လင်းဇာနည်ဇော်က သူတအားချစ်ရတဲ့သမီးလေး (မြူလင်းကိုကို)ဟာ သြစတြေးလျပညာတော်သင်ကနေ မြန်မာနိုင်ငံကို ခေတ္တပြန်ရောက် လာတာမို့ တအားပျော်ရွှင်နေတာကိုတွေ့ရပါတယ်။ မိခင်တစ်ဦး ဖြစ်တဲ့အတွက် သမီးလေးဖြစ်သူကို တစ်ဦးတည်းပြည်ပနိုင်ငံကို မလွှတ်ချင်ပေမယ့်လည်း လွှတ်ရတဲ့အကြောင်းအရင်းတော့ ရှိလာပါတယ်။
” ပွင့်ပွင့်လင်းလင်းပြောရရင် အစ်မမှာက ဒီသမီးလေးတစ်ယောက်တည်းရှိတာ။ မလွှတ်တော့ မလွှတ်ရက်ဘူး။ သမီးလေး က အစ်မအတွက် အားတစ်ခုပဲ။ ဒါပေမဲ့ အစ်မက အခုအသက် ၄ဝ ကျော်နေပြီလေ။ အခုအချိန်အထိ မိဘရင်ငွေ့ကို ခိုလှုံ နေဆဲဖြစ်တဲ့အတွက် ကလေးတစ်ယောက်လိုပဲ ဖြစ်နေတုန်း လေ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်တောင်မှ ဃသည်ငိနညခန မရှိနိုင်ဘူးဖြစ်နေတယ်။ ဒီတော့ ကိုယ့်ရဲ့ သမီးလေးကလည်း ဒီလိုမျိုးလိုက်နေရင် အစ်မတို့လိုမျိုးပဲ ဖြစ်နေမှာပဲလေ။ ပြည်ပနိုင်ငံကို လွှတ်လိုက်ခြင်းအားဖြင့် နံပါတ်တစ်ပြောရ ရင် သူအိမ်မှာလိုမျိုး ကလေးလုပ်လို့မရတော့ဘူး။ ခါတိုင်း ဆိုရင် သူကအိမ်မှာနေရင်ရေတောင်ကိုယ့်ဘာသာ ကိုယ်ထ မသောက်တတ်တဲ့ကလေးက ပထမတစ်ခေါက်ပြန်လာတဲ့ အချိန်မှာအိမ်မှာရှိတဲ့အိမ်သာတွေ အကုန်ဆေးကြောသန့် စင်လာတယ်။ အဲဒီလောက်အထိကို ပြောင်းလဲသွားတယ်။ အစ်မတို့ကလည်း သူ့ကို ပြောင်းလဲစေချင်လို့ လွှတ်တာပါ။ အစ်မတို့ရဲ့ မျက်ကွယ်မှာ သူရောက်နေပေမယ့်လည်း အစ်မတို့နဲ့က အမြဲအဆက်အသွယ်ရှိတယ်။ အစ်မက သူ့အမေဆိုပေမယ့်လည်း သူ့အပေါ်ကို ညီမလိုတစ်မျိုး၊ သူငယ်ချင်းလိုတစ်မျိုး၊ အမေလိုတစ် မျိုးပေါ့။ အဲဒီလိုဆက်ဆံတယ်” လို့ လင်းဇာနည်ဇော်က ပြောပြ ပေးပါတယ်။
ထက်လူ
ဓာတ်ပုံ- မင်းမင်းထွန်း