ရန်ကုန်တိုင်းဒေသကြီး အတွက်လာမည့် ဘဏ္ဍာနှစ် ဘတ်ဂျက်လျာထားချက် လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

0
222

အစိုးရသစ်လက်ထက် ပထမ ဆုံးရေးဆွဲသော ရန်ကုန်တိုင်း ဒေသကြီး၏လာမည့်ဘဏ္ဍာနှစ် အတွက် ရသုံးမှန်းခြေငွေစာရင်းလျာ ထားချက်သည် ပြည်သူကို ဗဟို မပြုသည့်အပြင် လွှတ်တော် ကိုယ်စားလှယ်များကိုပင် ဗဟိုပြု ခြင်းမရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အများစုကဝေဖန်ပြောကြားကြ သည်။

ထိုသို့ဝေဖန်မှုများကြောင့်  အဆိုပါလျာထားချက်ကိုပြန်လည် ပြင်ဆင်သွားမည်ဖြစ်ကြောင်း  တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ဝန်ကြီးဦးမြင့်သောင်းကပြောသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုတင်သွင်းခဲ့သော ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ်ရသုံးမှန်းခြေငွေစာရင်းကို ဒီဇင်ဘာလ ၈ ရက်နေ့ တတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး (၂ဝ) ရက် မြောက် နေ့တွင် လွှတ်တော်ကိုယ်စား လှယ် (၁၉) ယောက်ကဆွေးနွေးခဲ့ပြီး ကိုယ်စားလှယ်အားလုံးနီးပါး က တင်ပြပါလျာထားချက်သည် ဆွေးနွေးရန် အချိန်နည်းလွန်းခြင်း၊ မလိုအပ်ဘဲ ဘတ်ဂျက်တောင်းခံထား သောကိစ္စရပ်များပါဝင်နေပြီး တချို့စီမံကိန်းများသည်လည်း ဘတ်ဂျက်တောင်းခံမှုပမာဏများ လွန်းခြင်းတို့ ရှိနေကြောင်း လွှတ် တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ ကြသည်။

“တချို့လမ်းတွေဆိုရင် ခင်းပြီးသားတွေရှိတယ် ခင်းဖို့ မလို တာတွေ တင်ထားတယ်။ ပြီးတော့ ခုံးကျော်တံတားတွေဆိုရင် သန်း တစ်ထောင်တောင် တင်ထားတယ်၊ ပြီးခဲ့တဲ့နှစ်ကမှ သန်းနှစ်ရာပဲတင်တာ အခုမှ ဘယ်လိုဖြစ်လို့ ဈေးတွေ ကောက်တက်ကုန်လဲမသိဘူး ဒီလို ကိစ္စတွေကမဖြစ်သင့်ဘူး၊ ပြန်လျှော့ ရမယ်” ဟု သင်္ဃန်းကျွန်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးနေဘုန်း လတ်ကပြောပါသည်။

ထို့အပြင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဝန်ကြီးဦးမြင့် သောင်းတင်ပြခဲ့သော ရန်ကုန်တိုင်း ဒေသကြီးအတွက် ၂ဝ၁၇ – ၂ဝ၁၈ ရသုံးမှန်းခြေငွေစာရင်းလျာထား ချက်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင် သာယာဌာနများ၏ ဌာနဆိုင်ရာ အဆောက်အအုံများဌားရမ်းခများ သည် ပြင်ပပေါက်ဈေးနှင့် အနီးဆုံး ဖြစ်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ပြည် သူ့ ငွေစာ ရင်းကော်မတီကအကြံပြုပြောကြား ခဲ့သည်။

“မြို့နယ်အသီးသီးမှာ လုပ် ဆောင်မယ့် လမ်းတံတားအသီးသီး ကိုထည့်သွင်း ထားတာတွေ့ရ ပါတယ်။ ဒါပေမဲ့ စမ်းချောင်း မြို့နယ် အတွက် လမ်းတစ်လမ်း မှကို မပါပါဘူး။ လမ်းလုပ်ငန်းတစ်ခုမှ မပါတာကို အံအားသင့်ဖွယ်ရာတွေ့ ရပါတယ်။ ရေနုတ်မြောင်းလုပ်ငန်း လည်းမပါပါဘူး စမ်းချောင်းမြို့ နယ် ထဲလမ်းမရှိဘူးလားလို့ တောင်ထင်ရ ပါတယ်၊ လျာထားချက်ထဲမတွေ့ ပါဘူး”ဟုစမ်းချောင်းမြို့ နယ်မဲ ဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးသော်တာအောင်က ပြောသည်။

ဖြိုးထက်အောင်


LEAVE A REPLY

Please enter your comment!
Please enter your name here