အနုပညာနဲ့၊ စီးပွားရေး ဘယ်အရာကို ဦးစားပေးလုပ်ဖြစ်မလဲ မြူလင်းကိုကို

0
221

myu-lin-ko-ko-1

သြစတြေးလျနိုင်ငံမှာ စီးပွားရေး ကျောင်းတက်နေတဲ့ မြူလင်းကိုကိုဟာ ပထမနှစ်တက်ရောက်ပြီးပြီဖြစ်တာမို့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ရောက်လာ ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တစ်လခွဲလောက်နေထိုင်ပြီးရင်တော့ ဒုတိယနှစ်တက်ရောက်ဖို့ အတွက် သြစတြေးလျကို ပြန်ရမှာဖြစ်ပါတယ်။ စီးပွားရေးပညာရပ်ကို စိတ်ဝင် စားတဲ့အတွက်သာ စီးပွားရေးကျောင်းကို ကိုယ်တိုင်ရွေးချယ်ပြီးတက် ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ မြူလင်းကိုကိုကတော့ သြစတြေးလျကနေ စီးပွားရေးဘွဲ့ရပြီးသွားရင်တော့ စီးပွားရေးကိုလုပ်ဖြစ်ဖို့ရာ ခိုင်နှုန်းများ ပေမယ့်လည်းကျောင်းတက်ရဦးမယ့် အချိန်တွေအတွင်းမှာ အမေဖြစ်သူနဲ့ ဆွေးနွေးတိုင်ပင်ပြီးအနုပညာအလုပ်နဲ့ စီးပွားရေး အလုပ်ဘယ်အရာကို ဦးစားပေးဖြစ်မလဲဆိုတာကို သေချာဆုံးဖြတ်ချက်ချမယ်လို့ဆိုပါတယ်။

” ကျောင်းက နောက်ထပ်နှစ်နှစ်ကျော်လောက် တက်ရောက် ရပါဦးမယ်။ အခြားတိုင်းပြည်မှာဆိုတော့ ကြောက်တော့ကြောက်တယ်။ ညီမက အခန်းဖော်ကောင်မလေးနဲ့ အတူနေတယ်။ အဆောင်မှာ နေတာပေါ့။ ညီမက သရဲလည်းကြောက်တတ်တယ်လေ။ သူ အဆောင် ပြန်နောက်ကျတဲ့ နေ့တွေ ဆိုရင် အောက်ထပ်က Lobby မှာပဲ ည၂နာရီ လောက်အထိ ထိုင်စောင့် ခဲ့ရတာတွေရှိတယ်။ သရဲကြောက်တယ်လေ (ရယ်လျက်)။ သရဲခြောက်ခံရတာတော့မရှိပေမယ့် ကိုယ်ကကြောက် တာကိုး(ရယ်လျက်)။ အခြားတိုင်းပြည်မှာနေတော့ အခက်အခဲဆိုတာ တော့ရှိပါတယ်။ ယဉ်ကျေးမှုတွေတော့ မတူပေမယ့်နေထိုင်ရတာ အဆင်ပြေပါတယ်။ လွတ်လွတ်လပ်လပ်နဲ့လည်းနေထိုင်လို့ရပါတယ်” လို့ မြူလင်းကိုကိုက ပြောပါတယ်။ စီးပွားရေးကျောင်းကို တက်ရောက်ပြီး နောက်မှာရည်ရွယ်ချက် တွေက ပိုမိုခိုင်မာလာနေခဲ့တာမို့ ပညာရေးကို ဆုံးခန်းတိုင်အောင် လျှောက် လှမ်းပြီးတာနဲ့အမေဖြစ်သူနဲ့ တိုင်ပင်ပြီးရှေ့ဘဝခရီးကိုဆက်လှမ်းသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထက်လူ
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here