တစ်နှစ်ခြားချည်း အကြွေးတွေတင်နေတော့ နည်းနည်းမြန်သွားအောင် ဝိုင်းဝန်းစဉ်းစားခြင်းဟု နှစ်နှစ်ပေါင်း အကယ်ဒမီလက်ကျန် ဖြတ်မည့် အစီအစဉ်အပေါ်ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ လူမင်းပြောကြား

0
258

394612_400558209991401_344138829_nအကယ်ဒမီ ထူးချွန် ဆုပေးပွဲကို ၂ဝ၁၁ ခုနှစ်နဲ့ ၂ဝ၁၂ ခုနှစ် နှစ်နှစ်ပေါင်း ပြုလုပ်မယ်လို့ လတ်တလောထွက်ပေါ်နေတဲ့ သတင်းများနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌဦးလူမင်းက_

”ဒါကကျွန်တော်တို့ စီစဉ်တင်ပြရမယ့် အဆင့်ပဲ ရှိပါသေးတယ်။ သေသေချာချာတော့ မဖြစ်သေးပါဘူး။ ဒီလို နှစ်နှစ်ပေါင်း ကျင်းပဖြစ်ရင်လည်း နစ်နာမှုတွေ မရှိနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကားအရေအတွက် နည်းတယ်။ ပြီးတော့ အမြဲတမ်း အကယ်ဒမီက အကြွေးကျန်တယ်လေ။ ဥပမာ၂ဝဝဝ ခုနှစ်မှာ ရုံတင်တဲ့ကားက ဆုရရင် ၂ဝဝ၂ ခုနှစ်မှ သွားရတယ်။ တစ်နှစ်ခြားချည်း အကြွေးတွေတင်နေတော့ နည်းနည်း မြန်သွားအောင် ၂ဝဝဝခုနှစ်မှာ ရိုက်တဲ့ကားက ၂ဝဝ၁ခုနှစ်မှာ ဆုရ၊ ပေးရင်အဲဒီ နှစ်မှာပေးပေါ့။ အဲဒီလိုဖြစ်အောင်ပါ။ ကားအရေအတွက် ကလည်း နည်းလို့ပါ။ ရွေးစရာကားလည်း မရှိသလောက် နည်းနေတော့ နစ်နာမှု မရှိနိုင်ဘူးလို့ ပြောတာပါ။ ဒီနှစ်ပေးမယ့် အကယ်ဒမီက အရင်နှစ်တွေ လိုပဲပြန်ကြားရေး ဝန်ကြီးဌာနက ဦးစီးပြီးကျင်းပမှာပါ။ အခုဒီလိုလုပ်မယ့် အစီအစဉ်ကလည်းဝိုင်းဝန်းပြီး စဉ်းစားတင်ပြတုန်းပဲ ရှိသေးတယ်။အတည်ပြုမပြုတော့ မသိသေးဘူး”လို့ ပြောပြခဲ့ပါတယ်။

တစ်နှစ်စာ တစ်နှစ်၊ နှစ်မကျော်ဘဲ နှစ်စဉ်အကယ်ဒမီ ပွဲဆင်နွှဲသွားနိုင် ဖို့အရေး ပထမဦးစွာ ၂ဝ၁၃နှစ်ဆန်းမှာ၂ဝ၁၁ခုနှစ်နဲ့၂ဝ၁၂ခုနှစ်တို့မှာ ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေနှစ်နှစ်စာပေါင်းပြီး အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်နိုင်ဖို့ ရည်ရွယ်ကြတာလို့ သိရပါတယ်။၂ဝ၁ဝခုနှစ်မှာ ရုံတင်ခဲ့တဲ့ ဇာတ်ကားများအတွက် အကယ်ဒမီဆု ချီးမြှင့်ပေးအပ်ပွဲကို အခုနှစ်၂ဝ၁၂၊ ဖေဖော်ဝါရီ၇ရက်နေ့မှာကျင်းပခဲ့ပါတယ်။

မေမွန်မောင်


LEAVE A REPLY

Please enter your comment!
Please enter your name here