Grammy Awards ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ Beyonce

0
211

beyonce-formation-compressed

၅၉ကြိမ်မြောက် Grammy ဆန်ခါတင်ဆုစာရင်းတွေကို ဒီဇင်ဘာလ ၆ ရက် အင်္ဂါနေ့က ကြေညာသွားပါတယ်။ ဆုစာရင်းတွေအရ Meghan Trainor က Best New Artist ၊ Record of the year ၊ song of the year ဆုတွေထဲမှာ ဆန်ခါတင်အဖြစ်ပါဝင်နေပါတယ်။

အားလုံးကို ခြုံကြည့်ရရင် Beyonce က ဆု ၉ ဆုရဲ့ ဆန်ခါတင်စာရင်းထဲမှာပါဝင်နေတယ်လို့သိရပါတယ်။ ဆု၉ခုက Song of the year ၊ Album of the year၊ Record of the year ၊ Best pop solo performance ၊ Best Music Video နဲ့ Music Film တို့ ဖြစ်ပါတယ်။ Beyonce က Grammyရဲ့ သမိုင်းမှာ ဆု ၉ ဆု စာရင်းဝင် သူအဖြစ် ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Drake ၊ Rihanna နဲ့ Kanye West တို့က Beyonce ရဲ့ နောက်ကပဲ ဆုစာရင်း ၈ ခုနဲ့ လိုက်နေပြီး ရက်ပါ Chance ကတော့ ဆု ၇ ခုစာရင်းဝင်ခဲ့ပါတယ်။ James Corden က ၂ဝ၁၇ ခုနှစ် Grammy Awards မှာ တင်ဆက်သူအဖြစ် ပါဝင်မှာဖြစ်သလို CBS က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တနင်္ဂနွေ ည ၈ နာရီမှာ တိုက်ရိုက်လွှင့်ပေးမှာပါ။ ဆုပေးပွဲကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။


LEAVE A REPLY

Please enter your comment!
Please enter your name here