Queen အမှတ်တံဆိပ်ပါ အင်္ကျီများထုတ်လုပ်ရောင်းချပြီး ပရဟိတအလှူလုပ်မယ့် စန္ဒီမြင့်လွင်

0
148

sandi-myint-lwin-2

စန္ဒီမြင့်လွင်က Queen MTV ကို ၂ဝ၁၇ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ ထွက်ရှိဖို့ စီစဉ်နေပါတယ်။ ဒီ Queen MTV ထွက်ရှိခြင်းအမှတ်တရအနေနဲ့ Queen လိုဂိုအမှတ် တံဆိပ်ပါခေါင်းစွပ်အင်္ကျီများနဲ့ တီ ရှပ်များ ထုတ်လုပ်ရောင်းချမှာဖြစ်ပြီး ရောင်းရတဲ့အမြတ်ငွေများကို ပရဟိတအလှူလုပ်သွားမှာ ဖြစ်ကြောင်း စန္ဒီမြင့်လွင်က ပြောပါတယ်။

” ဒီးဒီရဲ့ Queen အခွေလိုဂိုလေးနဲ့ အင်္ကျီတွေကို ပထမဆုံးအခွေဝယ်တဲ့ အယောက် ၅ဝ ဖြစ်ဖြစ် ၁ဝဝ ဖြစ်ဖြစ် လက်ဆောင်သတ်သတ်ပေးမယ်။ ဒီ တစ်ခေါက်ကွာလတီ ကောင်းကောင်းလေးထုတ်မယ်။ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေ အကုန်လုံးအတွက် အမှတ်တရ Collection တစ်ခုအနေနဲ့ ရောင်းပေးမယ်။ ဒီအခွေထွက်တဲ့ အနေနဲ့ ရောင်းချမှာပါ။ နောက် အမြဲတမ်း ရောင်းချင်မှလည်း ရောင်းမယ်။ ရောင်းရတဲ့ရည်ရွယ်ချက်ကတော့ ပရိသတ်တွေ သူငယ်ချင်းတွေနဲ့ အလှူတစ်ခုလုပ်ချင်လို့ပါ။ စီးပွားရေးလုပ်တာ လုံးဝမဟုတ်ပါဘူး။ အမြတ်လည်းလုံးဝမယူဘူး။ ဒီးဒီနဲ့ သူငယ်ချင်း တစ်ယောက်နဲ့ တွဲလုပ်တာ၊ အရင်း ကိုဖယ်ပြီး ရောင်းရတဲ့ အမြတ်ငွေ အားလုံးကို ကလေးသူငယ်တွေအ တွက်ပဲဖြစ်ဖြစ်၊ HIV/AIDS ဖြစ်နေတဲ့ ကလေးတွေအတွက်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် တခြားပရဟိတကျောင်းတွေမှာပဲဖြစ်ဖြစ် အလှူတစ်ခု လုပ်သွားမှာပါ၊ အင်္ကျီကိုလှူဖို့အတွက် ရောင်းတာမျိုးမဟုတ်ဘဲနဲ့အမြဲတမ်း တစ်သက်လုံးဝတ်လို့ ရတဲ့ကွာလတီမျိုးဖြစ်အောင် ထုတ်မယ်။ ဈေးလည်း တအားမများဘဲ သူများတွေ ရောင်း တဲ့ ဈေးအတိုင်းပဲ ရောင်းသွားမှာပါ” လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here