မင်းသား Harry နဲ့အတူ HIV ရှိမရှိ သွေးအစစ်ဆေးခံခဲ့တဲ့ Rihanna

0
128

hiv-test-550x367

နိုင်ငံတကာ ပေါ့စတားက အိမ်ရှေ့မင်းသား Harry နဲ့အတူ ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် HIV ရှိမရှိ သွေးစစ်ဆေးတဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီပွဲကို Rihanna ရဲ့ မွေးရပ်မြေမှာ ပြုလုပ်ခဲ့ပြီး သူတို့နှစ်ဦးက လူအများရှေ့မှာ ကိုယ်တိုင်သွေးအစစ်ခံခဲ့ကြပါတယ်။ မနက်က မင်းသား ကပြောတော့ သွေးဖောက်ရင်နာမယ်လို့ပြောခဲ့တယ်လေ။ အခုကတော့ မင်းသားထင်သလို မနာပါဘူးလို့ မင်းသားကို စနောက်ခဲ့ပါသေးတယ်။

သူတို့ရဲ့ စစ်ဆေးချက်က Negative ထွက်ခဲ့ပြီး မင်းသား Harry က သွေးစစ်ပြီး ရောဂါရှာဖွေဖို့ဆိုတာ ဘယ်လောက်အရေးကြီးလဲဆိုတာ အသိပညာပေးချင်နေ ပုံရပါတယ်။ မင်းသားက မနှစ်က HIV /AIDS ကာကွယ်ရေးအဖွဲ့ အစည်းမှာ ပါဝင်ခဲ့ပြီး အခုလို စစ်ဆေးတာက သူ့ရဲ့ ပထမဆုံး စစ်ဆေးမှုတော့ မဟုတ်ပါဘူး။

ဇူလိုင်လတုန်းက မင်းသား Harry ဟာအစစ်ဆေးခံခဲ့ပြီး အခုလို ပြောခဲ့ပါတယ်။ “အခုလို အစစ်ဆေးခံရတာ ဘယ်လောက်တောင် လွယ်ကူပြီး မြန်ဆန်လိုက်သလဲ။ မင်းဟာ ယောကျာ်း (သို့) မိန်းမ (သို့)၊ အခြောက် (သို့)လူဖြူ၊ လူမည်းဖြစ်နေရင်တောင် ဘာလို့ အစစ်ဆေးခံဖို့ မလာကြတာလဲ” လို့ လှုံ့ဆော်ခဲ့ပါတယ်။ ဇူလိုင် အကုန်မှာတော့ မင်းသား Harry က Coldplay လို့ အမည်ရတဲ့ ကုသိုလ်ဖြစ် ရန်ပုံငွေရှာပွဲလေးကို ဦးစားဆောင်ရွက်ခဲ့တယ်။ ရန်ပုံ ငွေရှာပွဲလေးက တောင်အာဖရိကမှာ HIV ၊ AIDS ခံစားနေရတဲ့ ကလေးငယ်တွေကို ကူညီစောင့်ရှောက်ဖို့ဖြစ်ပါတယ်။ အခုချိန်မှာ ကလေးငယ်တွေက HIV ရောဂါရှိမရှိ အစစ်ဆေးခံဖို့အတွက်ကြောက်ရွံ့နေဖို့ မလိုတော့ပါဘူး ။ ရောဂါခံစားနေရတဲ့ကလေးတွေကိုလည်း အများတန်းတူ ဆက်ဆံဖို့လိုအပ်သလို ထပ်မံ မပျံ့နှံ့အောင်လည်းတားဆီးဖို့လိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here