ဝါရင့် သရုပ်ဆောင် မို့မို့မြင့်အောင်က ဒီနှစ် အကယ်ဒမီ ဆုကို ပြေတီဦး၊ လင်းဇာနည်ဇော်၊ သက်မွန်မြင့်တို့ ရနိုင်မယ်လို့ ခန့်မှန်း ပေးပါတယ်။ ဒီနှစ် အကယ်ဒမီပွဲ ကိုလည်း တက်ရောက်မှာ ဖြစ်ပြီး အကယ်ဒမီ ပွဲတက်ဝတ်စုံ ကိုတော့ စဉ်းစားနေတုန်းပဲ လို့ပြောပါ တယ်။ အကယ်ဒမီပွဲ သွားတက်ရတဲ့ ခရီးကလည်း ဝေးတဲ့အတွက် ကိုယ် ပန်ချင်တဲ့ပန်းကို ဝယ်ဖို့ အချိန်မရတဲ့ အခက်အခဲ၊ ပစ္စည်းတစ်ခု မေ့ကျန်ခဲ့ရင်လည်း ပြန်လှည့်ယူဖို့ အဆင်မပြေတဲ့ အခက်အခဲလေး တွေတော့ ကြုံတွေ့ရကြောင်း မို့မို့မြင့်အောင် က ပြောပါ တယ်။ အကယ်ဒမီ ပွဲတက် အတွေ့အကြုံနဲ့ ပတ်သက်ပြီး မို့မို့မြင့်အောင်က…
“အစ်မ အကယ်ဒမီ ရတဲ့နှစ်က အစ်မ အမေ အသက်၉ဝ ရှိပြီ။ အစ်မ အကယ်ဒမီ ရတော့ အစ်မအမေကို ဟိုးဘက် အဝေးကြီးကို ပြေးခေါ်သွားရတယ်။ ပိမှာ စိုးလို့၊ ကိုယ့် အနုပညာသမား အချင်းချင်းက တစ်မျိုးပေါ့။ အပြင် လူတွေကပါ အများကြီး ရှိနေတယ်။ ကိုယ့်အချင်းချင်း ဓာတ်ပုံရိုက်ဖို့ အတွက် ကင်မရာတောင် ယူခွင့် မရှိဘူး။ ကင်မရာသမား လည်း ခေါ်ခွင့် မရှိဘူး။ ဓာတ်ပုံဆရာ ခေါ်ဖို့အတွက် နေပြည်တော်မှာ လျှောက်ရမယ် ဆိုတော့ ကိုယ်ရမယ်၊ မရမယ်မှန်း မသိတော့ မလျှောက်ရဲဘူး။ ကိုယ့်ပုံလေးတောင် အမှတ်တရ မရှိလို့ သူများဆီက လိုက်တောင်းယူရတယ်။ အကယ်ဒမီ ခန့်မှန်း စာရင်းထဲ ဝင်ရင်တော့ ကင်မရာသမား တစ်ယောက်တော့ ခေါ်ဖို့ သင့် တာပေါ့။ ကိုယ့် အတွေ့ အကြုံနဲ့ နောက် ကလေးတွေကို ဓာတ်ပုံလေး ရစေချင်တာကို ဆိုလိုတာပါ။ အစ်မမှာ အကယ်ဒမီ ငါးဆုနဲ့ ပုံကောင်းကောင်း မရှိဘူး။ ဒီမှာ ရိုက် တာနဲ့ မတူဘူးလေ။ ဟိုမှာ ပြုံးနေတဲ့ အပြုံးက ရင်တုန် လှုပ်ရှားပြီး စိတ်တွေလည်း ပင်ပန်း၊ ဆံပင် တွေ လည်း ရွေ့စောင်းနေတယ်။ ဘာပဲပြောပြော ရွေ့စောင်း ပါစေလေ။ အဲဒီ အမှတ်တရက အမှတ်တရ ပါပဲ။ အစ်မတို့က ပန်းတိုင် မထားဘူး။ မာရသွန် အပြေးသမားလို ပြေးနေမှ ရတယ်။ ဒါပေမဲ့ မှတ်တိုင်တော့ ထားရတယ်။ ဒါ ငါထူခဲ့တဲ့ မှတ် တိုင်ပဲ။ ငါဒီမှာ ဒီမှတ်တိုင် အနုပညာ တစ်ခု ယူခဲ့တယ်။ နောင်လာ နောက်သားတွေကို ပြဖို့အတွက် ဘွဲ့ရတဲ့ လူတောင် ဘွဲ့ဓာတ်ပုံ ချိတ်သေးတာပဲ။ ဒါ တစ်နိုင်ငံလုံး ကရော၊ ပရိသတ်တွေက ရောပေးတဲ့ အကယ်ဒမီ ဆိုတော့ ဓာတ်ပုံလှလှလေး ချိတ်ချင်တာပေါ့။ ဖုန်းလည်း ယူခွင့်မပေးဘူး၊ လက်သည်း ညှပ်တောင် ယူခွင့် မရလို့ ထားခဲ့ ရတယ်” လို့ အကယ်ဒမီပွဲ အတွေ့အကြုံ တွေကို ပြောပြပါတယ်။
ခိုင်ဝေလွင်