တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ဇာတ်ကားနဲ့အကယ်ဒမီရ ချင်တယ်ဆိုတဲ့ ယွန်းယွန်း

0
552

001ပရိသတ်တွေက ဒီနှစ် အကယ်ဒမီပေးပွဲမှာ လက်ပံ(သို့ မဟုတ်) တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားတို့နဲ့ အကယ်ဒမီ အထူးဆုရဖို့ ကလေးသရုပ် ဆောင်ယွန်းယွန်းကို အကယ်ဒမီ တစ်ကြိုပေးထားနေပြီပဲ ဖြစ်ပါတယ်။

ဒီနှစ်အကယ်ဒမီဆုကို လက်ပံနဲ့ရော၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဇာတ်ကားနဲ့ရောရနိုင်တယ် လို့ ပရိသတ်တွေရဲ့အမြင်နဲ့ အတူ အနုပညာရှင်တချို့ရဲ့ သုံး သပ်ပြောကြားမှု အသံတွေ လည်း ကြားနေရပြီး အဲဒီအသံတွေကို ယွန်းယွန်းကိုယ်တိုင်ကော ကြား ဖြစ်လားလို့မေးတော့ အဲဒီလိုမျိုး comment တွေကြားတော့ ကြားနေရပါတယ်။ အကယ်ဒမီ ရတာ၊ မရတာထက် ကိုယ့်ကို သင်ကြားခဲ့တဲ့ ဆရာတွေနဲ့ ကြည့်ခဲ့ကြတဲ့ ပရိသတ်တွေက ကျေနပ်တယ်ဆိုရင်ပဲ လုံလောက် နေပါပြီ။

တကယ်တော့လည်း အမှန်အတိုင်းပြောရရင် ကလေးသရုပ်ဆောင် အကယ်ဒမီဆုကို လိုချင်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ဘဝသက်တမ်း တစ်လျှောက်လုံးမှာ ကလေးသရုပ် ဆောင်အကယ်ဒမီဆုကို မမီခဲ့ဘူးလေ။ ပြီးတော့ အခုအချိန် မှာလည်း ကလေး သရုပ်ဆောင် အရွယ် သက်တမ်းကာလက တဖြည်းဖြည်းနဲ့ ကုန်တော့မယ်လေ။ ” လို့ ပြောပါတယ်။

” လက်ပံကိုကျတော့ ဆင်းန် ပေါ်ရောက်မှပဲ mood ထည့်ရတယ်။ဒါပေမဲ့ ပြန်ထွက်လာတော့ လက်ပံထဲကပါးရိုက်ခန်းတွေ ကို ကျေနပ်တယ်။ ဒါပေမဲ့ တိမ်မင်းသမီးမှာတော့ ပါးရိုက်ခန်းတွေကို သိပ်မကျေနပ်မိဘူး။ နှစ်ကားမှာ ကာရိုက်တာသုံးမျိုး ပေါ့။အဲဒီသုံးခုစလုံးက ကွဲပြား တယ်။ တစ်ခုမှမလုပ်ဖူးတဲ့ ပုံစံ တွေဆိုတော့ အခွင့်အရေး ရလာတဲ့အချိန် အကောင်းဆုံး ကြိုး စားခဲ့တယ်။တိမ်မင်းသမီးထဲမှာ က နူးနူးညံ့ညံ့ကောင်မလေးပုံနဲ့ ခက်ထန်ထန်ပုံစံတွေကတော့ ကျန အသ ဖြစ်နေတော့ သိပ်မခက်ခဲ ဘူးလို့ ပြောရမယ်။

လက်ပံကျ တော့ နူးနူးညံ့ညံ့လေးကနေ ပြီးမှရဲရဲရင့်ရင့်ဖြစ်အောင် ကြိုးစားပြီးလုပ်သွားရတဲ့ ကာရိုက်တာဆိုတော့ ပိုပြီးခက်ပါတယ်” လို့ ပြောပြပါတယ်။

လက်ပံနဲ့ တိမ်မင်းသမီး ထဲက ကိုယ်နဲ့အတူ သရုပ်ဆောင် ခဲ့ကြတဲ့ အနုပညာရှင်တွေကိုကော ဘယ်သူတွေ အကယ်ဒမီ ရမယ်လို့ ကြားပြီး ယွန်းယွန်း ကိုယ်တိုင်ကော ဘယ်သူတွေကို ရစေချင်သလဲလို့ မေးဖြစ် တော့ ” မမဖွေးဖွေးရော၊ မမနဝရတ်ကိုရော ရစေချင်ပါ တယ်။ ဒါရိုက်တာထဲမှာတော့ ဦးဝိုင်းကို ရစေချင်ပါတယ်။ ဇာတ်ပို့ထဲမှာတော့ အန်တီစိုး မြတ်သူဇာကို ရစေချင်ပါတယ်” လို့ ယွန်းယွန်း ကပြောပါ တယ်။


ထက်လူလူ


LEAVE A REPLY

Please enter your comment!
Please enter your name here