စိုးမြတ်နန္ဒာ စပွန်ဆာပေးတဲ့ ဝတ်စုံနဲ့အကယ်ဒမီပွဲတက်မယ့် ရန်အောင်

0
344

403521_433819776665244_736773250_nကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ် ဆောင်နိုင်ပြီး ဒရာမာဇာတ်ကားသာမက ဟာသဇာတ်ကားတွေမှာလည်း ပရိသတ်တွေ ရဲ့ အားပေးမှုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရန်အောင် ကို အရင်ကဇာတ်ကားတွေရိုက်ကူးခဲ့တာနဲ့ ခု ဇာတ်ကားတွေ ရိုက်ကူးတာ ကွာခြားသွားတဲ့အချက်တွေရှိလားလို့ မေးကြည့်တော့ ရန် အောင်က_

“ဇာတ်လမ်း သဘော၊ စက်ပစ္စည်း၊ အိုင်တီ ပစ္စည်းတွေကအစ ကွာခြားသွားတယ်။ လွန်ခဲ့တဲ့ နှစ်၂ဝ၊ ၂၅နှစ်က ဆိုရင် ဇာတ်ကား တွေကို ခေါင်းခေါက်ပြီးရွေးချယ်ခဲ့တာ။ အခု တော့ ကိုယ့်ဆီ လာတဲ့ ဇာတ်ကိုအကောင်းဆုံး ဖြစ်အောင် လုပ်ရတယ်။ အဝတ်အစားကအစ ကိုယ်တိုင်ပဲရွေးချယ် ရတယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်အပြင် ဂီတဘက်မှာ အောင်မြင်ပြီး ပရဟိတအလုပ်ကိုလည်း ဦး ဆောင်လုပ်နေတဲ့ ရန်အောင်ကို ၉၂နှစ် ပြည့် မြန်မာ့ရုပ်ရှင်နေ့မှာ ဂုဏ်ပြုချီးမြှင့်ခံရ တဲ့အတွက် ဝမ်းသာပီတိစ ကားကို မေးကြည့် တော့ ရန်အောင်က_ 

“ဂုဏ်ပြုခံရလိမ့်မယ်လို့ မတွေးခဲ့မိဘဲချီးမြှင့်ခံရတော့ အံ့သြဝမ်းသာ ဖြစ်ရတယ်။ ဘာအကျိုးအမြတ်မှ မမျှော်ဘဲ လုပ်တာ။ ကိုယ် ကိုယ်တိုင်နဲ့ တိုင်းတာပြီး ဒီပရဟိတအဖွဲ့ကို ဖွဲ့လိုက်တာပါ။ ကျွန်တော် တို့က ဖျားနာနေမကောင်းရင် ဆေးရော၊ ဆရာဝန်ရော အပြည့်အစုံကိုရှိတာလေ။ ဒါပေမဲ့ သူတို့ မှာက သောက်ရမယ့်ဆေးတောင် အနိုင်နိုင်ဆိုတော့ အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်ပေး တာပါ။ သူတို့ဘဝတွေကို ကိုယ်ချင်းစာပြီး တော့အရေးပေါ်အဖွဲ့(ကရု ဏာ အသေင်္ချေ) ဆိုတဲ့ အဖွဲ့ ကိုဖွဲ့ပေးလိုက်တာ ပါ” လို့ ပြောပြခဲ့ပါတယ်။

မမျှော်လင့်ဘဲ ရခဲ့တဲ့အတွက် ရှေ့ဆက်လုပ်ရမယ့် အလုပ် တွေမှာ ခွန်အားတစ်ခုလို့ဖြစ်နိုင်မလား လို့ မေးကြည့်ေ တာ့ရန်အောင်က_

“ဒီဆုကို ဂုဏ်ပြု တဲ့အတွက် ရှေ့ဆက်ရမယ့်ခရီး အတွက် အားတစ်ခုပဲဆိုတာ မမှားဘူး။ ကျွန်တော်ရော၊မဆင့်(မေသန်းနု)ရော မမျှော်လင့်ကြဘူး။ ကျန်တဲ့အဖွဲ့ဝင်တွေရောပဲ။ဆုရတော့ ဝမ်း သာလွန်းလို့ လှူ လိုက်တဲ့အကျိုး ကျေးဇူးတွေပဲ လို့ထင်တယ်” လို့ ပြောပြခဲ့ပါတယ်။

ပရဟိတနဲ့ ပတ်သက်ပြီး ရန်အောင် အနေ နဲ့ ပရဟိတစိတ်ဓာတ်ရှိတဲ့လူငယ်တွေ အတွက် စကားလက်ဆောင် ပြောပြပေး ပါလို့ ဆိုတော့ ရန်အောင်က “ပရဟိ တစိတ် ဓာတ်ရှိတာ ချီးကျူးစရာပါ။ အလုပ်တစ်ခု လုပ်မယ်ဆိုရင် ဆန္ဒရှိဖို့လိုတယ်။ ဆန္ဒမှာ လည်းဘာအကျိုးရစေဆိုတာမျိုး မဟုတ်ဘဲ ငါသာအဲဒီနေရာမှာဆိုတဲ့ ကိုယ်ချင်းစာ စိတ်လေးထားစေချင်တယ်။ ဝေမျှပြီး ခံစား တတ်တဲ့လူဖြစ်ရင်ပရဟိတမဟုတ်ဘူး။ စကား လေးတစ်ခွန်းနဲ့လည်း တခြားလူတစ်ယောက် အတွက်ခွန်အားဖြစ်စေတာပါပဲ။ဒါကြောင့် ငါ ဆိုတဲ့ကိုယ်ချင်းစာစိတ်နဲ့လုပ် ပါ”လို့ ပြောပြခဲ့ပါတယ်။

၂ဝ၁၁အကယ်ဒမီအတွက် အဝတ် အစားနဲ့ ဒီဇိုင်းကို ဒါဒါ(စိုးမြတ်နန္ဒာ)က ပြုလုပ်ပေးမှာဖြစ်ကြောင်းကို ရန်အောင်က_ 

“ဒါဒါနဲ့ အွန်လိုင်းမှာတွေ့ ပြီး သူက အားလုံးကို လုပ်ပေးချင်တယ်ပြောလို့ ဒါဒါလုပ်ပေးမယ့်ဝတ်စုံနဲ့ ဒီနှစ်အကယ်ဒမီကိုတက်မယ်။ ဒီနှစ် အကယ်ဒမီက ရန်ကုန်မှာလုပ်မယ်ဆိုတော့ ရုပ် ရှင်လော ကသားတွေ၊သက်ကြီးရွယ်အို တွေ ပါလာမယ်၊ရောက်လာမယ်လို့လည်း ယုံကြည် ပါတယ်”လို့ ပြောပြခဲ့ပါတယ်။


ထူးထူး


LEAVE A REPLY

Please enter your comment!
Please enter your name here