လူကြီး တွေက မင်းပေါက်ကရ လုပ်လိုက်မယ်ထင်နေတာ၊ ဘဝပေးဇာတ်ကားလေး ကောင်းလိုက်တာလို့ ပြောကြတယ်။ ဆင်ဆာလည်း ပေးတယ်။ ပြီးတော့ လို အပ်ချက်တွေ လည်း ပြောပြခဲ့တယ်။ ကျွန်တော်က ဒါရိုက်တာအလုပ်ကို ဝါသနာပါတာကြောင့် ကျွန်တော်တတ်သိသမျှ ပညာလေးနဲ့ အခုလို ပရိသတ် ကို ရိုက်ကူးပြတာပါ။ နောက်ပိုင်းမှာ ကျွန်တော် ဒါရိုက်တာအလုပ်ကို ပိုလုပ် သွားဖို့ရှိပါတယ်။ အားပေးကြ မယ့် ပရိသတ်များကိုလည်း ကျေးဇူး အထူး တင်ပါတယ်” လို့ ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလထဲမှာ ရုံတင်ပြသပေးသွားမှာဖြစ်ပါတယ်။ ဒိန်းဒေါင်က ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားအဖြစ် “မင်းမပါလည်း ဖြစ်ပါတယ်” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသွား မှာဖြစ်တယ်လို့ သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here