၇၁ နှစ်တိုင် သက်ရှည်ကျန်းမာစွာနေထိုင်နည်းအကြောင်း ဒါရိုက်တာ ကြည်စိုးထွန်းပြောပြ

0
236

15403174_1001247023354250_894034395_n-copy

   “ကျွန်တော့် မွေးနေ့ရောက်တိုင်း ကျွန်တော်နေတဲ့ မြောက်ဒဂုံမြို့ နယ်အတွင်းက စာရေးဆရာ၊ ဆရာမတွေကို ဖိတ်ကြားပြီး မုန့် ဟင်းခါး ၊ ကော်ဖီ၊ မုန့်တွေ ကျွေးမွေး ပါတယ်။ အားလုံးလာနိုင်ပြီး နံနက် စာ စားကြရင်း ပျော်ပျော်ပါးပါး စကားပြောနိုင်ကြဖို့ပါ။ ၁ဝနှစ်ပြည့် သွားပါ ပြီ” လို့ဆိုတဲ့ ဒါရိုက်တာ ကြည် စိုးထွန်းက သူ့ရဲ့ အသက်၇၁နှစ် ပြည့်မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ၉ရက် မွေးနေ့ကိုလည်း အစဉ်အလာ မပျက်  ကျင်းပခဲ့ပြန်ပါတယ်။ အသက် ၇၁နှစ်အရွယ်အထိ ကျန်းကျန်းမာ မာနဲ့နေနိုင်တာ မင်္ဂလာတစ်ပါးပါပဲ။ ဒီအသက်အရွယ်အပိုင်း အခြား တစ်ခုမှာ ဆရာဘယ်လိုနေထိုင်ပြုမူ ရသလဲလို့ မေးဖြစ်တော့…

15423766_1001246960020923_405259616_n-copy

“လမ်းလျှောက်တယ်။ လမ်း လျှောက်တာ သိပ်ကောင်းတာပဲ။ တုတ်ကောက်လေးတစ်ချောင်းပဲလို တယ်။ လမ်းလျှောက်တာကို အကြံ ဥာဏ်ပေးချင်တယ်။ နောက်တစ်ခုက ကျတော့ ဆရာကွသူ် လည်းရိုက် တယ်။ အသက်၆၆နှစ်မှာ အစာအိမ် ကင်ဆာဖြစ်တယ်။ လူတိုင်း ကတော့ သေပြီပဲထင်တာပေါ့။ သို့သော် စိတ် ဓာတ်ကတော့ထားတာပေါ့။ နောက် ပြီးတော့ တရားလည်းထိုင်နိုင်တယ်။ တရားထိုင်တာ၊ လမ်းလျှောက်တာက တော့ အကောင်းဆုံးနည်းလမ်းလို့ ထင်တယ်” လို့ သူက ပြောပါတယ်။  မွေးနေ့မှာပဲ ဒါရိုက်တာကြည်စိုး ထွန်းက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်အတွက် မှန်ဗီ ရိုတစ်လုံးနဲ့ရုပ်ရှင်ဇာတ်ကား(VHS+ DVD) များ လှူဒါန်းခဲ့ပါသေးတယ်။

သတင်း၊ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here