“ပုိးအက်ႌ အဖြူပေါ်မှာငွေချည်နဲ့ အနက်ရောင်စပ်ပြီး နဂါး ပုံဖော်မယ့် နေမျိုးအောင်ရဲ့ အကယ်ဒမီ ပွဲတက်ဝတ်စုံ”

0
647

407472_304940429553180_107896430_nနေမျိုးအောင်က ဒီနှစ် အကယ်ဒမီပွဲတက် ဝတ်စုံကိုတော့ ထူးထူးခြားခြားလေး ပြင်ဆင် ထားပါတယ်။ ပိုး အင်္ကျီအဖြူပေါ်မှာ ငွေချည်နဲ့ အနက်ရောင် စပ်ပြီး နဂါးပုံ ဒီဇိုင်း လုပ်မှာဖြစ်ပါတယ်။ နေမျိုးအောင်က သူ့ရဲ့ဝတ်စုံမှာပဲ နဂါးပတ် မှာဖြစ်ပြီး ဇနီးဖြစ်သူ ဝတ်စုံကတော့ နဂါးပတ် မှာ မဟုတ်ကြောင်း ပြောပါတယ်။ နဂါးရဲ့ဦးခေါင်း ကိုတော့ ရင်အုပ်ပေါ်မှာ ထားမှာ ဖြစ်ပါတယ်။ ဒီလို ဒီဇိုင်းထွင် ချုပ်ဖြစ်ပုံကိုတော့ နေမျိုးအောင်က ”အစ်ကို့ရဲ့ပုပ္ပား နဂါးမောက်ခြံမှာ နဂါးတွေနဲ့ပဲ အလှဆင်ထားတယ်။ နောက် ‘နေမင်းသား နဂါးမောက်ခြံ’ ဆိုတဲ့ ခြံနာမည်ကလည်း စနေနံတွေ ချည်းပဲလေ။ ပြီးတော့ အစ်ကိုက နေမျိုးအောင် ဆိုတော့ စနေနံပဲလေ။ ဒါ ကြောင့် အစ်ကိုရဲ့ခြံကို ဦးတည် ပြီးတော့လုပ်လိုက် တဲ့ သဘောပါ။ အင်္ကျီကတော့ ချုပ်တုန်းပါပဲ။ နဂါးရုပ်ကတော့ ဒီဇိုင်နာ ကိုသန့်ဇင်ကို အပ်ထား တယ်၊၊ အိပ်မက်အရ လုပ်တာလည်း မဟုတ်ပါ ဘူး” လို့ပြောပါတယ်။


နေမျိုးအောင်က ပုပ္ပားမှာ ဟိုတယ်ဆောက်နေပြီး ဘန်ဂလို ဆောက်နေတာ ၆လုံး ရှိသွားပြီဖြစ်ပါတယ်။ ဆောက်လက်စတွေလည်း ရှိသေးတဲ့ အတွက် ဟိုတယ်လိုင်စင် အနေနဲ့ မရသေးဘဲ အင်းလိုင်စင် ကတော့ ရပြီဖြစ်ကြောင်း နေမျိုးအောင် ကပြောပါတယ်။ နောက် ၂လ၊ ၃လ လောက် နေရင်တော့ ပြီးသလောက်နဲ့ပဲ ဖွင့် ဖို့ စီစဉ်ထား ပါတယ်။ အပြီးအစီး ဆိုရင်တော့ ၂ဝ၁၂ ကုန်လောက်မှပဲ ဖွင့်ဖြစ်မယ်။ အခုဖွင့်ရင်တော့ အင်းအဆင့် အနေနဲ့ ဖွင့်လို့ရတယ်။ အစ်ကိုက ဟိုတယ်ကြီး ပုံစံလုပ်ထားတာပါ။ ပုပ္ပားဘက်ကို အစ်ကိုတို့ ကားရိုက်သွားပြီ ဆိုရင်တော့ မင်းသား၊ မင်းသမီးတွေ ခြံထဲမှာပဲ တည်းတယ်၊၊ တခြားဘက် မှာ စီးပွားရေး အနေနဲ့ ဟိုတယ် ဆောက်ဖြစ်ပေမယ့် လည်း အနုပညာ ဘက်ကိုတော့ လစ်ဟင်းမှု မရှိအောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း၊ အနုပညာသမား တစ်ယောက် အနေနဲ့ လည်း ကိုယ့်မိသားစု သားသမီးတွေ ရဲ့ နောင်ရေး အတွက် စီးပွားရေးဘက်ကို ခြေလှမ်းထားဖို့ လိုတယ်လို့ ထင်မိ ကြောင်း နေမျိုးအောင်ကပြောပါတယ်။


လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here